YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 13:36-58

ရှင်မဿဲ 13:36-58 JBMLE

ထို​နောက်​မှ ယေ​ရှု​သည် လူ​အ​စု​အ​ဝေး​များ​ကို​လွှတ်၍ အိမ်​သို့​ဝင်​တော်​မူ​ပြီး​မှ၊ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ လယ်၌​ကြဲ​သော တော​မျိုး​စေ့၏ ဥ​ပ​မာ​အ​နက်​အ​ဓိ​ပ္ပာယ်​ကို အ​ကျွန်ုပ်​တို့​အား ဖော်​ပြ​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ ကောင်း​သော​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် လူ​သား​ဖြစ်၏။- လယ်​ကား ဤ​လော​က​ဖြစ်၏။ ကောင်း​သော​အ​စေ့​ကား နိုင်​ငံ​တော်​သား​ဖြစ်၏။ တော​မျိုး​စေ့​ကား နတ်​ဆိုး​သား​ဖြစ်၏။- တော​မျိုး​စေ့​ကို​ကြဲ​သော ရန်​သူ​ကား မာရ်​နတ်​ဖြစ်၏။ စ​ပါး​ရိတ်​သော​ကာ​လ​ကား ဤ​က​မ္ဘာ​ကုန်​သော​ကာ​လ ဖြစ်၏။ စ​ပါး​ရိတ်​သော​သူ​ကား ကောင်း​ကင်​တ​မန်​ဖြစ်၏။- တော​ပင်​တို့​ကို​ရွေး​နုတ်၍ မီး​ရှို့​သ​ကဲ့​သို့ ဤ​က​မ္ဘာ​အ​ဆုံး၌ ဖြစ်​လ​တ္တံ့။- လူ​သား​သည် မိ​မိ​ကောင်း​ကင်​တ​မန်​တို့​ကို စေ​လွှတ်​ပြီး​လျှင်၊ မှား​ယွင်း​စေ​သော​သူ​တို့​နှင့် မ​တ​ရား​သော အ​မှု​ကို​ပြု​သော​သူ ရှိ​သ​မျှ​တို့​ကို နိုင်​ငံ​တော်​ထဲ​က ရွေး​နုတ်၍၊- ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ မီး​ဖို၌​ချ​ကြ​လ​တ္တံ့။- ထို​အ​ခါ ဖြောင့်​မတ်​သော​သူ​တို့​သည် နေ​ထွန်း​လင်း​သ​ကဲ့​သို့ မိ​မိ​တို့​အ​ဘ၏ နိုင်​ငံ​တော်၌ ထွန်း​လင်း​ကြ​လ​တ္တံ့။ ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ။ တစ်​နည်း​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်၌​ဝှက်​ထား​သော​ဘ​ဏ္ဍာ​နှ​င့် တူ၏။ ထို​ဘ​ဏ္ဍာ​ကို​တွေ့​သော​သူ​သည် တစ်​ဖန်​ဖုံး​အုပ်၍၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သွား​ပြီး​လျှင်၊ ရ​တတ်​သ​မျှ​ကို ရောင်း၍ ထို​လယ်​ကို ဝယ်​တတ်၏။ တစ်​နည်း​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် မြတ်​သော​ပု​လဲ​တို့​ကို ရှာ​သော ကုန်​သည်​နှင့် တူ၏။- ထို​ကုန်​သည်​သည် အ​လွန်​အ​ဖိုး​ထိုက်​သော ပု​လဲ​ကို တွေ့​သော​အ​ခါ၊ သွား၍ မိ​မိ၌​ရ​တတ်​သ​မျှ​ကို ရောင်း​ပြီး​လျှင် ထို​ပု​လဲ​ကို ဝယ်​လေ၏။- တစ်​နည်း​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ပင်​လယ်၌​ချ၍ အ​မျိုး​မျိုး​သော​ငါး​တို့​ကို အုပ်​မိ​သော