ရှင်လုကာ 18:15-43
ရှင်လုကာ 18:15-43 Judson Bible (JBMLE)
ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှာ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော်တို့သည် မြင်လျှင် အပြစ်တင်ကြ၏။- ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။- ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။ အရာရှိတစ်ယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊- ယေရှုက၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့် ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏။- သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊- အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက်ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တစ်ခုလိုသေး၏။- ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။- ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည်နှင့် သွားလေ၏။ ထိုသို့ စိတ်မသာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။- ကုလားအုတ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။- ကြားသောသူတို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု ပြောဆိုကြ၏။- ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊- ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တစ်ပါးပါးကို စွန့်၏။- ထိုသူသည် ယခုကာလ၌ အဆများစွာသော အကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့ဟု မိန့်တော်မူ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ ပရောဖက်များ ရေးမှတ်သမျှသည် လူသား၌ ပြည့်စုံရလိမ့်မည်။- တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံခြင်း၊ ပြက်ရယ်ပြုခြင်း၊ ညှဉ်းဆဲခြင်း၊ တံတွေးနှင့် ထွေးခြင်းကို ခံရလိမ့်မည်။- သူတို့သည် လူသားကိုရိုက်ပုတ်၍ သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။- ထိုစကားတော်တစ်ခွန်းကိုမျှ တပည့်တော်တို့သည် နားမလည်ကြ။ ထိုအကြောင်းအရာသည် ဝှက်ထားလျက်ရှိသည်ဖြစ်၍ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ။ ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတစ်ယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။- ထိုလူကန်းသည် လမ်း၌ လူများသွားသံကို ကြားလျှင် အဘယ်သို့ ဖြစ်သနည်းဟုမေး၏။- နာဇရက်မြို့သားယေရှု ကြွသွားကြောင်းကို သူတစ်ပါးပြောလျှင်၊- ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။- ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ ရှေ့တော်၌ သွားသောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြလေ၏။- ယေရှုသည်လည်း ရပ်တော်မူလျက်၊ ထိုသူကို ခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ လူကန်းသည် အထံတော်သို့ ချဉ်းကပ်ပြီးမှ၊ သင်၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊- သခင်၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှာ ပြုတော်မူပါဟု လျှောက်လေသော်၊- ယေရှုက၊ မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။- ထိုခဏချင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ၏။

