YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 18:15-43

ရှင်လုကာ 18:15-43 JBMLE

ထို​အ​ခါ သူ​ငယ်​တို့​ကို လက်​တော်​နှင့်​တို့​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ကို တ​ပည့်​တော်​တို့​သည် မြင်​လျှင် အ​ပြစ်​တင်​ကြ၏။- ယေ​ရှု​သည် ထို​သူ​ငယ်​တို့​ကို ခေါ်​တော်​မူ၍ ငါ့​ထံ​သို့​လာ​ပါ​လေ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့ မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု မိန့်​တော်​မူ၏။ အ​ရာ​ရှိ​တစ်​ယောက်​က၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊- ယေ​ရှု​က၊ ငါ့​ကို ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့် ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။- သင်​သည် ပ​ညတ်​တော်​တို့​ကို သိ​သည်​မ​ဟုတ်​လော။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့​ဟု မိန့်​တော်​မူ​လျှင်၊- အ​ရှင်​ဘု​ရား၊ ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို ငယ်​သော​အ​ရွယ်​မှ​စ၍ အ​ကျွန်ုပ်​စောင့်​ရှောက်​ပါ​ပြီ​ဟု လျှောက်​ပြန်​သည်​ကို ယေ​ရှု​သည်​ကြား​လျှင် သင်​သည် တစ်​ခု​လို​သေး၏။- ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ဝေ​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။ ထို​သို့ စိတ်​မ​သာ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏။- ကု​လား​အုတ်​သည် အပ်​န​ဖား​ကို လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု မိန့်​တော်​မူ၏။- ကြား​သော​သူ​တို့​က​လည်း၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။- ကိုယ်​တော်​က​လည်း၊ လူ​မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ပေ​တ​ရု​က၊ အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို စွန့်​ပစ်၍ ကိုယ်​တော်​နောက်​သို့ လိုက်​ကြ​ပါ​ပြီ​ဟု လျှောက်​လေ​သော်၊- ကိုယ်​တော်​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကြောင့်၊ အိမ်​ရာ၊ မိ​ဘ၊ ညီ​အစ်​ကို၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို စွန့်၏။- ထို​သူ​သည် ယ​ခု​ကာ​လ၌ အ​ဆ​များ​စွာ​သော အ​ကျိုး​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်၍၊ ငါ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။ ပ​ရော​ဖက်​များ ရေး​မှတ်​သ​မျှ​သည် လူ​သား၌ ပြည့်​စုံ​ရ​လိမ့်​မည်။- တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ခြင်း၊ ပြက်​ရယ်​ပြု​ခြင်း၊ ညှဉ်း​ဆဲ​ခြင်း၊ တံ​တွေး​နှင့် ထွေး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။- သူ​တို့​သည် လူ​သား​ကို​ရိုက်​ပုတ်၍ သတ်​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​စ​ကား​တော်​တစ်​ခွန်း​ကို​မျှ တ​ပည့်​တော်​တို့​သည် နား​မ​လည်​ကြ။ ထို​အ​ကြောင်း​အ​ရာ​သည် ဝှက်​ထား​လျက်​ရှိ​သည်​ဖြစ်၍ မိန့်​တော်​မူ​ချက်​အ​နက်​ကို မ​ရိပ်​မိ​ကြ။ ယေ​ရိ​ခေါ​မြို့​အ​နီး၌ ရှိ​တော်​မူ​စဉ်​တွင်၊ လူ​ကန်း​တစ်​ယောက်​သည် လမ်း​နား​မှာ​ထိုင်၍ တောင်း​စား​လေ၏။- ထို​လူ​ကန်း​သည် လမ်း၌ လူ​များ​သွား​သံ​ကို ကြား​လျှင် အ​ဘယ်​သို့ ဖြစ်​သ​နည်း​ဟု​မေး၏။- နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကြွ​သွား​ကြောင်း​ကို သူ​တစ်​ပါး​ပြော​လျှင်၊- ဒါ​ဝိဒ်၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။- ထို​သူ​ကို တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ ရှေ့​တော်၌ သွား​သော​သူ​တို့​သည် ငေါက်၍ ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်၏​သား​တော်၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု သာ၍ ဟစ်​ကြော်​ကြ​လေ၏။- ယေ​ရှု​သည်​လည်း ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ လူ​ကန်း​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပြီး​မှ၊ သင်၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- သ​ခင်၊ အ​ကျွန်ုပ်​မျက်​စိ​မြင်​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လျှောက်​လေ​သော်၊- ယေ​ရှု​က၊ မျက်​စိ​မြင်​စေ။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို ကယ်​မ​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​ခ​ဏ​ချင်း​တွင် ထို​သူ​သည် မျက်​စိ​မြင်၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​လျက် နောက်​တော်​သို့ လိုက်​လေ၏။ လူ​အ​ပေါင်း​တို့​သည် မြင်​လျှင် ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​ကြ၏။

ရှင်လုကာ 18:15-43 အကြောင်း ဗီဒီယိုများ