YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 23:1-12

ရှင်လုကာ 23:1-12 JBMLE

ထို​အ​ခါ မင်း​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ထ၍ ကိုယ်​တော်​ကို ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား​ကြ​ပြီး​လျှင်၊- ဤ​သူ​သည် ပြည်​သူ​ပြည်​သား​များ​ကို လှည့်​ဖြား၍၊ မိ​မိ​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​ကြောင်း​ကို​ဆို​လျက်၊ ကဲ​သာ​ဘု​ရင်​ကို အ​ခွန်​မ​ဆက်​နှင့်​ဟု မြစ်​တား​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ​ဟု အ​ပြစ်​တင်​ကြ၏။- ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​သ​လော​ဟု ယေ​ရှု​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။- ပိ​လတ်​မင်း​က၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ဟု ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ပေါင်း​တို့​အား ပြော​ဆို​လျှင်၊- ထို​သူ​တို့​သည် သာ၍​ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်​လျက်၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည်​မှ​စ၍ ဤ​အ​ရပ်​တိုင်​အောင် ယု​ဒ​ပြည်၌ အ​နှံ့​အ​ပြား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ လူ​များ​ကို​နှိုး​ဆော်​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​ဟူ​သော​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​သည် ဂါ​လိ​လဲ​လူ​ဖြစ်​သ​လော​ဟု မေး​မြန်း၍၊- ဟေ​ရုဒ်​မင်း​ပိုင်​သော သူ​ဖြစ်​သည်​ကို သိ​သော​အ​ခါ ထို​မင်း​ထံ​သို့ ပို့​စေ၏။ ထို​အ​ခါ ဟေ​ရုဒ်​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌ ရှိ​သ​တည်း။ ထို​မင်း​သည် ယေ​ရှု​ကို​မြင်​လျှင် အ​လွန်​ဝမ်း​မြောက်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က သ​တင်း​တော်​များ​ကို​ကြား၍၊ ကိုယ်​တော်​ကို​မြင်​ခြင်း​ငှာ ကြာ​မြင့်​စွာ အ​လို​ရှိ​သည်​ဖြစ်၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တစ်​စုံ​တစ်​ခု​ကို မြင်​ရ​မည်​ဟု မျှော်​လင့်​လျက်​နေ၏။- ထို​အ​ခါ ဟေ​ရုဒ်​မင်း​သည် ကိုယ်​တော်​ကို များ​စွာ​မေး​မြန်း​သော်​လည်း အ​ဘယ်​စ​ကား​ကို​မျှ ပြန်​တော်​မ​မူ။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ထ၍ ပြင်း​ထန်​စွာ အ​ပြစ်​တင်​ကြ၏။- ဟေ​ရုဒ်​မင်း​သည် စစ်​သူ​ရဲ​တို့​နှင့်​တ​ကွ ကိုယ်​တော်​ကို မ​ခန့်​မ​ညား​ဘဲ ပြက်​ရယ်​ပြု၍ တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​စေ​ပြီး​မှ ပိ​လတ်​မင်း​ထံ​သို့ ပို့​ပြန်​စေ၏။- ထို​နေ့၌ ပိ​လတ်​မင်း​နှင့် ဟေ​ရုဒ်​မင်း​တို့​သည် အ​ချင်း​ချင်း​အ​ဆွေ​ဖွဲ့​ကြ၏။ အ​ထက်​က ရန်​ဘက်​ဖြစ်​ကြ​သ​တည်း။