YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 19

19
ယေ​ရှု​နှင့်​ဇက္ခဲ
1ယေ​ရှု​သည် ယေ​ရိ​ခေါ​မြို့​သို့ ဝင်၍ လျှောက်​သွား​တော်​မူ၏။- 2ထို​အ​ခါ ဇ​က္ခဲ​အ​မည်​ရှိ​သော အ​ခွန်​ခေါင်း​တစ်​ယောက် ရှိ၏။ ထို​သူ​သည် ငွေ​ရ​တတ်​သော​သူ​ဖြစ်၏။- 3ယေ​ရှု​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို ထို​သူ​သည် ကြည့်​လို၍၊ လူ​အ​စု​အ​ဝေး​များ​သော​ကြောင့်၊ မိ​မိ​အ​ရပ်​လည်း နိမ့်​သည်​ဖြစ်၍ မ​မြင်​နိုင်။- 4ထို​ကြောင့် ကြွ​တော်​မူ​မည့်​လမ်း​တွင် ရှေ့​သို့​ပြေး၍ ကိုယ်​တော်​ကို မြင်​အံ့​သော​ငှာ သ​ဖန်း​ပင်​တစ်​ပင်​ကို တက်​လေ၏။- 5ထို​အ​ရပ်​သို့ ယေ​ရှု​သည် ရောက်​တော်​မူ​သော​အ​ခါ မျှော်​ကြည့်၍ ထို​သူ​ကို မြင်​တော်​မူ​လျှင်၊- 6ဇ​က္ခဲ၊ မြန်​မြန်​ဆင်း​လော့။ သင်၏​အိမ်၌ ယ​နေ့ ငါ​တည်း​နေ​မည်​ဟု မိန့်​တော်​မူ၏။ ဇ​က္ခဲ​သည် အ​လျင်​အ​မြန်​ဆင်း၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ကိုယ်​တော်​ကို မိ​မိ​အိမ်၌ ဧည့်​ခံ​လေ၏။- 7ထို​အ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည်​မြင်​လျှင်၊ ဆိုး​သော​လူ၏​အိမ်​သို့​ဝင်၍ လုပ်​ကျွေး​ခြင်း​ကို ခံ​တော်​မူ​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။- 8ဇ​က္ခဲ​သည်​လည်း ရပ်​နေ၍၊ သ​ခင်၊ အ​ကျွန်ုပ်၏ ဥ​စ္စာ​တစ်​ဝက်​ကို ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ပါ၏။ တစ်​စုံ​တစ်​ယောက်​သော​သူ၏ ဥ​စ္စာ​အ​နည်း​ငယ်​ကို အ​ကျွန်ုပ်​ယူ​မိ​လျှင်၊ လေး​ဆ​ပြန်၍​ပေး​ပါ၏​ဟု သ​ခင်​ဘု​ရား​ကို လျှောက်​ဆို၏။- 9ယေ​ရှု​က​လည်း၊ ဤ​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​နှင့်​အ​လျောက်၊ ယ​နေ့​ပင် ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဤ​အိမ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။- 10လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။#မ၊ ၁၈:၁၁။
ရွှေ​ဒင်္ဂါး​ဥ​ပ​မာ
(မ၊ ၂၅:၁၄-၃၀)
11ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် ချက်​ချင်း​ပေါ်​ထွန်း​မည်​ဟု လူ​များ​ထင်​မှတ်​သော​ကြောင့်၊ ပ​ရိသတ်​အ​လယ်၌ မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊-#မ၊ ၂၅:၁၄-၃၀။ 12အ​မတ်​တစ်​ယောက်​သည် မင်း​ကြီး​အ​ရာ​ကို ခံ​လို၍ မိ​မိ​ပြည်​သို့ ပြန်​လာ​မည်​ဟု အ​ကြံ​ရှိ​လျက် ဝေး​သော​ပြည်​သို့ သွား၏။- 13မ​သွား​မီ မိ​မိ​ငယ်​သား​တစ်​ကျိပ်​ကို ခေါ်၍၊ ငွေ​တစ်​ပိဿာ စီ​အပ်​ပေး​လျက် ငါ​ပြန်၍ မ​လာ​မီ​တိုင်​အောင် ကုန်​သွယ်​ခြင်း​အ​မှု​ကို ပြု​ကြ​လော့​ဟု မှာ​ထား​လေ၏။- 14ပြည်​သား​အ​ချို့​သည် ထို​အ​မတ်​ကို မ​နာ​လို၍၊ ထို​သူ၏ အ​အုပ်​အ​ချုပ်​ကို ငါ​တို့​မ​ခံ​လို​ပါ​ဟု တ​မန်​ကို သူ့​နောက်​သို့ စေ​လွှတ်​ကြ၏။- 15ထို​အ​မတ်​သည် မင်း​ကြီး​အ​ရာ​ကို​ခံ၍ ပြန်​လာ​တော်​မူ​သော​အ​ခါ၊ ငွေ​ခံ​သော​ငယ်​သား​တို့​သည် အ​သီး​အ​သီး အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို သိ​ခြင်း​ငှာ သူ​တို့​ကို​ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ၏။
