YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 17:5-19

ရှင်လုကာ 17:5-19 JBMLE

တ​မန်​တော်​တို့​က၊ အ​ကျွန်ုပ်​တို့ ယုံ​ကြည်​ခြင်း​စိတ်​ကို တိုး​ပွား​စေ​တော်​မူ​ပါ​ဟု သ​ခင်​ဘု​ရား​ကို တောင်း​ပန်​ကြ​လျှင်၊- သ​ခင်​ဘု​ရား​က၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင် ထို​သ​ဖန်း​ပင်​ကို၊ အ​ချင်း​အ​ပင်၊ သင်​သည် အ​မြစ်​နှင့်​တ​ကွ​နုတ်၍ ပင်​လယ်၌ စိုက်​လျက်​နေ​လော့​ဟု ဆို​ကြ​သော် သင်​တို့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။ အ​စေ​အ​ပါ​သည် လယ်​ထွန်​သော်​လည်း​ကောင်း၊ သိုး၊ နွား ကျောင်း​သော်​လည်း​ကောင်း၊ လယ်​ပြင်​မှ​လာ၍ အိမ်​သို့​ဝင်​သော​အ​ခါ၊ ထို​အ​စေ​အ​ပါ​ကို၊ အ​သော့​လာ၍ စား​ပွဲ၌ လျောင်း​လော့​ဟု သင်​တို့​တွင် အ​ဘယ်​သူ​ပြော​မည်​နည်း။- ထို​အ​စေ​အ​ပါ​ကို၊ ငါ​စား​စ​ရာ​ဖို့ ပြင်​လော့။ ငါ​စား​သောက်​စဉ်​တွင် ခါး​ကို​စည်း၍ ငါ့​ကို လုပ်​ကျွေး​လော့။ ထို​နောက်​မှ သင်​သည် စား​သောက်​ရ​မည်​ဟု ပြော​မည်​မ​ဟုတ်​လော။- ထို​အ​စေ​အ​ပါ​သည် သ​ခင်​စီ​ရင်​သည်​အ​တိုင်း ပြု​သော​ကြောင့်၊ သ​ခင်၌ ကျေး​ဇူး​တင်​သ​လော။ ကျေး​ဇူး​မ​တင်။- ထို​နည်း​တူ မှာ​ထား​တော်​မူ​သ​မျှ​တို့​ကို သင်​တို့​သည် ကျင့်​ပြီး​မှ၊ ငါ​တို့​သည် သ​ခင်၌ ကျေး​ဇူး​ပြု​သော အ​စေ​အ​ပါ ဖြစ်​သည်​မ​ဟုတ်။ ဝတ်​ပြေ​ရုံ​မျှ​သာ​ရှိ​သည်​ဟု ဝန်​ခံ​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ​စဉ်၊ ရှ​မာ​ရိ​ပြည်​နှင့် ဂါ​လိ​လဲ​ပြည်​စပ်​ကြား၌ လျှောက်​သွား​တော်​မူ၏။- ရွာ​တစ်​ရွာ​သို့ ဝင်​တော်​မူ​သည်​တွင်၊ နူ​နာ​စွဲ​သော​သူ​တစ်​ကျိပ်​တို့​သည် ခ​ရီး​ဦး​ကြို​ပြု၍ အ​ဝေး​က​ရပ်​လျက်၊- သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။- ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် သွား​စဉ်​တွင် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ၏။- ထို​သူ​တို့​တွင် တစ်​ယောက်​သော​သူ​သည် အ​နာ​ရော​ဂါ​ကင်း​လွတ်​သည်​ကို သိ​မြင်​လျှင်၊ ပြန်​လာ၍ ကြီး​သော​အ​သံ​နှင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။- ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍ ကျေး​ဇူး​တော်​ကြီး​လှ​ပါ​သည်​ဟု ဝန်​ခံ​လေ၏။ ထို​သူ​သည် ရှ​မာ​ရိ​လူ ဖြစ်​သ​တည်း။- ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​သော​သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ​သည်​မ​ဟုတ်​လော။ ကိုး​ယောက်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။- ဤ​တစ်​ပါး​အ​မျိုး​သား​ကို​ထား၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ ပြန်​လာ​သော​သူ တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​တော်​မူ​ပြီး​မှ၊- သင်​ထ၍ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင်၏​အ​နာ​ကို​ငြိမ်း​စေ​ပြီ​ဟု ထို​သူ​အား မိန့်​တော်​မူ၏။