YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 23:13-25

ရှင်လုကာ 23:13-25 JBMLE

တစ်​ဖန် ပိ​လတ်​မင်း​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ မင်း​အ​ရာ​ရှိ၊ လူ​များ​တို့​ကို​ခေါ်​၍၊ ပြည်​သူ​ပြည်​သား​များ​ကို ပုန်​ကန်​စေ​သော​သူ​ကဲ့​သို့ ဤ​လူ​ကို သင်​တို့​သည် ငါ့​ထံ​သို့ ပို့​ဆောင်​ကြ​သည်​ဖြစ်၍၊ သင်​တို့​ရှေ့​မှာ ငါ​စစ်​ကြော​သော်​လည်း၊ သင်​တို့ တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ သူ၌​ငါ​မ​တွေ့။- ဟေ​ရုဒ်​မင်း​သည်​လည်း မ​တွေ့။ ထို​မင်း​ထံ​သို့ ငါ​ပို့​စေ​ပြီ။ ဤ​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ထိုက်​သော​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု။- ထို​ကြောင့် သူ့​ကို ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု ဆို​လေ၏။- ထို​ပွဲ၌ လူ​များ​တို့​အား တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လွှတ်​ဘဲ​မ​နေ​ရ​သ​တည်း။ လူ​အ​ပေါင်း​တို့​က၊ ထို​သူ​ကို ထုတ်​ပါ​လော့။ အ​ကျွန်ုပ်​တို့​အား ဗာ​ရ​ဗ္ဗ​ကို လွှတ်​ပါ​လော့​ဟု တ​ညီ​တ​ညွတ်​တည်း ဟစ်​ကြော်​ကြ၏။- ထို​ဗာ​ရ​ဗ္ဗ​ကား၊ မြို့၌ ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ၌ လှောင်​ထား​သော​သူ ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို လွှတ်​ချင်​သော​ကြောင့် သူ​တို့​အား တစ်​ဖန်​ပြော​ဆို​လေ၏။- သူ​တို့​က​လည်း၊ ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ။ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။- ပိ​လတ်​မင်း​က၊ ထို​သူ​သည် အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း။ သေ​ထိုက်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​မျှ သူ၌​ငါ​မ​တွေ့။ ထို​ကြောင့် သူ့​ကို​ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု သုံး​ကြိမ်​မြောက်​အောင်​ဆို​လျှင်၊- လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။- ပိ​လတ်​မင်း​သည်​လည်း သူ​တို့​တောင်း​သည်​အ​တိုင်း ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်၍၊- ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ​မှာ လှောင်​ထား​သော​သူ​ကို လူ​များ​တောင်း​သည်​အ​တိုင်း လွှတ်​ပြီး​မှ၊ ယေ​ရှု​ကို သူ​တို့ အ​လို​သို့ အပ်​လိုက်​လေ၏။