YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိ 1

1
ယာကုပ်အ​တွက်မေတ္တာ
1ထာ​ဝ​ရ​ဘု​ရား​သည် မာ​လ​ခိ​လက်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သို့ ပေး​လိုက်​တော်​မူ​သော ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊ 2ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဟူ​မူ​ကား၊ သင်​တို့​ကို ငါ​ချစ်​လေ​ပြီ။ အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​သို့ ချစ်​တော်​မူ​သ​နည်း​ဟု သင်​တို့​မေး​ကြ​လျှင်၊ ဧ​သော​သည် ယာ​ကုပ်၏​အစ်​ကို ဖြစ်​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း ယာ​ကုပ်​ကို​ငါ​ချစ်၏။#ရော၊ ၉:၁၃။ #ဟေ​ရှာ၊ ၃၄:၅-၁၇၊ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေ​ဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ သြ၊ ၁-၁၄။ 3ဧ​သော​ကို ငါ​မုန်း၍ သူ​နေ​သော​တောင်​တို့​ကို လွင်​ပြင်​ဖြစ်​စေ​ပြီ။ သူ့​အ​မွေ​ခံ​ရာ​မြေ​ကို မြေ​ခွေး​တို့၌ အပ်​လေ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 4ဧ​ဒုံ​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည်​ပျက်​စီး​သော်​လည်း၊ ပျက်​စီး​သော​အ​ရပ်​တို့​ကို တစ်​ဖန် တည်​ဆောက်​ဦး​မည်​ဟု ဆို​ရာ​တွင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည်​တည်​ဆောက်​သော်​လည်း ငါ​ဖြို​ဖျက်​မည်။ သူ​တို့​ကို ဒု​စ​ရိုက်​ပြည်​သား၊ ထာ​ဝ​ရ​ဘု​ရား အ​စဉ်​အ​မျက်​ထွက်​တော်​မူ​သော လူ​မျိုး​ဟူ၍ သ​မုတ်​ကြ​လိမ့်​မည်။ 5ထို​အ​မှု​ကို သင်​တို့​သည် မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်၏​ပြင်​မှာ ဘုန်း​တန်​ခိုး​ကြီး​တော်​မူ​သည်​ဟု ဆို​ကြ​လိမ့်​မည်။
ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပြစ်​တင်​ခြင်း
6သား​သည် အ​ဘ​ကို ရို​သေ​တတ်၏။ ကျွန်​သည် သ​ခင်​ကို ကြောက်​ရွံ့​တတ်၏။ ငါ​သည် အ​ဘ​မှန်​လျှင်၊ ငါ့​ကို အ​ဘယ်​သူ ရို​သေ​သ​နည်း။ သ​ခင်​မှန်​လျှင်၊ အ​ဘယ်​သူ​ကြောက်​ရွံ့​သ​နည်း​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော ယဇ်​ပု​ရော​ဟိတ်​တို့​အား မေး​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် နာ​မ​တော်​ကို အ​ဘယ်​သို့ မ​ထီ​မဲ့​မြင်​ပြု​ပါ​သ​နည်း​ဟု သင်​တို့​မေး​ရာ​တွင်၊ 7ညစ်​ညူး​သော​အ​စာ​ကို ငါ့​ယဇ်​ပ​လ္လင်​သို့ ဆောင်​ခဲ့​ကြ​သည်​တ​ကား။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့ ရှုတ်​ချ​ပါ​သ​နည်း​ဟု မေး​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​စား​ပွဲ​သည် ယုတ်​မာ၏​ဟု​ဆို​သော​ကြောင့် ငါ့​ကို ရှုတ်​ချ​ကြ​ပြီ။ 8မျက်​စိ​ကန်း​သော​အ​ကောင်​ကို ယဇ်​ပူ​ဇော်​လျှင် အ​ပြစ်​ရှိ​သည် မ​ဟုတ်​လော။ ခြေ​ဆွံ့​သော​အ​ကောင်​နှင့် နာ​သော​အ​ကောင်​ကို ယဇ်​ပူ​ဇော်​လျှင် အ​ပြစ်​ရှိ​သည် မ​ဟုတ်​လော။ မြို့​ဝန်​မင်း​အား ဆက်​ပါ​လော့။ မင်း၏​စိတ်​နှင့် တွေ့​လိမ့်​မည်​လော။ သင့်​မျက်​နှာ​ကို ထောက်​လိမ့်​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#တ​ရား၊ ၁၅:၂၁။ 9ယ​ခု​မှာ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ကယ်​မ​သ​နား​တော်​မူ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ကြ​ပါ​လော့။ သင်​တို့​လက်​ခံ​သော​ကြောင့် ဤ​သို့ ပြု​တတ်​ကြ၏။ သင်​တို့​မျက်​နှာ​ကို ထောက်​ရ​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 10သင်​တို့​တွင် အ​ဘယ်​သူ​သည် ငါ့​တံ​ခါး​တို့​ကို ပိတ်​လိမ့်​မည်​နည်း။ သင်​တို့​သည် ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ကို အ​ချည်း​နှီး​မ​ညှိ​ရ​ကြ။ သင်​တို့​ကို ငါ​အ​လို​မ​ရှိ၊ သင်​တို့​ပြု​သော ပူ​ဇော်​သ​ကာ​ကို ငါ​လက်​မ​ခံ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
11နေ​ထွက်​ရာ​အ​ရပ်​မှ​သည် နေ​ဝင်​ရာ​အ​ရပ်​တိုင်​အောင် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​နာ​မ​တော်​သည် ကြီး​မြတ်​ရ​လိမ့်​မည်။ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ နံ့​သာ​ပေါင်း​ကို ငါ၏​နာ​မ​တော်​အား​မီး​ရှို့၍၊ သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​တော်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကြီး​မြတ်​ရ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 12သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​စား​ပွဲ​တော်​သည် ညစ်​ညူး၏။ တင်​ထား​သော​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​သည် ယုတ်​မာ၏​ဟု ဆို​သော​ကြောင့် စား​ပွဲ​တော်​ကို ရှုတ်​ချ​ကြ​ပြီ။ 13တစ်​ဖန် သင်​တို့​က၊ အ​မှု​တော်​ကို ဆောင်​ရွက်၍ ပင်​ပန်း​စွ​တ​ကား​ဟု ဆို​လျက်၊ ကဲ့​ရဲ့​သံ​ကို​ပြု​တတ်​ကြ​သည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ လု​ယူ​သော​အ​ကောင်၊ ခြေ​ဆွံ့​သော​အ​ကောင်၊ နာ​သော​အ​ကောင်​ကို ဆောင်​ခဲ့​ကြ​ပြီ။ ထို​သို့​သော ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​ကြ​ပြီ​တ​ကား။ သင်​တို့​လက်​မှ ငါ​ခံ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ 14သ​စ္စာ​က​တိ​ထား​ပြီး​မှ မိ​မိ​သိုး​စု၌ အ​ထီး​ရှိ​လျက်​ပင်​လှည့်​စား၍၊ ထာ​ဝ​ရ​ဘု​ရား​အား ချို့​တဲ့​သော အ​ကောင်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ငါ​သည် ကြီး​မြတ်​သော ရှင်​ဘု​ရင်​ဖြစ်၏။ ငါ၏​နာ​မ​တော်​သည် လူ​အ​မျိုး​မျိုး​တို့​တွင် ကြောက်​မက်​ဖွယ်​ဖြစ်​ရ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

မာလခိ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