YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 21:25-38

ရှင်လုကာ 21:25-38 JBMLE

ထို​အ​ခါ၊ နေ၊ လ၊ ကြယ်​န​က္ခတ်​တို့၌ ပု​ပ္ပ​နိ​မိတ် ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ​လည်း လူ​အ​မျိုး​မျိုး မ​ငြိမ်​မ​သက် စိုး​ရိမ်​ကြောင့်​ကြ​ခြင်း၊ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကြီး​ခြင်း၊- မြေ​ကြီး​ပေါ်​မှာ ဖြစ်​လ​တ္တံ့​သော ဘေး​များ​ကို​မျှော်၍ ကြောက်​လန့်​သ​ဖြင့်၊ လူ​များ​တို့၏ အ​သက်​ဆုံး​ခြင်း အ​မှု​အ​ရာ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။- ထို​အ​ခါ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး​လျက် ကြွ​လာ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။- ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​စ​ရှိ​သော​အ​ခါ၊ သင်​တို့​ကို ရွေး​နုတ်​သော​အ​ချိန်​ကာ​လ ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ မျှော်​ကြည့်၍ ခေါင်း​ကို​ကြွ​ကြ​လော့​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ထပ်၍ မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊ သင်္ဘော​သ​ဖန်း​ပင်​မှ​စ၍ သစ်​ပင်​များ​တို့​ကို မှတ်​ကြ​လော့။- အ​ရွက်​ပေါက်​သော​အ​ခါ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သည် အ​လို​အ​လျောက်​သိ​မြင်​ကြ၏။- ထို​နည်း​တူ ထို​အ​ကြောင်း​အ​ရာ​များ​ဖြစ်​သည်​ကို မြင်​ရ​လျှင်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​လု​နီး​သည်​ကို သိ​မှတ်​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​များ မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။ သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် အ​စား​အ​သောက်​လွန်​ကြူး​ခြင်း၊ လော​ကီ စိုး​ရိမ်​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​ပင်​ပန်း​လျက်​နေ​စဉ်၊ ထို​နေ့​ရက်​သည် အ​မှတ်​တ​မဲ့ သင်​တို့​နှင့် တွေ့​ကြုံ​လိမ့်​မည်။- ထို​နေ့​ရက်​သည် ပိုက်​ကွန်​ကဲ့​သို မြေ​တစ်​ပြင်​လုံး၌​နေ​သော လူ​အ​ပေါင်း​တို့​ကို အုပ်​မိ​လိမ့်​မည်။- ထို​ကြောင့် သင်​တို့​သည် ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​နှင့် ကင်း​လွတ်၍ လူ​သား​ထံ​သို့ ရောက်​ခြင်း​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်​အ​ကြောင်း၊ အ​စဉ်​ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သို့ ကိုယ်​တော်​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ ည​အ​ချိန်​ရောက်​လျှင် သံ​လွင်​အ​မည်​ရှိ​သော​တောင်​သို့ သွား၍ ည​ကို လွန်​စေ​တော်​မူ၏။- နံ​နက်​စော​စော လူ​များ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​သို့​သွား၍ အ​ထံ​တော်၌ ဒေ​သ​နာ​တော်​ကို နား​ထောင်​ကြ၏။