YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 2:19-23

ရှင်မဿဲ 2:19-23 JBMLE

ဟေ​ရုဒ်​မင်း​ကြီး အ​နိ​စ္စ​ရောက်​သည်​နောက်၊ ယော​သပ်​သည် အဲ​ဂု​တ္တု​ပြည်၌ အိပ်​မက်​ကို​မြင်​ပြန်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊- သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို​ဆောင်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​တိုင်း​သို့ သွား​လော့။ သူ​ငယ်​တော်​ကို​သတ်​အံ့​သော​ငှာ ရှာ​သော​သူ​တို့​သည် သေ​ကြ​ပြီ​ဟု​ဆို​လေ၏။- ထို​အ​ခါ ယော​သပ်​သည် ထ၍ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​တိုင်း​သို့​သွား၍ ရောက်​သည်​ရှိ​သော်၊- ဟေ​ရုဒ်​မင်း​ကြီး၏​အ​ရာ၌ သား​တော်​အာ​ခေ​လ​သည် ယု​ဒ​ပြည်​တွင် မင်း​ပြု​ကြောင်း​ကို ကြား​ရ​လျှင်၊ ထို​ပြည်​သို့ မ​သွား​ဝံ့၍ အိပ်​မက်၌ ဗျာ​ဒိတ်​တော်​ကို​ရ​ပြန်​ပြီး​မှ ဂါ​လိ​လဲ​ပြည်​သို့​သွား၍၊- ခ​ရစ်​တော်​ကို နာ​ဇ​ရက်​လူ​ဟု ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟူ​သော ပ​ရော​ဖက်​တို့၏ နှုတ်​ထွက်​နှင့်​အ​ညီ၊ နာ​ဇ​ရက်​အ​မည်​ရှိ​သော​မြို့​သို့ ရောက်၍ အ​မြဲ​နေ​လေ၏။

​ရှင်မဿဲ 2:19-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။