16ပ​ထ​မ​သူ​သည် လာ၍၊ သ​ခင်၊ ကိုယ်​တော်​ပေး​သော ငွေ​တစ်​ပိဿာ​အား​ဖြင့် အ​ခွက်​တစ်​ဆယ် အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လျှင်၊- 17သ​ခင်​က၊ သာ​ဓု၊ ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ မြို့​ဆယ်​မြို့​ကို အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။- 18ဒု​တိ​ယ​သူ​သည် လာ၍၊ သ​ခင်၊ ကိုယ်​တော်​ပေး​သော ငွေ​တစ်​ပိဿာ​အား​ဖြင့် ငါး​ပိဿာ​အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လျှင်၊- 19သ​ခင်​က၊ သင်​သည် မြို့​ငါး​မြို့​ကို​အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။- 20အ​ခြား​သော​သူ​သည် လာ၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ပ​ဝါ၌​ထုပ်​ထား​သော ကိုယ်​တော်၏ ငွေ​တစ်​ပိဿာ​ရှိ​ပါ၏။ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့်၊- 21ကိုယ်​မ​သို​မ​ထား​သော ဥ​စ္စာ​ကို​သိမ်း​ယူ၍၊ ကိုယ်​မ​စိုက်​မ​ပျိုး​သော လယ်၌ ရိတ်​တတ်​သည်​ကို အ​ကျွန်ုပ်​ထောက်၍ ကိုယ်​တော်​ကို ကြောက်​ပါ​သည်​ဟု လျှောက်​လျှင်၊- 22သ​ခင်​က၊ ဆိုး​ညစ်​သော​ငယ်​သား၊ သင်၏ စ​ကား​ကို​သာ​လိုက်၍ သင်၏​အ​မှု​ကို ငါ​စီ​ရင်​မည်။ ငါ​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​လျက် ကိုယ်​မ​သို​မ​ထား​သော​ဥ​စ္စာ​ကို သိမ်း​ယူ၍၊ ကိုယ်​မ​စိုက်​မ​ပျိုး​သော​လယ်၌ ရိတ်​သည်​ကို သင်​သိ​သည်​မှန်​လျှင်၊- 23ငါ့​ငွေ​ကို ပွဲ​စား​လက်​သို့ အ​ဘယ်​ကြောင့်​မ​အပ်​သ​နည်း။ ထို​သို့​အပ်​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငွေ​ရင်း​နှင့် အ​တိုး​ကို​ရ​နိုင်​သည်​ဟု မိန့်​တော်​မူ​ပြီး​သော်၊- 24အ​ခြွေ​အ​ရံ​တို့​အား၊ ငွေ​တစ်​ပိဿာ​ကို သူ့​လက်​မှ နုတ်​ကြ။ အ​ခွက်​တစ်​ဆယ်​ရှိ​သော​သူ​အား ပေး​ကြ​ဟု မိန့်​တော်​မူ၏။- 25အ​ခြွေ​အ​ရံ​တို့​က​လည်း၊ သ​ခင်၊ ထို​သူ၌ အ​ခွက်​တစ်​ဆယ်​ရှိ​ပါ၏​ဟု လျှောက်​ကြ​လျှင်၊ 26ငါ​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ​အား ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။-#မ၊ ၁၃:၁၂။ မာ၊ ၄:၂၅။ လု၊ ၈:၁၈။ 27ထို​မှ​တစ်​ပါး ငါ၏​အ​အုပ်​အ​ချုပ်​ကို မ​ခံ​လို​သော ငါ့​ရန်​သူ​တို့​ကို ခေါ်​ခဲ့​ကြ။ ငါ့​ရှေ့​မှာ​သတ်​ကြ​ဟု စီ​ရင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။
ယေ​ရု​ရှ​လင်​မြို့​သို့​ဝင်​ရောက်​ခြင်း
(မ၊ ၂၁:၁-၁၁။ မာ၊ ၁၁:၁-၁၁။ ယော၊ ၁၂:၁၂-၁၉)
28ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ တ​ပည့်​တော်​တို့ ရှေ့၌​ကြွ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​တော်​မူ၏။- 29သံ​လွင်​အ​မည်​ရှိ​သော တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​နှင့် ဗေ​သ​နိ​ရွာ​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊- 30သင်​တို့​ရှေ့၌​ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ​သို့ ရောက်​လျှင် အ​ဘယ်​သူ​မျှ မ​စီး​ဖူး​သော​မြည်း​က​လေး ချည်​နှောင်​လျက်​ရှိ​သည်​ကို သင်​တို့​သည် တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို​ဖြည်၍ ဆောင်​ခဲ့​ကြ။- 31သူ​တစ်​ပါး​က အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို ဖြည်​သ​နည်း​ဟု သင်​တို့​ကို​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။- 32ထို​သို့ စေ​လွှတ်​သော​သူ​တို့​သည် သွား၍ စ​ကား​တော်​အ​တိုင်း တွေ့​ကြ၏။- 33မြည်း​ကြိုး​ကို