ရှင်လုကာ 15:8-10
ရှင်လုကာ 15:8-10 Judson Bible (JBMLE)
တစ်နည်းကား၊ တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။- တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော။- ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။
ရှင်လုကာ 15:8-10 Common Language Bible (BCL)
``တစ်နည်းကား၊ အမျိုးသမီးတစ်ဦးသည်မိမိ မှာရှိသည့်ဒင်္ဂါးဆယ်ပြားအနက်တစ်ပြားပျောက် သွား၏။ ထိုအခါသူသည်မီးထွန်း၍ အိမ်ကို လှည်းကျင်းကာမတွေ့မချင်းသေချာစွာရှာ မည်မဟုတ်လော။- သူသည်ထိုဒင်္ဂါးကိုတွေ့သောအခါမိတ်ဆွေနှင့် အိမ်နီးချင်းတို့ကိုခေါ်၍`ပျောက်သွားသောဒင်္ဂါး ကိုငါပြန်တွေ့ပြီ။ ငါနှင့်အတူရွှင်လန်းဝမ်း မြောက်ကြလော့' ဟုဆိုလိမ့်မည်။- ထိုနည်းတူစွာဘုရားသခင်၏ကောင်းကင်တမန် များသည် အပြစ်ကူးသူတစ်ယောက်နောင်တရ ခြင်းအတွက်ရွှင်လန်းဝမ်းမြောက်ကြသည်ဟု ငါဆို၏'' ဟုမိန့်တော်မူ၏။
ရှင်လုကာ 15:8-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုမှတစ်ပါး အမျိုးသမီးတစ်ဦး၌ ငွေဒင်္ဂါးဆယ်ပြားရှိပြီး ၎င်းတို့ထဲမှ တစ်ပြားသည်ပျောက်ဆုံးလျှင် သူသည် ဆီမီးထွန်း၍ အိမ်ကိုလှဲကျင်းကာ ၎င်းကိုမတွေ့မချင်းသေချာစွာရှာမည်မဟုတ်လော။ ထိုဒင်္ဂါးကိုတွေ့လျှင် သူသည် မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ်လျက် ‘ပျောက်ဆုံးသောငွေဒင်္ဂါးကို ငါပြန်တွေ့ပြီဖြစ်၍ ငါနှင့်အတူဝမ်းမြောက်ကြလော့’ဟု ဆိုလိမ့်မည်။ ထိုနည်းတူ နောင်တရသောအပြစ်သားတစ်ဦးအတွက် ဘုရားသခင်၏ကောင်းကင်တမန်များထဲတွင်ဝမ်းမြောက်ခြင်းရှိ၏ဟု သင်တို့အား ငါဆို၏”ဟူ၍ မိန့်တော်မူ၏။