YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 12:1-21

ရှင်မဿဲ 12:1-21 JBMLE

ထို​ကာ​လ​အ​ခါ ယေ​ရှု​သည် ဥ​ပုသ်​နေ့၌ ဂျုံ​စ​ပါး​လယ်​ကွက်​တို့​ကို လျှောက်​ကြွ​တော်​မူ​လျှင်၊ တ​ပည့်​တော်​တို့​သည် ဆာ​မွတ်​သော​ကြောင့် စ​ပါး​အ​သီး​အ​နှံ​ကို ဆွတ်၍​စား​ကြ၏။- ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ကိုယ်​တော်၏ တ​ပည့်​တို့​သည် ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​ကြ​ပါ​သည် တ​ကား​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ မွတ်​သိပ်​သော​အ​ခါ၊- ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ဝင်၍ မိ​မိ​မ​စား​အပ်၊ မိ​မိ​အ​ဖော်​မ​စား​အပ်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သာ စား​အပ်​သော ရှေ့​တော်​မုန့်​ကို စား​သည်​အ​ကြောင်း​ကို သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။- ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ဗိ​မာန်​တော်​တွင် ဥ​ပုသ်​နေ့၌ ဥ​ပုသ်​ပျက်​သော်​လည်း၊ အ​ပြစ်​မ​သင့်​သည်​ကို ပ​ည​တ္တိ​ကျမ်း၌ မ​ဖတ်​ဖူး​သ​လော။- ငါ​ဆို​သည်​ကား၊ ဤ​အ​ရပ်၌ ဗိ​မာန်​တော်​ထက်​သာ၍ ကြီး​မြတ်​သော​အ​ရာ​ရှိ၏။- ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း​က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို သင်​တို့​သည် နား​လည်​လျှင်၊ အ​ပြစ်​ကင်း​သော​သူ​တို့​ကို အ​ပြစ်​မ​တင် မ​စီ​ရင်​ကြ​ပြီ။- လူ​သား​သည် ဥ​ပုသ်​နေ့​ကို အ​စိုး​ရ​သည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ရပ်​မှ ကြွ၍ တ​ရား​ဇ​ရပ်​သို့ ဝင်​တော်​မူ၏။ လက်​တစ်​ဖက် သေ​သော​သူ​တစ်​ယောက် ရှိ​သည်​ဖြစ်၍၊- လူ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ မေး​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ မိ​မိ၌ သိုး​တစ်​ကောင်​တည်း​ရှိ၍ ထို​သိုး​သည် ဥ​ပုသ်​နေ့၌ တွင်း​ထဲ​သို့​ကျ​လျှင်၊ မ​ဆွဲ​မ​တင်​ဘဲ နေ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​တွင် ရှိ​သ​လော။- လူ​သည် သိုး​ထက် အ​လွန်​မြတ်​ပေ၏။ ထို​ကြောင့်​ဥ​ပုသ်​နေ့၌ ကျေး​ဇူး​ပြု​အပ်​သည်​ဟု ပြန်​ပြော​တော်​မူ​ပြီး​မှ၊- ထို​သူ​အား၊ သင်၏​လက်​ကို ဆန့်​လော့​ဟု မိန့်​တော်​မူ၍၊ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင် ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။- ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်၍ ကိုယ်​တော်​ကို အ​ဘယ်​သို့ ဖျက်​ဆီး​ရ​အံ့​နည်း​ဟု တိုင်​ပင်​ကြ၏။- ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ အ​ခြား​သို့​ပြောင်း​ကြွ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သ​ဖြင့်၊ သူ​တို့၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို ငြိမ်း​စေ​တော်​မူ၏။- ထို​သူ​တို့​သည် သ​တင်း​တော်​ကို မ​ဖွင့်​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။- ထို​အ​ကြောင်း​အ​ရာ​ကား၊ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ နှုတ်​ထွက် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။ နှုတ်​ထွက်​အ​ချက် ဟူ​မူ​ကား၊- ငါ​ရွေး​ချယ်​သော ငါ့​ကျွန်​ရင်း၊ ငါ​နှစ်​သက်​မြတ်​နိုး​သော​သူ​ကို ကြည့်​ရှု​လော့။ ထို​သူ၏​အ​ပေါ်၌ ငါ့​ဝိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သူ​သည် လူ​အ​မျိုး​မျိုး​တို့​ကို တ​ရား​ပေး​လိမ့်​မည်။- ငြင်း​ခုံ​ခြင်း၊ ဟစ်​ကြော်​ခြင်း​ကို မ​ပြု​မူ၍၊ လမ်း​ခ​ရီး၌ သူ၏​အ​သံ​ကို အ​ဘယ်​သူ​မျှ မ​ကြား​စေ​ရ။- နင်း​နယ်​လျက်​ရှိ​သော ကျူ​ပင်​ကို​မ​ချိုး၊ မီး​ခိုး​များ​သော မီး​စာ​ကို​မ​သတ်။ တ​ရား​သည် အောင်​မြင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း စီ​ရင်​လိမ့်​မည်။- သူ၏​နာ​မ​ကို​လည်း လူ​အ​မျိုး​မျိုး​တို့​သည်​ကိုး​စား​ကြ​လိမ့်​မည်​ဟု ဟော​ထား​သ​တည်း။