YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 9:1-36

ရှင်လုကာ 9:1-36 JBMLE

တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​မှ၊ နတ်​ဆိုး​အ​ပေါင်း​တို့​ကို နိုင်​သော​တန်​ခိုး​နှင့် အ​နာ​ရော​ဂါ​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ အ​ခွင့်​တန်​ခိုး​ကို ပေး​တော်​မူ၏။- ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​နာ​တို့​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း စေ​လွှတ်​တော်​မူ၍၊- သင်​တို့​သည် လမ်း​ခ​ရီး​ဖို့ အ​ဘယ်​အ​ရာ​ကို​မျှ မ​ယူ​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ မုန့်၊ ငွေ​ကို မ​ယူ​ကြ​နှင့်။ အင်္ကျီ​နှစ်​ထည်​ကို​လည်း မ​ပါ​စေ​ကြ​နှင့်။- မည်​သည့် အိမ်​သို့​ဝင်​လျှင် ထို​အိမ်​တွင် ထို​အ​ရပ်​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် နေ​ကြ​လော့။ အ​ကြင်​သူ​တို့​သည် သင်​တို့​အား ဧည့်​သည်​ဝတ်​ကို မ​ပြု​ဘဲ​နေ၏။- ထို​သူ​တို့​နေ​ရာ​မြို့​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ထွက်​သွား၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​တို့​တွင် ဒေ​သ​စာ​ရီ လှည့်​လည်​ကြ၏။ ယေ​ရှု​ပြု​တော်​မူ​သ​မျှ​တို့​ကို စော်​ဘွား​ဟေ​ရုဒ်​သည် ကြား​လျှင် တွေး​တော​သော​စိတ်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ လူ​အ​ချို့​က၊ ယော​ဟန်​သည် သေ​ခြင်း​မှ​ထ​မြောက်​လေ​ပြီ​ဟု ဆို​ကြ၏။- အ​ချို့​က ဧ​လိ​ယ​ပေါ်​ထွန်း​ပြီ​ဟု ဆို​ကြ၏။ အ​ချို့​က ရှေး​ပ​ရော​ဖက်​တစ်​ပါး​ပါး ထ​ပြန်​ပြီ​ဟု ဆို​ကြ၏။- ဟေ​ရုဒ်​မင်း​က​လည်း၊ ယော​ဟန်၏​လည်​ပင်း​ကို ငါ​ဖြတ်​လေ​ပြီ။ ဤ​မျှ​လောက်​သော​သ​တင်း​ကို ငါ​ကြား​ရ​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက် ယေ​ရှု​ကို​မြင်​ခြင်း​ငှာ အ​လို​ရှိ၏။ တ​မန်​တော်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ၍ မိ​မိ​တို့​ပြု​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။ ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍၊ ဗက်​ဇဲ​ဒ​မြို့​နယ်​အ​တွင်း တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် သိ​လျှင် နောက်​တော်​သို့ လိုက်​ကြ၏။- ထို​လူ​များ​ကို လက်​ခံ​တော်​မူ​လျက်၊ ဘု​ရား​သ​ခင့် နိုင်​ငံ​တော်၏​အ​ကြောင်း​ကို ဟော​ပြော၍၊ နာ​သော​သူ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။ မိုး​ချုပ်​သော​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​သည် ချဉ်း​ကပ်​လျက်၊ လူ​များ​တို့​သည် ပတ်​ဝန်း​ကျင်​ရွာ​ဇ​န​ပုဒ်​သို့​သွား၍၊ အိပ်​ရာ၊ စား​စ​ရာ​ကို ရှာ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ။ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သွား၍ ဤ​လူ​အ​ပေါင်း​တို့ စား​စ​ရာ​ဖို့​မ​ဝယ်​လျှင်၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌ မ​ရှိ​ပါ​ဟု​လျှောက်​ကြ၏။- ထို​သို့ လျှောက်​သည်​အ​ကြောင်း​ကား၊ လူ​ငါး​ထောင်​ခန့်​မျှ ရှိ​သ​တည်း။ ထို​အ​ခါ​လူ​များ​တို့​ကို တစ်​စု​လျှင် ငါး​ဆယ်​စီ အ​စု​စု​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- တ​ပည့်​တော်​တို့​သည် အ​မိန့်​တော်​အ​တိုင်း​ပြု၍၊ လူ​အ​ပေါင်း​တို့​ကို လျောင်း​စေ​ပြီး​လျှင်၊- ယေ​ရှု​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍ ကောင်း​ကင်​သို့​ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။ တ​ရံ​ရော​အ​ခါ၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ဆု​တောင်း​တော်​မူ​စဉ်၊ လူ​များ​တို့​သည် ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ကို ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊- လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ရှေး​ပ​ရော​ဖက် တစ်​ပါး​ပါး​ထ​ပြန်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊- သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။ ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ကြပ်​တည်း​စွာ ပ​ညတ်​တော်​မူ၏။- ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​တို့​ကို မိန့်​တော်​မူ၏။ ထို​မှ​တစ်​ပါး၊ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ငါ၌​ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို နေ့​တိုင်း​ထမ်း၍ ငါ့​နောက်​သို့​လိုက်​ရ​မည်။- အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့်​အ​သက်​ရှုံး၏၊ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။- ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ ကိုယ်​ကို​ကိုယ် ဆုံး​ရှုံး​သော​သူ​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။- အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏၊ လူ​သား​သည် မိ​မိ​ဘုန်း၊ မိ​မိ​အ​ဘ​ခ​မည်း​တော်၏​ဘုန်း၊ သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​တို့၏ ဘုန်း​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ၊ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​သို့ မ​ရောက်​ရ​ကြ​ဟု မိန့်​တော်​မူ၏။ ထို​သို့​မိန့်​တော်​မူ​သည်​နောက်၊ ရှစ်​ရက်​လောက်​လွန်​သော​အ​ခါ၊ ယေ​ရှု​သည် ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်​တို့​ကို​ခေါ်၍ ဆု​တောင်း​ခြင်း​ငှာ တောင်​ပေါ်​သို့ တက်​ကြွ​တော်​မူ၏။- ဆု​တောင်း​တော်​မူ​စဉ်​တွင် မျက်​နှာ​တော်​သည် ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​ရှိ၍၊ အ​ဝတ်​တော်​လည်း ပြောင်​ပြောင်​လက်​လက် ဖြူ၏။- မော​ရှေ​နှင့် ဧ​လိ​ယ​တည်း​ဟူ​သော လူ​နှစ်​ယောက်​တို့​သည် ဘုန်း​အ​သ​ရေ​နှင့် ထင်​ရှား၍၊- ကိုယ်​တော်​နှင့်​အ​တူ ဆွေး​နွေး​လျက် ယေ​ရု​ရှ​လင်​မြို့၌ စု​တေတော်​မူ​မည် အ​ကြောင်း​အ​ရာ​ကို ပြော​ကြ၏။- ပေ​တ​ရု​နှင့် သူ၏​အ​ဖော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တ​ငိုက်​ငိုက်​ရှိ​ကြ၏၊ နိုး​သော​အ​ခါ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့် ရပ်​နေ​သော လူ​နှစ်​ယောက်​ကို​လည်း​ကောင်း မြင်​ကြ၏။- ထို​သူ​တို့​သည် အ​ထံ​တော်​မှ​သွား​ကြ​စဉ်၊ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု ယောင်​ယမ်း၍ လျှောက်​လေ၏။- ထို​သို့​လျှောက်​ပြီး​မှ မိုး​တိမ်​သည် သူ​တို့​ကို​လွှမ်း​မိုး၍၊ မော​ရှေ​နှင့် ဧ​လိ​ယ​သည် တိမ်​ထဲ​သို့​ဝင်​သည်​ကို တ​ပည့်​တော်​တို့​သည် ကြောက်​ခြင်း​ရှိ​ကြ​သည်​ဖြစ်၍၊- ဤ​သူ​ကား ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏စကားကို နားထောင်ကြလော့ ဟု မိုးတိမ်ကအသံတော်ဖြစ်လေ၏။ ထို​အ​သံ​တော်​ဖြစ်​သည် ခ​ဏ​ချင်း​တွင်၊ ယေ​ရှု​သည် တစ်​ယောက်​တည်း​ရှိ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​မြင်​သော​အ​ရာ​ကို ဝှက်​ထား၍၊ ထို​ကာ​လ၌ အ​ဘယ်​သူ​အား​မျှ မ​ကြား​မ​ပြော​ဘဲ​နေ​ကြ၏။