ဖြည်​စဉ်​တွင် မြည်း​ရှင်​တို့​က၊ အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို ဖြည်​သ​နည်း​ဟု​ဆို​လျှင်၊- 34သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ၏။ ယေ​ရှု​ထံ​တော်​သို့ မြည်း​က​လေး​ကို ဆောင်​ခဲ့၍၊- 35မြည်း​ကျော​ပေါ်​မှာ မိ​မိ​တို့​အ​ဝတ်​ကို တင်​ပြီး​လျှင် ကိုယ်​တော်​ကို စီး​စေ​ကြ၏။- 36ခ​ရီး​သွား​တော်​မူ​စဉ်​တွင် လူ​များ​တို့​သည် မိ​မိ​တို့ အ​ဝတ်​ကို လမ်း၌​ခင်း​ကြ၏။- 37သံ​လွင်​တောင်​ပေါ်​က ဆင်း​ရာ​အ​ရပ်​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​များ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​မြင်​ခဲ့​ပြီး​သော တန်​ခိုး​တော်​များ​ကို​ထောက်၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု၍၊- 38ထာ​ဝ​ရ​ဘု​ရား၏ အ​ခွင့်​နှင့်​ကြွ​လာ​တော်​မူ​သော​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘ​ဝဂ်​ဝယ် ဘုန်း​ကြီး​ပါ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- 39လူ​အ​စု​အ​ဝေး၌​ပါ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်၏​တ​ပည့်​တို့​ကို ဆုံး​မ​ပါ​ဟု လျှောက်​ကြ​သော်၊- 40ယေ​ရှု​က​လည်း၊ ငါ​ဆို​သည်​ကား၊ ဤ​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​လျှင် ကျောက်​ခဲ​တို့​သည် ချက်​ချင်း ကြွေး​ကြော်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
ယေ​ရု​ရှ​လင်​အ​တွက်​ငို​ကြွေး​ခြင်း
41ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်၍ ကြည့်​မြင်​လျက် ငို​ကြွေး​တော်​မူ၍၊- 42အ​ချင်း​မြို့၊ သင်၏​ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်၏​လက်​ထက် ယ​ခု​ကာ​လ၌​ပင် သင်​သည်​သိ​ရ​လျှင် မင်္ဂ​လာ​ရှိ၏။ ယ​ခု​မူ​ကား၊ ထို​အ​ရာ​တို့​ကို သင်၏​မျက်​စိ​ရှေ့​မှာ မ​ထင်​ရှား​စေ​ခြင်း​ငှာ ဝှက်​ထား​လျက်​ရှိ၏။- 43အ​ကြောင်း​မူ​ကား၊ သင့်​ကို ကြည့်​ရှု​ပြု​စု​တော်​မူ​သော ကျေး​ဇူး​ကို သင်​သည် မ​သိ​မ​မှတ်​သော​ကြောင့်၊ သင်၏​ရန်​သူ​တို့​သည် သင့်​ပတ်​လည်​တွင် တပ်​တည်၍ လေး​မျက်​နှာ၌ ဝိုင်း​ရံ​လျက် ချုပ်​ထား​ပြီး​လျှင်၊- 44သင်၏​ကိုယ်​မှ​စ၍ သင်၏ သား​သ​မီး​တို့​ကို မြေ​နှင့်​တ​ညီ​တည်း ညှိ​သ​ဖြင့်၊ သင်၏​ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ ထပ်​ဆင့်၍ မ​ကျန်​ရစ်​စေ​ခြင်း​ငှာ ပြု​ကြ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
ဗိ​မာန်​တော်​သို့​၀င်​ရောက်​ခြင်း
(မ၊ ၂၁:၁၂-၁၇။ မာ၊ ၁၁:၁၅-၁၉။ ယော၊ ၂:၁၃-၂၂။)
45ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌ ရောင်း​ဝယ်​သော​သူ​တို့​ကို နှင်​ထုတ်​လျက်၊- 46ငါ့​အိမ်​သည် ဆု​တောင်း​ရာ​အိမ်​ဖြစ်၏​ဟု ကျမ်း​စာ၌ လာ​သော်​လည်း၊ သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။-#ဟေ​ရှာ၊ ၅၆:၇။ ယေ၊ ၇:၁၁။ 47ကိုယ်​တော်​သည် နေ့​တိုင်း​ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​သည် ကိုယ်​တော်​ကို သတ်​ခြင်း​ငှာ ရှာ​ကြ​သော်​လည်း၊-#လု၊ ၂၁:၃၇။ 48လူ​အ​ပေါင်း​တို့​သည် ဒေ​သ​နာ​တော်​ကို စေ့​စေ့​နား​ထောင်​သော​ကြောင့် သတ်​နိုင်​သော​အ​ခွင့်​ကို မ​တွေ့​မ​ရ​ကြ။

လက်ရှိရွေးချယ်ထားမှု

ရှင်လုကာ 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