YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 15:1-28

ရှင်မဿဲ 15:1-28 JBMLE

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သား ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ချဉ်း​ကပ်​ပြီး​လျှင်၊- ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​ကို ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​ပါ​သ​နည်း။ သူ​တို့​သည် လက်​မ​ဆေး​ဘဲ အ​စာ​စား​ကြ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို အ​မှီ​ပြု၍ ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။- ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကား၊ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ အ​ကြင်​သူ​သည် မိ​ဘ​ကို နှုတ်​ဖြင့်​ပြစ်​မှား၏၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ဟု​လာ​သ​တည်း။- သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို၊ သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု ဖြစ်​စေ​ဟု​ဆို၏၊- ထို​သူ​သည် ကိုယ်​မိ​ဘ​ကို​ပင် ရို​သေ​စွာ​မ​ပြု​ရ​ဟု ဆို၏။ ထို​သို့​သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို ပယ်​ကြ၏။- လျှို့​ဝှက်​သော​သူ​တို့၊ ဟေ​ရှာ​ယ​သည် သင်​တို့​ကို​ရည်​မှတ်​လျက် ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍ နှုတ်​ခမ်း​နှင့် ငါ့​ကို ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။- လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို သွန်​သင်၍ နည်း​ဥ​ပ​ဒေ​သ​ပေး​လျက်​ပင် ငါ့​ကို အ​ချည်း​နှီး​ကိုး​ကွယ်​ကြ၏​ဟု- နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လျောက်​ပတ်​စွာ ဟော​ခဲ့​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​ကို အ​ထံ​တော်​သို့​ခေါ်၍၊ သင်​တို့ နား​ထောင် နား​လည်​ကြ​လော့။- ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​သည် မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သော​အ​ရာ​သည် ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ယ​ခု​မိန့်​တော်​မူ​သော စ​ကား​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​သော​အ​ခါ စေ​တ​နာ​စိတ်​ပျက်​ကြ​သည်​ကို သိ​တော်​မူ​သ​လော​ဟု လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ၏​ခ​မည်း​တော် စိုက်​တော်​မ​မူ​သော အ​ပင်​ရှိ​သ​မျှ​တို့​ကို နှုတ်​ရ​လိမ့်​မည်။- ထို​သူ​တို့​ကို ရှိ​ပါ​လေ​စေ။ သူ​တို့​သည် လူ​ကန်း​တို့​အား လမ်း​ပြ​သော လူ​ကန်း​ဖြစ်၏။ လူ​ကန်း​ချင်း တစ်​ဦး​ကို​တစ်​ဦး လမ်း​ပြ​လျှင်၊ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ပေ​တ​ရု​က​လည်း၊ ထို​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား ဖွင့်​ပြ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ သင်​တို့​သည် ယ​ခု​တိုင်​အောင် ပ​ညာ​မဲ့​လျက် နေ​သေး​သ​လော။- ခံ​တွင်း​သို့​ဝင်​သ​မျှ​သည် ဝမ်း​ထဲ​သို့​ဆင်း၍ ရေ​အိမ်​တွင် စွန့်​ပစ်​သည်​ကို နား​မ​လည်​ကြ​သေး​သ​လော။- ခံ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ နှ​လုံး​ထဲ​က ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။- မ​ကောင်း​သော ကြံ​စည်​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ မ​မှန်​သော သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​ရာ​တို့​သည် နှ​လုံး​ထဲ​က ထွက်​လာ၍၊- လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​ကြ၏။ လက်​မ​ဆေး​ဘဲ​လျက် အ​စာ​ကို​စား​ခြင်း​မူ​ကား၊ လူ​ကို​ညစ်​ညူး​စေ​သည်​မ​ဟုတ်​ဟု မိန့်​တော်​မူ၏။ ယေ​ရှု​သည် ထို​အ​ရပ်​မှ​ထွက်၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​လျှင်၊- ခါ​နာန်​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​သည် ထို​နယ်​စပ်​မှ​ထွက်​လာ၍၊ ဒါ​ဝိဒ်၏​သား​တော်​ရှင်၊ ကျွန်​မ​ကို သ​နား​တော်​မူ​ပါ။ ကျွန်​မ၏​သ​မီး​သည် နတ်​ဆိုး​နှိပ်​စက်​ခြင်း​ကို ပြင်း​စွာ​ခံ​ရ​ပါ​သည်​ဟု ဟစ်​ကြော်​သော်​လည်း စ​ကား​တစ်​ခွန်း​မျှ ပြန်​တော်​မ​မူ။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ထို​မိန်း​မ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ငါ​တို့​နောက်​သို့ လိုက်၍ ဟစ်​ကြော်​လျက်​နေ​ပါ​သည်​ဟု တောင်း​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင် ပျောက်​လွင့်​သော သိုး​များ​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​ရှိ​ရာ​သို့ ငါ့​ကို​မ​စေ​လွှတ်​ဟု မိန့်​တော်​မူ၏။- ထို​မိန်း​မ​သည် ချဉ်း​ကပ်၍ ပျပ်​ဝပ်​လျက် ကျွန်​မ​ကို ကယ်​တော်​မူ​ပါ​သ​ခင်​ဟု လျှောက်​ပြန်​လျှင်၊- ကိုယ်​တော်​က၊ သား၏​အ​စာ​ကို​ယူ၍ ခွေး​အား​မ​ပေး​မ​ချ​အပ်​ဟု ပြန်​ပြော​တော်​မူ၏။- မိန်း​မ​က​လည်း မှန်​ပါ၏​သ​ခင်၊ ခွေး​မည်​သည်​ကား မိ​မိ​သ​ခင်၏ စား​ပွဲ​မှ​ကျ​သော စား​နုပ်​စား​ပေါက်​ကို စား​မြဲ​ထုံး​စံ​ရှိ​ပါ၏​ဟု လျှောက်​ပြန်​လျှင်၊- အို မိန်း​မ၊ သင်​သည် ယုံ​ကြည်​အား​ကြီး​လှ​ပြီ။ သင့်​အ​လို​ရှိ​သည်​အ​တိုင်း သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​မှ​စ၍ ထို​မိန်း​မ၏​သ​မီး​သည် ကျန်း​မာ​ပ​က​တိ​ဖြစ်​လေ၏။