ရှင်လုကာ 18:15-43 Common Language Bible (BCL)
လက်တော်ဖြင့်တို့ထိတော်မူစေရန်လူအချို့တို့ သည်မိမိတို့၏ကလေးသူငယ်များကိုအထံ တော်သို့ခေါ်ဆောင်ခဲ့ကြသည်ကို တပည့်တော် တို့မြင်လျှင်ထိုသူတို့အားအပြစ်တင်ကြ၏။- သို့ရာတွင်သခင်ယေရှုသည်ကလေးတို့ကို ခေါ်လျက် ``ကလေးသူငယ်တို့ငါ့ထံသို့လာ ကြပါစေ။ မဆီးတားကြနှင့်၊ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏နိုင်ငံတော်သည် ထို သို့သောသူတို့၏နိုင်ငံဖြစ်သောကြောင့်တည်း။- အမှန်အကန်သင်တို့အားငါဆိုသည်ကား ကလေးသူငယ်ကဲ့သို့ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူလျှင် နိုင်ငံတော်သို့ဝင်ရ လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ ယုဒအမျိုးသားအရာရှိတစ်ယောက် က ``ကောင်းမြတ်တော်မူသောဆရာ၊ ထာဝရ အသက်ကိုရအံ့ငှာအကျွန်ုပ်သည်အဘယ် အရာကိုပြုရပါမည်နည်း'' ဟုကိုယ်တော် အားမေးလျှောက်၏။ သခင်ယေရှုက ``သင်သည်အဘယ်ကြောင့်ငါ့ ကိုကောင်းမြတ်သည်ဟုခေါ်သနည်း။ ဘုရား သခင်မှတစ်ပါးကောင်းမြတ်သူတစ်စုံတစ် ယောက်မျှမရှိ။- သင်သည်ပညတ်တော်တို့ကိုသိသည်မဟုတ် လော။ `သူ့အိမ်ရာကိုမပြစ်မှားနှင့်။ လူ့အသက် ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သော သက်သေကိုမခံနှင့်။ မိဘကိုရိုသေသမှုပြု လော့'' ဟုမိန့်တော်မူ၏။ ထိုသူက ``ဤပညတ်များကိုအကျွန်ုပ်သည် ငယ်စဉ်မှစ၍စောင့်ထိန်းခဲ့ပါပြီ'' ဟုလျှောက် ၏။ ထိုစကားကိုကြားတော်မူလျှင်သခင်ယေရှု က ``သင်သည်ပြုလုပ်ရန်တစ်ခုလိုသေး၏။ သင့် ဥစ္စာရှိသမျှကိုရောင်း၍ဆင်းရဲသူတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ပြုလျှင်သင်သည် ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရလိမ့်မည်။ သို့ စွန့်ကြဲပြီးနောက်ငါ့နောက်သို့လိုက်လော့'' ဟု မိန့်တော်မူ၏။- ထိုသူကားဥစ္စာများစွာကြွယ်ဝသူဖြစ်သဖြင့် ကိုယ်တော်၏စကားကိုကြားသောအခါအလွန် ပင်စိတ်ညှိုးငယ်သွားလေ၏။ ထိုအခြင်းအရာကိုသခင်ယေရှုမြင်တော်မူ လျှင် ``ဥစ္စာကြွယ်ဝသူများသည်နိုင်ငံတော်သို့ ဝင်ရန်ခက်လှ၏။- အပ်နဖားကိုကုလားအုတ်လျှိုဝင်ရန်လွယ် ကောင်းလွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံ တော်သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားမလွယ် ကူ'' ဟုမိန့်တော်မူ၏။ ထိုစကားကိုကြားကြသောသူတို့က ``ဤသို့ ဖြစ်ပါမူအဘယ်သူသည်ကယ်တင်ခြင်းကိုရ နိုင်ပါမည်နည်း'' ဟုမေးလျှောက်ကြ၏။ ကိုယ်တော်က ``လူတို့မတတ်နိုင်သောအရာကို ဘုရားသခင်တတ်နိုင်တော်မူ၏'' ဟုမိန့်တော် မူ၏။ ပေတရုက ``အရှင်ဘုရား၊ အကျွန်ုပ်တို့သည် မိမိတို့၏အိုးအိမ်ကိုစွန့်၍ ကိုယ်တော်၏နောက် တော်သို့လိုက်ခဲ့ကြပါပြီ'' ဟုလျှောက်၏။ ကိုယ်တော်က ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကားဘုရားသခင်၏နိုင်ငံတော်အတွက် မိမိ၏အိမ်ကိုဖြစ်စေ၊ ဇနီးကိုဖြစ်စေ၊ ညီအစ် ကိုဖြစ်စေ၊ မိဘဖြစ်စေ၊ သားသမီးဖြစ်စေစွန့် သောသူသည်၊- ဤဘဝ၌အဆပေါင်းများစွာသောအကျိုး ခံစားရသည်သာမက နောင်ဘဝ၌လည်း ထာဝရအသက်ကိုရလိမ့်မည်'' ဟုမိန့်တော် မူ၏။ သခင်ယေရှုသည်တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူပြီးလျှင် ``နားထောင်ကြလော့။ ငါ တို့သည်ယေရုရှလင်မြို့သို့ခရီးပြုလျက် ရှိကြ၏။ လူသားအကြောင်းနှင့်ပတ်သက်၍ ပရောဖက်များဖော်ပြခဲ့သည့်အမှုအရာ အလုံးစုံတို့သည်ဖြစ်ပျက်ရလိမ့်မည်။- လူသားကိုလူမျိုးခြားတို့၏လက်သို့အပ်နှံ ကြလိမ့်မည်။ သူ့ကိုပြောင်လှောင်စော်ကား၍ တံတွေးနှင့်ထွေးကြလိမ့်မည်။- ကြိမ်ဒဏ်ပေး၍အသေသတ်ကြလိမ့်မည်။ ထို နောက်သုံးရက်မြောက်သောနေ့၌လူသားသည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်တပည့်တော်တို့သည်ကိုယ်တော်၏ စကားတစ်ခွန်းကိုမျှနားမလည်ကြ။ ထို စကားများ၏အနက်အဋ္ဌိပ္ပါယ်သည်ကွယ်ဝှက် လျက်နေသဖြင့် ကိုယ်တော်၏မိန့်တော်မူချက် ကိုနားမလည်ကြ။ သခင်ယေရှုသည်ယေရိခေါမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦး သည်လမ်းနားမှာထိုင်၍တောင်းစားလျက်နေ၏။- သူသည်လူပရိသတ်များသွားကြသံကို ကြားလျှင်အကြောင်းကိုစုံစမ်းမေးမြန်း၏။ လူတို့ကနာဇရက်မြို့သားယေရှုကြွလာ တော်မူလျက်ရှိကြောင်းပြောကြ၏။ ထိုသူက ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ် ကိုသနားတော်မူပါ'' ဟုဟစ်အော်၏။ ရှေ့တွင်ရှိသည့်လူများကသူ့အားတိတ်တိတ် နေရန်ငေါက်ငမ်းပြောဆိုကြ၏။ သို့သော်လည်း သူသည် ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို သနားတော်မူပါ'' ဟုပို၍ပင်ဟစ်အော်လေ၏။ သို့ဖြစ်၍သခင်ယေရှုသည်ရပ်တန့်တော်မူ လျက် ``ထိုသူအားခေါ်ခဲ့ပါ'' ဟုမိန့်တော်မူ၏။ ထိုသူသည်အနီးသို့ရောက်လျှင်၊- ကိုယ်တော်က ``သင့်အတွက်အဘယ်အရာကို ပြုစေလိုသနည်း'' ဟုမေးတော်မူ၏။ မျက်မမြင်က ``အရှင်၊ အကျွန်ုပ်အားမျက်စိ မြင်စေတော်မူပါ'' ဟုလျှောက်၏။ သခင်ယေရှုက ``မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည်သင့်မျက်စိကိုမြင်စေပြီ'' ဟုမိန့်တော်မူ၏။ ထိုခဏ၌သူသည်မျက်စိမြင်လာ၏။ ထိုနောက် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူး လျက် ကိုယ်တော်၏နောက်သို့လိုက်လေ၏။ ထိုအခြင်း အရာကိုမြင်လျှင် လူအပေါင်းတို့သည်ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။
ရှင်လုကာ 18:15-43 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့မြင်လျှင် သူတို့ကိုဆူငေါက်ကြ၏။ သို့ရာတွင် ယေရှုသည် ထိုကလေးသူငယ်များကိုခေါ်၍“ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။ သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။ တစ်ခါက အကြီးအကဲတစ်ဦးသည် ကိုယ်တော်အား “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။ ယေရှုက“ငါ့ကိုကောင်းမြတ်သောသူဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းမှလွဲ၍ ကောင်းမြတ်သောသူတစ်စုံတစ်ဦးမျှမရှိ။ ‘အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ။ လူမသတ်ရ။ မခိုးယူရ။ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ။ သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့’ဟူသောပညတ်တော်တို့ကို သင်သိသည်မဟုတ်လော”ဟု မိန့်တော်မူ၏။ ထိုသူကလည်း “အကျွန်ုပ်သည် ဤအရာအားလုံးကို ငယ်စဉ်ကတည်းက စောင့်ထိန်းပါပြီ”ဟု လျှောက်လေ၏။ ယေရှုသည် ထိုစကားကိုကြားလျှင်“သင်၌တစ်ခုလိုသေး၏။ သင်၌ရှိသမျှသောအရာအားလုံးတို့ကို ရောင်းပြီးလျှင် ဆင်းရဲသားတို့အား ခွဲဝေပေးလော့။ ထိုသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဥစ္စာဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။ ထိုသူသည် အလွန်ချမ်းသာသောသူဖြစ်သောကြောင့် ထိုစကားကိုကြားသောအခါ အလွန်ဝမ်းနည်းလေ၏။ ယေရှုသည် ထိုသူအလွန်ဝမ်းနည်းသည်ကိုမြင်လျှင်“ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား။ ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုတ်သည် အပ်နဖားပေါက်မှလျှိုဝင်ရန် ပို၍လွယ်ကူ၏”ဟု မိန့်တော်မူ၏။ ထိုစကားကိုကြားသောသူတို့က “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု ပြောဆိုကြ၏။ ကိုယ်တော်ကလည်း“လူတို့အတွက်မဖြစ်နိုင်သောအရာများသည် ဘုရားသခင်အတွက်ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ပိုင်ဆိုင်သောအရာများကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ကြပါပြီ”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်အတွက် အိမ်ကိုဖြစ်စေ၊ ဇနီးကိုဖြစ်စေ၊ ညီအစ်ကိုကိုဖြစ်စေ၊ မိဘကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ စွန့်သောသူတို့တွင် ယခုဘဝ၌ အဆပေါင်းများစွာသောအကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း မရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိ”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍“နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့သွားနေကြ၏။ လူ့သားနှင့်ပတ်သက်၍ ပရောဖက်တို့ရေးထားသောအရာအားလုံးတို့သည် ပြည့်စုံရလိမ့်မည်။ အကြောင်းမူကား သူသည် လူမျိုးခြားတို့ထံ အပ်နှံခြင်းကိုခံရလျက် ပြောင်လှောင်ခြင်း၊ နှိပ်စက်ခြင်း၊ တံတွေးနှင့်ထွေးခြင်းတို့ကိုခံရလိမ့်မည်။ ထို့နောက် သူတို့သည် သူ့ကိုဒဏ်ခတ်ရိုက်နှက်၍ အသေသတ်ကြလိမ့်မည်။ သို့သော် သူသည် သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်”ဟု မိန့်တော်မူ၏။ သို့ရာတွင် တပည့်တော်တို့သည် ထိုအကြောင်းအရာတစ်စုံတစ်ခုကိုမျှ သဘောမပေါက်ကြ။ ထိုအရာသည် သူတို့ထံမှ ကွယ်ဝှက်ထားခြင်းခံရသည်ဖြစ်၍ မိန့်တော်မူသောအရာတို့ကို သူတို့နားမလည်နိုင်ကြချေ။ ကိုယ်တော်သည် ဂျေရိခေါမြို့အနီးသို့ရောက်လာစဉ်တွင် မျက်မမြင်တစ်ဦးသည် လမ်းဘေး၌ထိုင်လျက် တောင်းစားနေ၏။ သူသည် လူထုပရိသတ်ဖြတ်သွားသည်ကိုကြား၍ မည်သည့်အရာဖြစ်နေသည်ကို မေးမြန်းလေ၏။ လူတို့ကနာဇရက်မြို့သားယေရှုဖြတ်သွားတော်မူကြောင်း သူ့အား ပြောပြကြလျှင် ထိုသူက “ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု အော်ဟစ်လေ၏။ ရှေ့မှသွားသောသူတို့သည် သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူသည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု ပို၍အော်ဟစ်လေ၏။ ထိုအခါ ယေရှုသည် ရပ်တန့်လျက် ထိုသူကို မိမိထံသို့ခေါ်ခဲ့ရန် အမိန့်ပေးတော်မူ၏။ သူသည် အနီးသို့ရောက်လာသောအခါ ကိုယ်တော်က “သင့်အတွက် မည်သည့်အမှုကိုပြုစေလိုသနည်း”ဟု မေးတော်မူလျှင် ထိုသူက “မျက်စိမြင်အောင်လုပ်ပေးစေလိုပါသည် သခင်ဘုရား”ဟု လျှောက်လေ၏။ ယေရှုကလည်း“မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ”ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူသည် မျက်စိမြင်၍ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် နောက်တော်သို့လိုက်သွားလေ၏။ တွေ့မြင်သောသူအပေါင်းတို့သည်လည်း ဘုရားသခင်ကိုချီးမွမ်းကြ၏။