YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 15:20-24

ရှင်လုကာ 15:20-24 JBMLE

ထ၍ အ​ဘ​ထံ​သို့ သွား​လေ၏။ သွား၍ ဝေး​သေး​သော​အ​ခါ အ​ဘ​သည် သူ့​ကို​မြင်​လျှင်၊ သ​နား​သော စိတ်​ရှိ​သည်​နှင့် ပြေး​သွား၍ သား၏​လည်​ပင်း​ကို ပိုက်​ဖက်​လျက် နမ်း​ရှုပ်​လေ၏။- သား​က​လည်း၊ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။ ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို မ​ခံ​ထိုက်​ပါ​ဟု​ဆို​လျှင်၊- အ​ဘ​က၊ မြတ်​သော​ဝတ်​လုံ​ကို ယူ​ခဲ့၍ သူ့​ကို​ခြုံ​ကြ၊ သူ၏​လက်၌ လက်​စွပ်​တန်​ဆာ​ကို ဆင်​ကြ။- ခြေ​နင်း​ကို​လည်း စီး​စေ​ကြ။ ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို ယူ၍​သတ်​ကြ။ သို့​ပြီး​မှ ငါ​တို့​သည် စား​ကြ​ကုန်​အံ့။ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​ကုန်​အံ့။- ငါ့​သား​သည် အ​ထက်​က​သေ၏။ ယ​ခု ရှင်​ပြန်၏။ အ​ထက်​က​ပျောက်၏။ ယ​ခု​ပြန်​တွေ့၏​ဟု အ​စေ​အ​ပါ​တို့​ကို ဆို​ပြီး​မှ၊ ထို​သူ​အ​ပေါင်း​တို့​သည် ပျော်​မွေ့​ခြင်း​ကို ပြု​ကြ၏။

​ရှင်လုကာ 15:20-24 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။