YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 21:12-27

ရှင်မဿဲ 21:12-27 JBMLE

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌​ရောင်း​ဝယ်​သော​သူ အ​ပေါင်း​တို့​ကို နှင်​ထုတ်၍၊ ငွေ​လဲ​သော​သူ​တို့၏ ခုံ​များ​ကို​လည်း​ကောင်း၊ ချိုး​ငှက်​ရောင်း​သော​သူ​တို့၏ ထိုင်​နေ​ရာ​ကို​လည်း​ကောင်း တွန်း​လှဲ​တော်​မူ​လျက်၊- ငါ့​အိမ်​ကို ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သော်​လည်း၊ သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း ဖြစ်​စေ​ကြ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ဗိ​မာန်​တော်၌ မျက်​စိ​ကန်း​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့​လာ၍ သူ​တို့ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။- ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​ကို​လည်း​ကောင်း၊ သူ​ငယ်​တို့​က​လည်း၊ ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း​ဟု ဗိ​မာန်​တော်၌ ကြွေး​ကြော်​ကြ​သည်​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကြား​မြင်​လျှင် အ​မျက်​ထွက်​ကြ၍၊- ဤ​သူ​တို့​သည် အ​ဘယ်​သို့​ပြော​ဆို​သည်​ကို ကြား​သ​လော​ဟု ယေ​ရှု​အား မေး​ကြ​လေ​သော်၊ ငါ​ကြား၏။ နို့​စို့​သူ​ငယ်​တို့ နှုတ်​ထဲ​မှ ကိုယ်​တော်​သည် ချီး​မွမ်း​ခြင်း​ကို ပြင်​ဆင်​တော်​မူ​သည်​ဟူ​သော စ​ကား​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ သူ​တို့​ကို​ထား​ခဲ့၍ မြို့​ထဲ​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ၍ ထို​ည​ကို လွန်​စေ​တော်​မူ၏။- နံ​နက်​အ​ချိန်၌ မြို့​သို့ ပြန်​စဉ်​တွင် ဆာ​မွတ်​တော်​မူ၏။- လမ်း​နား​မှာ သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​လျှင်၊ ထို​အ​ပင်​သို့​ကြွ​သွား၍ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊ ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၌​အ​သီး​မ​သီး​စေ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ ထို​အ​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​လေ၏။- တ​ပည့်​တော်​တို့​သည် မြင်​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု အံ့​ဩ၍ ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ယုံ​မှား​ခြင်း​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်၌ ပြု​သ​ကဲ့​သို့ သင်​တို့​ပြု​နိုင်​သည် သာ​မ​က၊ ထို​တောင်​ကို​ပင် နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌​ကျ​လော့​ဟု ဆို​လျှင် ဆို​သည်​အ​တိုင်း ဖြစ်​လိမ့်​မည်။- ယုံ​ကြည်​ခြင်း​ပါ​လျက် ပ​တ္ထ​နာ​ပြု၍ ဆု​တောင်း​သ​မျှ​တို့​ကို သင်​တို့​သည် ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ဗိ​မာန်​တော်​သို့ ဝင်​ပြန်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​စဉ်​တွင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော သူ​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ပြု​သ​နည်း။ ထို​အ​ခွင့်​ကို အ​ဘယ်​သူ​ပေး​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- ယေ​ရှု​က၊ ငါ​သည် တစ်​စုံ​တစ်​ခု​ကို မေး​ဦး​မည်။ သင်​တို့​ဖြေ​လျှင် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​ပြော​မည်။- ယော​ဟန်၏ ဗ​တ္တိ​ဇံ​တ​ရား​သည် အ​ဘယ်​က​ဖြစ်​သ​နည်း။ ဘု​ရား​က ဖြစ်​သ​လော။ လူ​က​ဖြစ်​သ​လော​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်၍ ဘု​ရား​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည် ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။- လူ​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင် လူ​များ​ကို​ကြောက်​ရ၏။ အ​ကြောင်း​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ၏​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊- အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ယေ​ရှု​အား ပြန်​ပြော​ကြ၏။ ကိုယ်​တော်​က​လည်း၊ ထို​အ​တူ ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​မ​ပြော။