YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 24:36-50

ရှင်လုကာ 24:36-50 JBMLE

ထို​သို့​အ​ချင်း​ချင်း ပြော​ဆို​သော​အ​ခါ၊ ယေ​ရှု​သည် သူ​တို့​အ​လယ်၌ ရပ်​တော်​မူ​လျက်၊ သင်​တို့​အား ငြိမ်​သက်​ခြင်း​ဖြစ်​စေ​သ​တည်း ဟု​မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် တ​စ္ဆေ​ကို​မြင်​သည်​ဟု စိတ်​ထင်​နှင့် ထိတ်​လန့်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ အ​ဘယ်​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့် အ​ထူး​ထူး​အ​ထွေ​ထွေ​သော​စိတ် ရှိ​ကြ​သ​နည်း။- ငါ့​လက်​ကို ကြည့်​ကြ​လော့။ ငါ့​ခြေ​ကို​လည်း ကြည့်​ကြ​လော့။ ငါ့​ကိုယ်​ပင်​ဖြစ်၏။ ငါ့​ကို ကြည့်​ရှု​စမ်း​သပ်​ကြ​လော့။ ငါ​သည် သင်​တို့​မြင်​သည်​အ​တိုင်း အ​ရိုး​အ​သား​နှင့် ပြည့်​စုံ၏။ တ​စ္ဆေ​မည်​သည်​ကား ဤ​ကဲ့​သို့ မ​ပြည့်​စုံ​ဟု မိန့်​တော်​မူ​လျက်၊- လက်​တော်​ခြေ​တော်​တို့​ကို တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။ ထို​သူ​တို့​သည် အံ့​ဩ၍ ဝမ်း​မြောက်​သော​အား​ဖြင့် မ​ယုံ​နိုင်​ဘဲ​နေ​သေး​သော​အ​ခါ၊ သင်​တို့၌ စား​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊- ငါး​ကင်​တစ်​ပိုင်း​နှင့် ပျား​လ​ပို့​ကို ကပ်​ပေး​ကြ၏။- ကိုယ်​တော်​သည် ယူ၍ သူ​တို့​ရှေ့​မှာ စား​တော်​မူ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ကျမ်း​စာ​ကို နား​လည်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့၏ ဉာဏ်​ကို ဖွင့်​တော်​မူ​လျှင်၊- ဤ​သို့ ကျမ်း​စာ​လာ၏။ ဤ​သို့ ခ​ရစ်​တော်​သည် အ​သေ​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။- ခ​ရစ်​တော်၏ အ​ခွင့်​အား​ဖြင့် နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်။- သင်​တို့​သည်​လည်း ဤ​အ​ကြောင်း​အ​ရာ​တို့၏ သက်​သေ​ဖြစ်​ကြ၏။- ငါ့​ခ​မည်း​တော်၏ က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့၌ ငါ​ပြု​ဦး​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။ ထို​နောက် တ​ပည့်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ဗေ​သ​နိ​ရွာ​တိုင်​အောင် ဆောင်​သွား​တော်​မူ​ပြီး​မှ၊ လက်​တော်​ကို​ချီ၍ ကောင်း​ကြီး​ပေး​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။