YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:1-13

ရှင်လုကာ 22:1-13 JBMLE

ပ​သ​ခါ​အ​မည်​ရှိ​သော အ​ဇု​မ​ပွဲ​ခံ​ခါ​နီး​တွင်၊- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့​သတ်​ရ​အံ့​နည်း​ဟု ရှာ​ကြံ​ကြ၏။ အ​ဘယ်​ကြောင့်​ရှာ​ကြံ​ရ​ကြ​သ​နည်း​ဟူ​မူ​ကား၊ လူ​များ​တို့​ကို ကြောက်​ကြ၏။ ထို​အ​ခါ စာ​တန်​သည် တ​ပည့်​တော် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​အ​ထဲ​သို့ ဝင်​သည်​ဖြစ်၍၊- ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​များ၊ ဗိ​မာန်​တော်​မှူး​များ​တို့​ထံ​သို့ သွား​ပြီး​လျှင်၊ ယေ​ရှု​ကို အ​ဘယ်​သို့ အပ်​ရ​မည်​နည်း​ဟူ၍ တိုင်​ပင်​လေ၏။- ထို​သူ​တို့​သည် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ ငွေ​ပေး​မည်​ဟု ဝန်​ခံ​ကြ၏။- ယု​ဒ​ရှ​ကာ​ရုတ်​သည်​လည်း ဝန်​ခံ​ပြီး​မှ လူ​များ​မ​ရှိ​စဉ်​တွင် ကိုယ်​တော်​ကို အပ်​ခြင်း​ငှာ အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ​ကို ရှာ​ကြံ​လျက်​နေ၏။ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ရ​သော​နေ့​တည်း​ဟူ​သော အ​ဇု​မ​ပွဲ​နေ့ ရောက်​သော​အ​ခါ၊- ကိုယ်​တော်​က၊ ငါ​တို့ စား​ဖို့​ရာ သင်​တို့​သည်​သွား၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ​လော့​ဟု ပေ​တ​ရု​နှင့် ယော​ဟန်​ကို စေ​လွှတ်​တော်​မူ၏။- သူ​တို့​က​လည်း၊ အ​ဘယ်​အ​ရပ်၌ ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ သင်​တို့​သည် မြို့​ထဲ​သို့​ဝင်​သော​အ​ခါ ရေ​အိုး​ဆောင်​သော​သူ​ကို တွေ့​လိမ့်​မည်။ ထို​သူ​နောက်​သို့ လိုက်၍ သူ​ဝင်​သော​အိမ်​သို့​ဝင်​ပြီး​မှ၊- ငါ​သည် ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို​စား​ရ​သော ဧည့်​သည်​အ​ခန်း​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဆ​ရာ​က မေး​သည်​ဟု အိမ်​ရှင်​ကို ပြော​ကြ​လော့။- ထို​သူ​သည် ပြင်​ဆင်​လျက်​ရှိ​သော အ​ထက်​အ​ခန်း​ကြီး​ကို ပြ​လိမ့်​မည်။ ထို​အ​ခန်း၌ ပြင်​ဆင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် သွား၍ စ​ကား​တော်​အ​တိုင်း တွေ့​လျှင်၊ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ၏။