YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 7:36-50

ရှင်လုကာ 7:36-50 JBMLE

ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် အ​စာ​ကို သုံး​ဆောင်​တော်​မူ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ခေါ်​ပင့်​လျှင်၊ ထို​ဖာ​ရိ​ရှဲ၏​အိမ်​သို့​ကြွ၍ စား​ပွဲ၌​လျောင်း​တော်​မူ၏။- ထို​သို့ စား​ပွဲ၌​လျောင်း​တော်​မူ​သည်​ကို ထို​မြို့၌ ဆိုး​သော​မိန်း​မ​တစ်​ယောက်​သည် သိ​လျှင်၊ ဆီ​မွှေး​ကျောက်​ဖြူ ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍၊- နောက်​တော်၌ ခြေ​တော်​အ​နီး​မှာ​ရပ်​လျက် ငို​ကြွေး၍ ခြေ​တော်​ပေါ်​သို့ မျက်​ရည်​ကျ​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​လေ၏။ ခြေ​တော်​ကို​လည်း နမ်း၍ ဆီ​မွှေး​နှင့် လိမ်း​လျက်​နေ​လေ၏။- ကိုယ်​တော်​ကို ခေါ်​ပင့်​သော​ဖာ​ရိ​ရှဲ​သည် မြင်​လေ​သော်၊ ဤ​သူ​သည် ပ​ရော​ဖက်​မှန်​လျှင် ခြေ​တော်​ကို​ကိုင်​သော ဤ​မိန်း​မ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို သိ​လိမ့်​မည်။ ဤ​မိန်း​မ​သည် ဆိုး​သော​သူ​ဖြစ်၏​ဟု ထင်​မှတ်၏။ ယေ​ရှု​က​လည်း၊ အ​ချင်း​ရှိ​မုန်၊ သင့်​အား ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​သည်​ဟု မိန့်​တော်​မူ​လျှင်၊ အ​ရှင်​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သော်၊- ယေ​ရှု​က၊ ဥ​စ္စာ​ရှင်​တစ်​ဦး၌ ကြွေး​စား​နှစ်​ဦး​ရှိ၏။ တစ်​ယောက်၌​ကား ဒေ​နာ​ရိ​အ​ပြား​ငါး​ရာ၊ တစ်​ယောက်၌​ကား ငါး​ဆယ်​ကြွေး​ရှိ၏။- သူ​တို့​သည် ကြွေး​ဆပ်​ရန်​မ​ရှိ​သော​ကြောင့်၊ ကြွေး​ရှင်​သည် ထို​သူ​နှစ်​ယောက်​တို့​ကို အ​ချည်း​နှီး​လွှတ်၏။ သို့​ဖြစ်​လျှင် ထို​သူ​နှစ်​ယောက်​တွင် အ​ဘယ်​သူ​သည် ကြွေး​ရှင်​ကို သာ၍ ချစ်​လိမ့်​မည်​နည်း​ဟု မေး​တော်​မူ၏။- ရှိ​မုန်​က​လည်း၊ သာ၍ ကျေး​ဇူး​ကို​ခံ​ရ​သော​သူ​သည် သာ၍​ချစ်​လိမ့်​မည် အ​ကျွန်ုပ်​ထင်​ပါ၏​ဟု လျှောက်​လျှင်၊ ယေ​ရှု​က၊ သင်​ထင်​သည်​အ​တိုင်း မှန်​ပေ၏​ဟု မိန့်​တော်​မူ​ပြီး​မှ၊- ထို​မိန်း​မ​ကို​လှည့်၍ ရှိ​မုန်​အား​လည်း၊ သင်​သည် ဤ​မိန်း​မ​ကို မြင်​သ​လော။ သင်၏​အိမ်​သို့ ငါ​ဝင်​သော် သင်​သည် ခြေ​ဆေး​ရေ​ကို​မ​ပေး။ ဤ​မိန်း​မ​မူ​ကား၊ ငါ့​ခြေ​ပေါ်​သို့ မျက်​ရည်​ကျ၍ မိ​မိ​ဆံ​ပင်​နှင့် သုတ်​လေ​ပြီ။- သင်​သည် ငါ့​ကို​မ​နမ်း၊ သူ​မူ​ကား၊ အိမ်​သို့​ဝင်​သော အ​ချိန်​မှ​စ၍ ငါ့​ခြေ​ကို နမ်း​လျက်​မ​စဲ​ဘဲ​နေ၏။- သင်​သည် ငါ့​ခေါင်း​ကို ဆီ​နှင့်​မ​လိမ်း။ သူ​မူ​ကား၊ ငါ့​ခြေ​ကို ဆီ​မွှေး​နှင့် လိမ်း​လေ​ပြီ။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သူ​သည် များ​စွာ​သော​အ​ပြစ်​တို့​နှင့် လွတ်​သည်​ဖြစ်၍ အ​လွန်​ချစ်​တတ်၏။ အ​နည်း​ငယ်​သော​အ​ပြစ် လွတ်​သော​သူ​သည် အ​နည်း​ငယ်​မျှ​သာ ချစ်​တတ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​မိန်း​မ​အား​လည်း၊ သင်​သည် အ​ပြစ်​တို့​နှင့် လွတ်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။- စား​ပွဲ၌ လျောင်း​သော​သူ​တို့​က၊ အ​ပြစ်​ကို​လွှတ်​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု အောက်​မေ့​ကြ၏။- ယေ​ရှု​သည် ထို​မိန်း​မ​အား သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ။ ငြိမ်​ဝပ်​စွာ​သွား​လော​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။