YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 23:1-25

ရှင်လုကာ 23:1-25 JBMLE

ထို​အ​ခါ မင်း​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ထ၍ ကိုယ်​တော်​ကို ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား​ကြ​ပြီး​လျှင်၊- ဤ​သူ​သည် ပြည်​သူ​ပြည်​သား​များ​ကို လှည့်​ဖြား၍၊ မိ​မိ​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​ကြောင်း​ကို​ဆို​လျက်၊ ကဲ​သာ​ဘု​ရင်​ကို အ​ခွန်​မ​ဆက်​နှင့်​ဟု မြစ်​တား​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ​ဟု အ​ပြစ်​တင်​ကြ၏။- ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​သ​လော​ဟု ယေ​ရှု​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။- ပိ​လတ်​မင်း​က၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ဟု ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ပေါင်း​တို့​အား ပြော​ဆို​လျှင်၊- ထို​သူ​တို့​သည် သာ၍​ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်​လျက်၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည်​မှ​စ၍ ဤ​အ​ရပ်​တိုင်​အောင် ယု​ဒ​ပြည်၌ အ​နှံ့​အ​ပြား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ လူ​များ​ကို​နှိုး​ဆော်​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​ဟူ​သော​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​သည် ဂါ​လိ​လဲ​လူ​ဖြစ်​သ​လော​ဟု မေး​မြန်း၍၊- ဟေ​ရုဒ်​မင်း​ပိုင်​သော သူ​ဖြစ်​သည်​ကို သိ​သော​အ​ခါ ထို​မင်း​ထံ​သို့ ပို့​စေ၏။ ထို​အ​ခါ ဟေ​ရုဒ်​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌ ရှိ​သ​တည်း။ ထို​မင်း​သည် ယေ​ရှု​ကို​မြင်​လျှင် အ​လွန်​ဝမ်း​မြောက်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က သ​တင်း​တော်​များ​ကို​ကြား၍၊ ကိုယ်​တော်​ကို​မြင်​ခြင်း​ငှာ ကြာ​မြင့်​စွာ အ​လို​ရှိ​သည်​ဖြစ်၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တစ်​စုံ​တစ်​ခု​ကို မြင်​ရ​မည်​ဟု မျှော်​လင့်​လျက်​နေ၏။- ထို​အ​ခါ ဟေ​ရုဒ်​မင်း​သည် ကိုယ်​တော်​ကို များ​စွာ​မေး​မြန်း​သော်​လည်း အ​ဘယ်​စ​ကား​ကို​မျှ ပြန်​တော်​မ​မူ။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ထ၍ ပြင်း​ထန်​စွာ အ​ပြစ်​တင်​ကြ၏။- ဟေ​ရုဒ်​မင်း​သည် စစ်​သူ​ရဲ​တို့​နှင့်​တ​ကွ ကိုယ်​တော်​ကို မ​ခန့်​မ​ညား​ဘဲ ပြက်​ရယ်​ပြု၍ တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​စေ​ပြီး​မှ ပိ​လတ်​မင်း​ထံ​သို့ ပို့​ပြန်​စေ၏။- ထို​နေ့၌ ပိ​လတ်​မင်း​နှင့် ဟေ​ရုဒ်​မင်း​တို့​သည် အ​ချင်း​ချင်း​အ​ဆွေ​ဖွဲ့​ကြ၏။ အ​ထက်​က ရန်​ဘက်​ဖြစ်​ကြ​သ​တည်း။ တစ်​ဖန် ပိ​လတ်​မင်း​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ မင်း​အ​ရာ​ရှိ၊ လူ​များ​တို့​ကို​ခေါ်​၍၊ ပြည်​သူ​ပြည်​သား​များ​ကို ပုန်​ကန်​စေ​သော​သူ​ကဲ့​သို့ ဤ​လူ​ကို သင်​တို့​သည် ငါ့​ထံ​သို့ ပို့​ဆောင်​ကြ​သည်​ဖြစ်၍၊ သင်​တို့​ရှေ့​မှာ ငါ​စစ်​ကြော​သော်​လည်း၊ သင်​တို့ တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ သူ၌​ငါ​မ​တွေ့။- ဟေ​ရုဒ်​မင်း​သည်​လည်း မ​တွေ့။ ထို​မင်း​ထံ​သို့ ငါ​ပို့​စေ​ပြီ။ ဤ​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ထိုက်​သော​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု။- ထို​ကြောင့် သူ့​ကို ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု ဆို​လေ၏။- ထို​ပွဲ၌ လူ​များ​တို့​အား တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လွှတ်​ဘဲ​မ​နေ​ရ​သ​တည်း။ လူ​အ​ပေါင်း​တို့​က၊ ထို​သူ​ကို ထုတ်​ပါ​လော့။ အ​ကျွန်ုပ်​တို့​အား ဗာ​ရ​ဗ္ဗ​ကို လွှတ်​ပါ​လော့​ဟု တ​ညီ​တ​ညွတ်​တည်း ဟစ်​ကြော်​ကြ၏။- ထို​ဗာ​ရ​ဗ္ဗ​ကား၊ မြို့၌ ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ၌ လှောင်​ထား​သော​သူ ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို လွှတ်​ချင်​သော​ကြောင့် သူ​တို့​အား တစ်​ဖန်​ပြော​ဆို​လေ၏။- သူ​တို့​က​လည်း၊ ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ။ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။- ပိ​လတ်​မင်း​က၊ ထို​သူ​သည် အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း။ သေ​ထိုက်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​မျှ သူ၌​ငါ​မ​တွေ့။ ထို​ကြောင့် သူ့​ကို​ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု သုံး​ကြိမ်​မြောက်​အောင်​ဆို​လျှင်၊- လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။- ပိ​လတ်​မင်း​သည်​လည်း သူ​တို့​တောင်း​သည်​အ​တိုင်း ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်၍၊- ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ​မှာ လှောင်​ထား​သော​သူ​ကို လူ​များ​တောင်း​သည်​အ​တိုင်း လွှတ်​ပြီး​မှ၊ ယေ​ရှု​ကို သူ​တို့ အ​လို​သို့ အပ်​လိုက်​လေ၏။