YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 17:1-21

ရှင်မဿဲ 17:1-21 JBMLE

ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​ညီ ယော​ဟန်​တို့​ကို ခေါ်၍၊ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။- သူ​တို့​ရှေ့၌ ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ မျက်​နှာ​တော်​သည် နေ​ကဲ့​သို့ ထွန်း​တောက်​လျက်၊ အ​ဝတ်​တော်​သည် အ​လင်း​ကဲ့​သို့ ဖြူ​လျက်​ရှိ၏။- မော​ရှေ​နှင့် ဧ​လိ​ယ​သည် ထင်​ရှား၍ ကိုယ်​တော်​နှင့်​အ​တူ စ​ကား​ပြော​လျက် နေ​ကြ၏။- ထို​အ​ခါ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​လို​တော်​ရှိ​လျှင် အ​ကျွန်ုပ်​တို့​သည် ဆောက်​လုပ်​ပါ​မည်​ဟု လျှောက်​လေ၏။- ထို​သို့​လျှောက်​စဉ်​တွင်၊ ထွန်း​လင်း​သော​မိုး​တိမ်​သည် ထို​သူ​တို့​ကို လွှမ်း​မိုး၍၊ ဤ​သူ​သည် ငါ​နှစ်​သက် မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိုး​တိမ်​က အ​သံ​တော်​ဖြစ်​လေ၏။- တ​ပည့်​တော်​တို့​သည် ကြား​ရ​လျှင်၊ ပျပ်​ဝပ်၍ အ​လွန်​ကြောက်​လန့်​ခြင်း ရှိ​ကြ၏။- ယေ​ရှု​သည်​လာ၍ သူ​တို့​ကို လက်​နှင့် တို့​တော်​မူ​လျက်၊ ထ​ကြ၊ မ​ကြောက်​ကြ​နှင့်​ဟု မိန့်​တော်​မူ​သော်၊- သူ​တို့​သည် ကြည့်​မျှော်​သ​ဖြင့်၊ ယေ​ရှု​တစ်​ယောက်​တည်း မှ​တစ်​ပါး၊ အ​ဘယ်​သူ​ကို​မျှ မ​မြင်​ကြ။ တောင်​ပေါ်​မှ ဆင်း​ကြ​သော​အ​ခါ ယေ​ရှု​က၊ လူ​သား​သည် သေ​ခြင်း​မှ မ​ထ​မြောက်​မီ​တိုင်​အောင်၊ သင်​တို့ ယ​ခု​မြင်​သော ရူ​ပါ​ရုံ​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​ကြ​နှင့်​ဟု တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။- ထို​အ​ခါ တ​ပည့်​တော်​တို့​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ​ရ​မည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ပါ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊- ယေ​ရှု​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ၍ အ​လုံး​စုံ​တို့​ကို ပြု​ပြင်​ရ​သည် မှန်​ပေ၏။- ငါ​ဆို​သည်​ကား၊ ဧ​လိ​ယ ရောက်​လာ​ပြီ။ လူ​များ​သည် သူ့​ကို​မ​သိ​သ​ဖြင့် သူ့​အား​ပြု​ချင်​သ​မျှ​ကို ပြု​ကြ​ပြီ။ ထို​နည်း​တူ လူ​သား​သည်​လည်း ထို​လူ​များ​လက်၌ ခံ​ရ​မည်​ဟု မိန့်​တော်​မူ​သော်၊- ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ကို အ​မှတ်​ပြု၍ မိန့်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည် နား​လည်​ကြ၏။ လူ​အ​စု​အ​ဝေး​ရှိ​ရာ​သို့ ရောက်​ကြ​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍ ဒူး​ထောက်​လျက်၊ သ​ခင်၊- အ​ကျွန်ုပ်၏​သား​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ ဝက်​ရူး​နာ​စွဲ၍ ပြင်း​စွာ​ခံ​စား​ရ​ပါ၏။ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​တတ်​ပါ၏။- တ​ပည့်​တော်​တို့​ထံ​သို့ ဆောင်​ခဲ့၍ သူ​တို့​သည် ချမ်း​သာ​မ​ပေး​နိုင်​ကြ​ပါ​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- ယေ​ရှု​သည် သူ့​ကို​ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် သူ​မှ​ထွက်​သွား​သ​ဖြင့်၊ ထို​ခ​ဏ​မှ​စ၍ သူ​ငယ်​သည် ကျန်း​မာ​ပ​က​တိ ဖြစ်​လေ၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ယေ​ရှု​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ဆိုး​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း​ဟု လျှောက်​ကြ​သော်၊- သင်​တို့​သည် ယုံ​ကြည်​ခြင်း​မ​ရှိ​သော​ကြောင့် မ​နှင်​ထုတ်​နိုင်​ကြ။ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့​ဟု ဆို​ကြ​သော်၊ နေ​ရာ​မှ ရွေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင် သင်​တို့​မ​တတ်​နိုင်​သော​အ​မှု မ​ရှိ။- သို့​သော်​လည်း ဆု​တောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး အ​ဘယ်​သို့​သော​အား​ဖြင့်၊ ထို​အ​မျိုး​သည် မ​ထွက်​တတ်​ဟု မိန့်​တော်​မူ၏။

Video for ရှင်မဿဲ 17:1-21