YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 24:13-35

ရှင်လုကာ 24:13-35 JBMLE

ထို​မှ​တစ်​ပါး၊ တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် ခ​ရီး​လေး​တိုင်​ကွာ​သော ဧ​မောက်​အ​မည်​ရှိ​သော​ရွာ​သို့ ထို​နေ့၌ သွား​ကြ​စဉ်​တွင်၊- ဖြစ်​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။- ထို​သို့ ဆွေး​နွေး​ပြော​ဆို​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် ချဉ်း​ကပ်၍ သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။- ထို​သူ​တို့​သည် မျက်​စိ​ချုပ်​လျက်​ရှိ၍၊ ကိုယ်​တော်​ဖြစ်​သည်​ကို မ​သိ​ကြ။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ခ​ရီး​သွား​လျက် အ​ချင်း​ချင်း ဆွေး​နွေး​သော​စ​ကား​ကား၊ အ​ဘယ်​သို့​သော​စ​ကား​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​ကြ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- သူ​တို့​တွင် က​လော​ဖ​အ​မည်​ရှိ​သော​သူ​က၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ဧည့်​သည်​ဖြစ်​လျက်​သာ ယ​ခု​အ​ခါ ထို​မြို့၌ ဖြစ်​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​တို့​ကို မ​သိ​သ​လော​ဟု ပြော​ဆို၏။- ကိုယ်​တော်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​အ​ရာ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​က၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၏ အ​ကြောင်း​အ​ရာ​ပေ​တည်း။ ထို​သူ​သည် ဘု​ရား​သ​ခင်​ရှေ့၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​နှင့် ပြည့်​စုံ​သော ပ​ရော​ဖက်​ဖြစ်၏။- ထို​သူ​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ငါ​တို့​မင်း​များ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အပ်​နှံ၍ လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်​ကြ​ပြီ။- ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​အံ့​သော​သူ ဖြစ်​သည်​ဟု ငါ​တို့​သည် အ​ထက်​က​မျှော်​လင့်​ကြ​ပြီ။ ထို​မျှ​မ​က ဤ​အ​ကြောင်း​အ​ရာ​ဖြစ်၍ ယ​ခု​သုံး​ရက်​ရှိ​ပြီ။- ငါ​တို့၏​အ​ပေါင်း​အ​ဖော် မိန်း​မ​အ​ချို့​တို့​သည်​လည်း သင်္ချိုင်း​တော်​သို့ စော​စော​သွား၍၊- အ​လောင်း​တော်​ကို မ​တွေ့​လျှင်၊ သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​သည်​ဟု ပြော​သော ကောင်း​ကင်​တ​မန် ထင်​ရှား​ရာ ရူ​ပါ​ရုံ​ကို မိ​မိ​တို့​မြင်​ကြောင်း​ကို ပြန်​လာ၍ ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။- ထို​အ​ခါ ငါ​တို့​တွင် အ​ချို့​သော​သူ​တို့​သည် သင်္ချိုင်း​တော်​သို့​သွား၍ မိန်း​မ​တို့​ပြော​ဆို​သည်​အ​တိုင်း တွေ့​သော်​လည်း၊ ကိုယ်​တော်​ကို မ​မြင်​ရ​ဟု ပြော​ဆို​ကြ၏။ ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊- ခ​ရစ်​တော်​သည် ဤ​သို့​ပင် အ​သေ​ခံ၍ မိ​မိ​ဘုန်း​စည်း​စိမ်​တော်​ကို ဝင်​စား​ရ​မည်​မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ မော​ရှေ၏​ကျမ်း​စာ​မှ​စ၍ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ၌ ကိုယ်​တော်​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော ကျမ်း​စာ​ချက်​အ​နက်​ကို ရှင်း​လင်း​စွာ ဖော်​ပြ​တော်​မူ၏။- ထို​တ​ပည့်​တော်​တို့​သည် သွား​သော​ရွာ​အ​နီး​သို့ ရောက်​သော​အ​ခါ၊ ကိုယ်​တော်​သည် ထို​ရွာ​ကို​လွန်၍ သွား​အံ့​သော အ​ခြင်း​အ​ရာ​ကို ပြ​တော်​မူ​လျှင်၊- ထို​သူ​တို့​က အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဝင်၍ နေ​ပါ။ ညဉ့်​ဦး​ယံ​အ​ချိန် ရှိ​ပြီ။ မိုး​လည်း​ချုပ်​ပါ​သည်​ဟူ၍ ကိုယ်​တော်​ကို ကျပ်​ကျပ်​သွေး​ဆောင်​ကြ၏။ ထို​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​ခြင်း​ငှာ ဝင်​တော်​မူ၏။- စား​ပွဲ၌ သူ​တို့​နှင့်​အ​တူ လျောင်း​တော်​မူ​စဉ်၊ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ သူ​တို့​အား ပေး​တော်​မူ​သည်​တွင်၊- သူ​တို့​သည် မျက်​စိ​ပွင့်​လင်း၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​ကြ၏။ ထို​အ​ခါ ကိုယ်​တော်​သည် ကွယ်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ လမ်း​ခ​ရီး၌ ငါ​တို့​နှင့်​ဟော​ပြော၍ ကျမ်း​စာ​အ​နက်​ကို ဖွင့်​ပြ​တော်​မူ​သော​အ​ခါ၊ ငါ​တို့ စိတ်​နှ​လုံး​သည် ယို​ဖိတ်​မ​တတ်​ဖြစ်​သည် မ​ဟုတ်​လော​ဟု အ​ချင်း​ချင်း ပြော​ဆို​ကြ၏။ ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ချက်​ချင်း​ထ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ပြီး​မှ၊ တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် အ​ပေါင်း​အ​ဖော်​တို့​နှင့်​အ​တူ စု​ဝေး​လျက်​ရှိ​သည်​ကို တွေ့​ကြ၏။- စု​ဝေး​သော​သူ​တို့​က​လည်း၊ သ​ခင်​ဘု​ရား​သည် အ​မှန်​ထ​မြောက်​တော်​မူ​ပြီ။ ရှိ​မုန်​အား ကိုယ်​ကို​ပြ​တော်​မူ​ပြီ​ဟု ပြော​ဆို​လျှင်၊- ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် လမ်း၌ ဖြစ်​သော အ​ကြောင်း​အ​ရာ​ကို​လည်း​ကောင်း၊ မုန့်​ကို​ဖဲ့​စဉ်​တွင် ထင်​ရှား​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ပြန်​ကြား​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။