YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 15:8-10

ရှင်လုကာ 15:8-10 JBMLE

တစ်​နည်း​ကား၊ တစ်​စုံ​တစ်​ယောက်​သော​မိန်း​မ၌ ငွေ​ဆယ်​ပြား​ရှိ၍ တစ်​ပြား​ပျောက်​လျှင်၊ ဆီ​မီး​ကို​ထွန်း၍ မ​တွေ့​မီ​တိုင်​အောင် တစ်​အိမ်​လုံး​ကို​လှည်း၍ စေ့​စေ့​မ​ရှာ​ဘဲ နေ​မည်​လော။- တွေ့​ပြီး​လျှင် အ​ဆွေ​ခင်​ပွန်း​အိမ်​နီး​ချင်း​များ​ကို​ခေါ်၍၊ ပျောက်​သော​ငွေ​ကို ငါ​တွေ့​ပြီ။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ကြ​လော့​ဟု ဆို​တတ်​သည်​မ​ဟုတ်​လော။- ထို​နည်း​တူ ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​သည် နောင်​တ​ရ​သော လူ​ဆိုး​တစ်​ယောက်၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။