YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 23:33-44

ရှင်လုကာ 23:33-44 Judson Bible (JBMLE)

က​ရာ​နိ​အ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊ ကိုယ်​တော်​နှင့်​တ​ကွ ထို​လူ​ဆိုး​တို့​ကို လက်​ယာ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။- ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။- လူ​များ​တို့​သည်​လည်း ကြည့်​ရှု​လျက် ရပ်​နေ​ကြ၏။ ထို​သူ​တို့​နှင့်​အ​တူ မင်း​အ​ရာ​ရှိ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။ ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​သူ​မှန်​လျှင် ကိုယ်​ကို​ကယ်​တင်​ပါ​လေ​စေ​ဟူ၍ ပြက်​ရယ်​ပြု​ကြ၏။- စစ်​သူ​ရဲ​တို့​သည်​လည်း လာ၍ ပုံး​ရည်​ကို ကပ်​ပေး​လျက်၊- သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​လျှင် ကိုယ်​ကို ကယ်​တင်​လော့​ဟူ၍ ပြက်​ရယ်​ပြု​လျက် ဆို​ကြ၏။- ခေါင်း​တော်​ပေါ်​မှာ​တပ်၍ အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင် ဘု​ရင်​ပေ​တည်း​ဟု ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့်​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။ ဆွဲ​ထား​သော လူ​ဆိုး​နှစ်​ယောက်​တွင် တစ်​ယောက်​က၊ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ကိုယ်​ကို​လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း၊ ကယ်​တင်​လော့​ဟု ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ဆို​လေ၏။- တစ်​ယောက်​မူ​ကား၊ မိ​မိ​အ​ဖော်​ကို​ဆုံး​မ၍၊ သင်​သည် ဤ​သူ​နည်း​တူ အ​ပြစ်​ဒဏ်​ခံ​လျက်​ပင် ဘု​ရား​သ​ခင်​ကို မ​ကြောက်​သ​လော။- ငါ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​ပြစ်​နှင့်​အ​လျောက် ခံ​ရ​သည်​ဖြစ်၍ တ​ရား​သ​ဖြင့် ခံ​ရ​ကြ၏။ ဤ​သူ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ မ​ပြု​ဟု​ဆို​ပြီး​လျှင်၊- သ​ခင်၊ ကိုယ်​တော်​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ​ဟု ယေ​ရှု​ကို လျှောက်​ဆို၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​တွင် သင်​သည် ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ၌​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​သည် မွန်း​တည့်​အ​ချိန်​လောက်​ဖြစ်၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ​ဖြစ်​လေ၏။

ရှင်လုကာ 23:33-44 Common Language Bible (BCL)

``ဦး​ခေါင်း​ခွံ'' ဟု​နာ​မည်​တွင်​သော​အ​ရပ်​သို့​ရောက် သော​အ​ခါ​ကိုယ်​တော်​နှင့်​ရာ​ဇ​ဝတ်​သင့်​သူ​များ ကို​လက်​ဝါး​ကပ်​တိုင်​မှာ​တင်​၍​သတ်​ကြ​၏။ ရာ ဇ​ဝတ်​သင့်​သူ​တစ်​ယောက်​ကို​လက်​ယာ​တော်​ဘက် တွင်​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​ကို​လက်​ဝဲ တော်​ဘက်​တွင်​လည်း​ကောင်း​ထား​၍​သတ်​ကြ​၏။- သ​ခင်​ယေ​ရှု​က ``အို အ​ဖ၊ ထို​သူ​တို့​၏​အ​ပြစ် ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​မိ​မိ​တို့​ပြု နေ​သည့်​အ​မှု​ကို​မ​သိ​ကြ​ပါ'' ဟု​မြွက်​ဆို တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ဝေ​ယူ​ကြ​၏။- လူ​ပ​ရိ​သတ်​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ ယု​ဒ​ခေါင်း​ဆောင်​များ​သည် ``ဤ​သူ​သည်​အ​ခြား သူ​များ​အား​ကယ်​တင်​၏။ အ​ကယ်​၍​ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​မေ​ရှိ​ယ​ဖြစ်​ပါ​မူ မိ​မိ​ကိုယ် ကို​ကယ်​တင်​ပါ​လေ​စေ'' ဟု​ဆို​၍​ပြောင်​လှောင် ကြ​၏။- စစ်​သား​များ​သည်​လည်း​ကိုယ်​တော်​အား​ပုံး ရည်​ကို​တိုက်​လျက်၊- ``သင်​သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​ပါ​မူ​သင့်​ကိုယ် ကို​ကယ်​တင်​ပါ​လော့'' ဟု​ဆို​၍​ပြောင်​လှောင် ကြ​၏။ ကိုယ်​တော်​၏​ဦး​ခေါင်း​အ​ထက်​တွင် ``ဤ​သူ​ကား ယု​ဒ​ရှင်​ဘု​ရင်​ပေ​တည်း'' ဟု​ကမ္ပည်း​ရေး​ထိုး ထား​ကြ​၏။ လက်​ဝါး​ကပ်​တိုင်​မှာ​ရိုက်​ဆွဲ​ထား​သော​ရာ​ဇ ဝတ်​သင့်​သူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​က ``သင် သည်​မေ​ရှိ​ယ​ပင်​မ​ဟုတ်​ပါ​လော။ သင့်​ကိုယ်​ကို လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း​ကယ်​တင် ပါ​လော့'' ဟု​ကိုယ်​တော်​အား​ကဲ့​ရဲ့​ပြော​ဆို​၏။ အ​ခြား​ရာ​ဇ​ဝတ်​သင့်​သူ​က​ထို​သူ့​အား ``သင် သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်​ပါ​သ​လော။ ငါ တို့​သည်​ဤ​သူ​ကဲ့​သို့​ပင်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော်​လည်း၊- ငါ​တို့​သည်​အ​ပြစ်​အ​လျောက် ထိုက်​သင့်​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ဤ​အ​ရှင်​မှာ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်​ခဲ့'' ဟု​ပြော ဆို​ဆုံး​မ​၏။- ထို​နောက်​သ​ခင်​ယေ​ရှု​အား ``အ​ရှင်​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​လျှောက်​၏။- ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား ယ​နေ့​ပင်​သင်​သည်​ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ​တွင်​ရှိ​မည်'' ဟု​မိန့်​တော်​မူ​၏။ အ​ချိန်​ကား​မွန်း​တည့်​ချိန်​လောက်​ဖြစ်​၏။ ထို အ​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​အ​ထိ မြေ​တစ် ပြင်​လုံး​တွင်​နေ​ရောင်​အ​လင်း​ကွယ်​၍​မှောင် အ​တိ​ကျ​လေ​၏။

