YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 23:33-44

ရှင်လုကာ 23:33-44 JBMLE

က​ရာ​နိ​အ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊ ကိုယ်​တော်​နှင့်​တ​ကွ ထို​လူ​ဆိုး​တို့​ကို လက်​ယာ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။- ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။- လူ​များ​တို့​သည်​လည်း ကြည့်​ရှု​လျက် ရပ်​နေ​ကြ၏။ ထို​သူ​တို့​နှင့်​အ​တူ မင်း​အ​ရာ​ရှိ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။ ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​သူ​မှန်​လျှင် ကိုယ်​ကို​ကယ်​တင်​ပါ​လေ​စေ​ဟူ၍ ပြက်​ရယ်​ပြု​ကြ၏။- စစ်​သူ​ရဲ​တို့​သည်​လည်း လာ၍ ပုံး​ရည်​ကို ကပ်​ပေး​လျက်၊- သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​လျှင် ကိုယ်​ကို ကယ်​တင်​လော့​ဟူ၍ ပြက်​ရယ်​ပြု​လျက် ဆို​ကြ၏။- ခေါင်း​တော်​ပေါ်​မှာ​တပ်၍ အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင် ဘု​ရင်​ပေ​တည်း​ဟု ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့်​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။ ဆွဲ​ထား​သော လူ​ဆိုး​နှစ်​ယောက်​တွင် တစ်​ယောက်​က၊ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ကိုယ်​ကို​လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း၊ ကယ်​တင်​လော့​ဟု ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ဆို​လေ၏။- တစ်​ယောက်​မူ​ကား၊ မိ​မိ​အ​ဖော်​ကို​ဆုံး​မ၍၊ သင်​သည် ဤ​သူ​နည်း​တူ အ​ပြစ်​ဒဏ်​ခံ​လျက်​ပင် ဘု​ရား​သ​ခင်​ကို မ​ကြောက်​သ​လော။- ငါ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​ပြစ်​နှင့်​အ​လျောက် ခံ​ရ​သည်​ဖြစ်၍ တ​ရား​သ​ဖြင့် ခံ​ရ​ကြ၏။ ဤ​သူ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ မ​ပြု​ဟု​ဆို​ပြီး​လျှင်၊- သ​ခင်၊ ကိုယ်​တော်​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ​ဟု ယေ​ရှု​ကို လျှောက်​ဆို၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​တွင် သင်​သည် ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ၌​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​သည် မွန်း​တည့်​အ​ချိန်​လောက်​ဖြစ်၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ​ဖြစ်​လေ၏။