YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 18:31-34

ရှင်လုကာ 18:31-34 JBMLE

ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်၍၊ ငါ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။ ပ​ရော​ဖက်​များ ရေး​မှတ်​သ​မျှ​သည် လူ​သား၌ ပြည့်​စုံ​ရ​လိမ့်​မည်။- တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ခြင်း၊ ပြက်​ရယ်​ပြု​ခြင်း၊ ညှဉ်း​ဆဲ​ခြင်း၊ တံ​တွေး​နှင့် ထွေး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။- သူ​တို့​သည် လူ​သား​ကို​ရိုက်​ပုတ်၍ သတ်​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​စ​ကား​တော်​တစ်​ခွန်း​ကို​မျှ တ​ပည့်​တော်​တို့​သည် နား​မ​လည်​ကြ။ ထို​အ​ကြောင်း​အ​ရာ​သည် ဝှက်​ထား​လျက်​ရှိ​သည်​ဖြစ်၍ မိန့်​တော်​မူ​ချက်​အ​နက်​ကို မ​ရိပ်​မိ​ကြ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။