YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 21:1-19

ရှင်မဿဲ 21:1-19 JBMLE

ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ချဉ်း၍ သံ​လွင်​တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​သို့ ရောက်​ကြ​သော​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊- သင်​တို့​ရှေ့၌​ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ၌ ချည်​နှောင်​လျက်​ရှိ​သော မြည်း​မ​နှင့် မြည်း​က​လေး​ကို သင်​တို့​သည် ချက်​ချင်း​တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို​ဖြည်၍ ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ။- သူ​တစ်​ပါး​သည် သင်​တို့​အား တစ်​စုံ​တစ်​ခု​ကို​ဆို​လျှင် သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့။ ထို​သို့ ပြော​လျှင် ထို​သူ​သည် ချက်​ချင်း​ပေး​လိုက်​မည်​ဟု မှာ​ထား​တော်​မူ၏။- ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ သင်၏ အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍၊- နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့​ဟု ဇိ​အုန်​သ​တို့​သ​မီး​အား ပြော​ကြ​လော့​ဟူ​သော ပ​ရော​ဖက်၏​နှုတ်​ထွက် ပြည့်​စုံ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။ တ​ပည့်​တော်​တို့​သည် သွား၍ အ​မိန့်​တော်​အ​တိုင်း ပြု​သ​ဖြင့်၊- မြည်း​မ​နှင့် မြည်း​က​လေး​ကို ဆောင်​ခဲ့၍ မြည်း​ကျော​ပေါ်​မှာ မိ​မိ​တို့​အ​ဝတ်​ကို တင်​ကြ​ပြီး​လျှင် ကိုယ်​တော်​သည် စီး​တော်​မူ၏။- အ​တိုင်း​မ​သိ များ​စွာ​သော​လူ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို လမ်း၌​ခင်း​ကြ၏။ အ​ချို့​တို့​သည် သစ်​ကိုင်း​သစ်​ခက်​များ​ကို ခုတ်၍ လမ်း၌​ခင်း​ကြ၏။- ရှေ့​နောက်​လိုက်​သွား​သော အ​ခြံ​အ​ရံ​များ​တို့​က ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- ယေ​ရု​ရှ​လင်​မြို့​သို့ ဝင်​တော်​မူ​သော​အ​ခါ တစ်​မြို့​လုံး အုတ်​အုတ်​သဲ​သဲ​ဖြစ်၍၊ ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊- လူ​အ​စု​အ​ဝေး​တို့​က၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့၌ ပေါ်​ထွန်း​သော ပ​ရော​ဖက်​ယေ​ရှု​ပေ​တည်း​ဟု ပြော​ဆို​ကြ၏။ ယေ​ရှု​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌​ရောင်း​ဝယ်​သော​သူ အ​ပေါင်း​တို့​ကို နှင်​ထုတ်၍၊ ငွေ​လဲ​သော​သူ​တို့၏ ခုံ​များ​ကို​လည်း​ကောင်း၊ ချိုး​ငှက်​ရောင်း​သော​သူ​တို့၏ ထိုင်​နေ​ရာ​ကို​လည်း​ကောင်း တွန်း​လှဲ​တော်​မူ​လျက်၊- ငါ့​အိမ်​ကို ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သော်​လည်း၊ သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း ဖြစ်​စေ​ကြ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ဗိ​မာန်​တော်၌ မျက်​စိ​ကန်း​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့​လာ၍ သူ​တို့ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။- ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​ကို​လည်း​ကောင်း၊ သူ​ငယ်​တို့​က​လည်း၊ ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း​ဟု ဗိ​မာန်​တော်၌ ကြွေး​ကြော်​ကြ​သည်​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကြား​မြင်​လျှင် အ​မျက်​ထွက်​ကြ၍၊- ဤ​သူ​တို့​သည် အ​ဘယ်​သို့​ပြော​ဆို​သည်​ကို ကြား​သ​လော​ဟု ယေ​ရှု​အား မေး​ကြ​လေ​သော်၊ ငါ​ကြား၏။ နို့​စို့​သူ​ငယ်​တို့ နှုတ်​ထဲ​မှ ကိုယ်​တော်​သည် ချီး​မွမ်း​ခြင်း​ကို ပြင်​ဆင်​တော်​မူ​သည်​ဟူ​သော စ​ကား​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ သူ​တို့​ကို​ထား​ခဲ့၍ မြို့​ထဲ​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ၍ ထို​ည​ကို လွန်​စေ​တော်​မူ၏။- နံ​နက်​အ​ချိန်၌ မြို့​သို့ ပြန်​စဉ်​တွင် ဆာ​မွတ်​တော်​မူ၏။- လမ်း​နား​မှာ သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​လျှင်၊ ထို​အ​ပင်​သို့​ကြွ​သွား၍ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊ ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၌​အ​သီး​မ​သီး​စေ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ ထို​အ​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။