ပိုက်​ကွန်​နှင့်​တူ၏။- ငါး​နှင့်​အ​ပြည့်​ရှိ​သော​အ​ခါ တံ​ငါ​တို့​သည် ကုန်း​ပေါ်​သို့​ဆွဲ​တင်၍ ထိုင်​လျက်၊ ကောင်း​သော​ငါး​ကို ခြင်း​ထဲ​သို့ ရွေး​ချယ်​ထည့်​ထား၍၊ မ​ကောင်း​သော​ငါး​ကို ပြင်​သို့​ပစ်​လိုက်​ကြ၏။- ထို​နည်း​တူ က​မ္ဘာ​အ​ဆုံး၌ ကောင်း​ကင်​တ​မန်​တို့​သည် ဆင်း​လာ​ပြီး​လျှင်၊ ဖြောင့်​မတ်​သော​သူ​တို့​အ​ထဲ​မှ ဆိုး​သော​သူ​တို့​ကို နုတ်​ယူ​ခွဲ​ထား၍၊- ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ မီး​ဖို၌ ချ​ကြ​လ​တ္တံ့။ ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို သင်​တို့​သည် နား​လည်​ကြ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ နား​လည်​ပါ​ပြီ​သ​ခင်​ဟု တ​ပည့်​တော်​တို့​သည် လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ သို့​ဖြစ်၍ ကောင်း​ကင်​နိုင်​ငံ​တော်၏ အ​ကြောင်း​အ​ရာ​ကို သင်​ပြီး​သော​ကျမ်း​ဆ​ရာ မည်​သည်​ကား၊ မိ​မိ​ဘ​ဏ္ဍာ​ထဲ​က အ​ထူး​ထူး​အ​ပြား​ပြား​သော အ​သစ်​အ​ဟောင်း​တို့​ကို ထုတ်​ဖော်​သော​အိမ်​ရှင်​နှင့် တူ​သည်​ဟု မိန့်​တော်​မူ၏။ ထို​ဥ​ပ​မာ​စ​ကား​များ​ကို အ​ကုန်​အ​စင်​မိန့်​မြွက်​တော်​မူ​ပြီး​လျှင် ထို​အ​ရပ်​မှ​ကြွ​သွား​တော်​မူ၏။ ထို​နောက်​မှ မိ​မိ​မြို့​သို့​ရောက်​တော်​မူ၍ တ​ရား​ဇ​ရပ်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လေ၏။ မြို့​သား​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ​သ​ဖြင့်၊ ဤ​သူ​သည် ဤ​ပ​ညာ​ကို​လည်း​ကောင်း၊ ဤ​တန်​ခိုး​ကို​လည်း​ကောင်း အ​ဘယ်​မှာ​ရ​သ​နည်း။- သူ​သည် လက်​သ​မား​သား မ​ဟုတ်​လော။ သူ့​အ​မိ​ကား မာ​ရိ​အ​မည်​ရှိ​သည် မ​ဟုတ်​လော။ သူ့​ညီ​ကား၊ ယာ​ကုပ်၊ ယော​သေ၊ ရှိ​မုန်၊ ယု​ဒ​ဟု​ဆို​ကြ​သည် မ​ဟုတ်​လော။- သူ့​နှ​မ​များ​တို့​သည်​လည်း ငါ​တို့​နှင့် အ​နီး​အ​ပါး​နေ​ကြ​သည် မ​ဟုတ်​လော။ သို့​ဖြစ်​လျှင် ဤ​သူ​သည် ဤ​အ​ရာ​များ​ကို အ​ဘယ်​မှာ​ရ​သ​နည်း​ဟု ပြော​ဆို​လျက်၊- စေ​တ​နာ​စိတ် ပျက်​ကြ၏။ ယေ​ရှု​က​လည်း၊ ပ​ရော​ဖက်​သည် မိ​မိ​မြို့၊ မိ​မိ​အိမ်​မှ​တစ်​ပါး အ​ခြား​သော​အ​ရပ်၌ အ​သ​ရေ​ရှိ​သည်​ဟု ထို​သူ​တို့​အား မိန့်​တော်​မူ၏။- မြို့​သား​များ​တို့​သည် မ​ယုံ​ကြည်​ကြ​သော​ကြောင့်၊ ထို​အ​ရပ်၌ များ​စွာ​သော​တန်​ခိုး​ကို ပြ​တော်​မ​မူ။

​ရှင်မဿဲ 13:36-58 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။