YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 17:12-19

ရှင်လုကာ 17:12-19 JBMLE

ရွာ​တစ်​ရွာ​သို့ ဝင်​တော်​မူ​သည်​တွင်၊ နူ​နာ​စွဲ​သော​သူ​တစ်​ကျိပ်​တို့​သည် ခ​ရီး​ဦး​ကြို​ပြု၍ အ​ဝေး​က​ရပ်​လျက်၊- သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။- ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် သွား​စဉ်​တွင် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ၏။- ထို​သူ​တို့​တွင် တစ်​ယောက်​သော​သူ​သည် အ​နာ​ရော​ဂါ​ကင်း​လွတ်​သည်​ကို သိ​မြင်​လျှင်၊ ပြန်​လာ၍ ကြီး​သော​အ​သံ​နှင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။- ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍ ကျေး​ဇူး​တော်​ကြီး​လှ​ပါ​သည်​ဟု ဝန်​ခံ​လေ၏။ ထို​သူ​သည် ရှ​မာ​ရိ​လူ ဖြစ်​သ​တည်း။- ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​သော​သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ​သည်​မ​ဟုတ်​လော။ ကိုး​ယောက်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။- ဤ​တစ်​ပါး​အ​မျိုး​သား​ကို​ထား၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ ပြန်​လာ​သော​သူ တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​တော်​မူ​ပြီး​မှ၊- သင်​ထ၍ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင်၏​အ​နာ​ကို​ငြိမ်း​စေ​ပြီ​ဟု ထို​သူ​အား မိန့်​တော်​မူ၏။

Video for ရှင်လုကာ 17:12-19

​ရှင်လုကာ 17:12-19 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။