ရှင်လုကာ 23:33-44 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဦးခေါင်းခွံ​ဟု​ခေါ်ဝေါ်​သော​အရပ်​သို့​ရောက်​သောအခါ သူ​တို့​သည်​ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ရာဇဝတ်သား​တို့​ကို​လည်း လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။ ထိုအခါ ယေရှု​က“အို အဖ၊ သူ​တို့​သည် မိမိ​တို့​ပြု​နေ​သော​အမှု​ကို မ​သိ​ကြ​သည်​ဖြစ်၍ သူ​တို့​ကို​ခွင့်လွှတ်​တော်မူ​ပါ”​ဟု မြွက်ဆို​တော်မူ​၏။ သူ​တို့​သည် ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲဝေ​ကြ​၏။ လူ​တို့​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ အကြီးအကဲ​တို့​မူကား ကိုယ်တော်​ကို​ပြက်ရယ်ပြု​၍ “ဤ​သူ​သည် အခြား​သူ​များ​ကို​ကယ်တင်​ခဲ့​၏။ သူ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​ခရစ်တော်​ဖြစ်​လျှင် မိမိကိုယ်ကို​ကယ်တင်​ပါစေ”​ဟု ပြောဆို​ကြ​၏။ စစ်သား​တို့​သည်​လည်း ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ပြီး ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် ဝိုင်ချဉ်​ကို​တိုက်​ကာ “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​လျှင် သင့်ကိုယ်သင်​ကယ်တင်​ပါ”​ဟု ဆို​ကြ​၏။ ကိုယ်တော်​၏​အပေါ်​ဘက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​၏”​ဟူသော​ကမ္ပည်းစာ​ကို​တပ်​ထား​၏။ ဆွဲ​ထား​ခြင်း​ခံရ​သော​ရာဇဝတ်သား​တို့​ထဲမှ တစ်​ဦး​သည်​လည်း ကိုယ်တော်​ကို​စော်ကား​လျက် “သင်​သည် ခရစ်တော်​မ​ဟုတ်​လော။ သင့်ကိုယ်သင်​ကယ်တင်​၍ ငါ​တို့​ကို​လည်း​ကယ်တင်​လော့”​ဟု ဆို​၏။ သို့သော် အခြား​တစ်​ဦး​သည် သူ့​ကို​ဆုံးမ​၍ “သင်​သည် သူ​နှင့်​တူညီ​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လျက်​ပင် ဘုရားသခင်​ကို​မ​ကြောက်​သလော။ ငါ​တို့​သည် ငါ​တို့​ပြု​ခဲ့​သည့်​အမှု​များ​နှင့် ထိုက်သင့်​သော​ဒဏ်​ကို​ခံ​ကြ​ရ​သည်​ဖြစ်၍ အမှန်ပင်​တရား​ပါ​သည်။ ဤ​အရှင်​မူကား မည်သည့်​အပြစ်​ကို​မျှ မ​ပြု​ခဲ့​ပါ”​ဟု ဆို​၏။ ထို့နောက် “ယေရှု၊ ကိုယ်တော်​၏​နိုင်ငံ​တော်​သို့ ကိုယ်တော်​ကြွလာ​တော်မူ​သောအခါ အကျွန်ုပ်​ကို​သတိရ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“သင့်​အား ငါ​အမှန်​ဆို​မည်။ သင်​သည် ယနေ့​ပင် ငါ​နှင့်အတူ​ပရဒိသု​ဘုံ​၌​ရှိ​မည်”​ဟု သူ့​အား မိန့်​တော်မူ​၏။ ထို​အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ဖြစ်​၏။ ထိုမှ​မွန်းလွဲ​သုံး​နာရီ​တိုင်အောင် မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လေ​၏။