YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 20:41-47

ရှင်လုကာ 20:41-47 JBMLE

ယေ​ရှု​က​လည်း၊ ခ​ရစ်​တော်​သည် ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​ဟု အ​ဘယ်​ကြောင့်​ဆို​ကြ​သ​နည်း။- ဒါ​ဝိဒ်၏​စ​ကား​မှာ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု၊- ငါ့​သ​ခင်​အား မိန့်​တော်​မူ​သည်​ဟု ဆာ​လံ​ကျမ်း​စာ၌ ဒါ​ဝိဒ်​ဆို​သ​တည်း။- ထို​သို့ ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟူ၍​ခေါ်​လျှင် အ​ဘယ်​သို့ သူ၏​သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ၏။ ပ​ရိ​သတ်​များ နား​ထောင်​စဉ်​တွင် တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊- ကျမ်း​ပြု​ဆ​ရာ​တို့​ကို ရှောင်​ကြ​လော့။ သူ​တို့​သည် ရှည်​သော​အင်္ကျီ​ကို ဝတ်​လျက်​လည်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။ ဈေး၌​ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊ ပွဲ​သ​ဘင်၊ တ​ရား​ဇ​ရပ်​တို့၌ မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။- သူ​တို့​သည် မု​ဆိုး​မ​အိမ်​ကို လု​ယူ​သိမ်း​စား၍ အ​ပြစ်​မ​ပေါ်​စေ​ခြင်း​ငှာ ရှည်​စွာ​သော ပ​တ္ထ​နာ​စ​ကား​ကို ရွတ်​တတ်​ကြ၏။ ထို​သူ​တို့​သည် သာ၍ ကြီး​စွာ​သော​ဒဏ်​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 20:41-47 အကြောင်း ဗီဒီယိုများ