YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 15:20-24

ရှင်လုကာ 15:20-24 Judson Bible (JBMLE)

ထ၍ အ​ဘ​ထံ​သို့ သွား​လေ၏။ သွား၍ ဝေး​သေး​သော​အ​ခါ အ​ဘ​သည် သူ့​ကို​မြင်​လျှင်၊ သ​နား​သော စိတ်​ရှိ​သည်​နှင့် ပြေး​သွား၍ သား၏​လည်​ပင်း​ကို ပိုက်​ဖက်​လျက် နမ်း​ရှုပ်​လေ၏။- သား​က​လည်း၊ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။ ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို မ​ခံ​ထိုက်​ပါ​ဟု​ဆို​လျှင်၊- အ​ဘ​က၊ မြတ်​သော​ဝတ်​လုံ​ကို ယူ​ခဲ့၍ သူ့​ကို​ခြုံ​ကြ၊ သူ၏​လက်၌ လက်​စွပ်​တန်​ဆာ​ကို ဆင်​ကြ။- ခြေ​နင်း​ကို​လည်း စီး​စေ​ကြ။ ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို ယူ၍​သတ်​ကြ။ သို့​ပြီး​မှ ငါ​တို့​သည် စား​ကြ​ကုန်​အံ့။ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​ကုန်​အံ့။- ငါ့​သား​သည် အ​ထက်​က​သေ၏။ ယ​ခု ရှင်​ပြန်၏။ အ​ထက်​က​ပျောက်၏။ ယ​ခု​ပြန်​တွေ့၏​ဟု အ​စေ​အ​ပါ​တို့​ကို ဆို​ပြီး​မှ၊ ထို​သူ​အ​ပေါင်း​တို့​သည် ပျော်​မွေ့​ခြင်း​ကို ပြု​ကြ၏။

ရှင်လုကာ 15:20-24 Common Language Bible (BCL)

ထို​နောက်​သူ​သည်​ထ​၍​ဖ​ခင်​ထံ​သို့​ပြန်​သွား​လေ​၏။ ``အ​ဝေး​၌​ပင်​ရှိ​နေ​စဉ်​ဖ​ခင်​သည်​သူ့​ကို​မြင် သော်​သ​နား​သ​ဖြင့် ပြေး​၍​ဖက်​ပြီး​လျှင်​နမ်း​ရှုပ် လေ​၏။- သား​ဖြစ်​သူ​က `အ​ဖ၊ ကျွန်​တော်​သည်​ဘု​ရား​သ​ခင် ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း​ကောင်း​ပြစ်​မှား​မိ ပါ​ပြီ။ သို့​ဖြစ်​၍​အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်​တော့​ပါ' ဟု​ဆို​၏။- ဖ​ခင်​က `အ​ကောင်း​ဆုံး​သော​ဝတ်​လုံ​ကို​အ​မြန် ယူ​ခဲ့​၍​သူ့​အား​ဝတ်​ပေး​ကြ။ သူ​၏​လက်​၌​လက် စွပ်​ကို​ဆင်​ပေး​ကြ။ ဖိ​နပ်​ကို​စီး​ပေး​ကြ။- ဆူ​ဖြိုး​အောင်​ကျွေး​ထား​သည့်​နွား​က​လေး​ကို သတ်​ကြ။ ငါ​တို့​ပျော်​ရွှင်​စွာ​စား​ကြ​ကုန်​အံ့။- ငါ့​သား​သည်​ယ​ခင်​က​သေ​သော်​လည်း​ယ​ခု ပြန်​၍​အ​သက်​ရှင်​လာ​ပြီ။ ယ​ခင်​က​ပျောက်​ဆုံး သော်​လည်း​ယ​ခု​ပြန်​၍​တွေ့​ပြီ' ဟု​မိ​မိ​၏​လုပ် သား​တို့​အား​ဆို​၏။ ထို​နောက်​သူ​တို့​သည်​ပျော် ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ကုန်​၏။

ရှင်လုကာ 15:20-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထ​၍ မိမိ​ဖခင်​ထံသို့​ပြန်လာ​လေ​၏။ သူ​သည် အဝေး​၌​ရှိ​နေ​စဉ်​ပင် သူ​၏​ဖခင်​သည် သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့် ပြေး​လာ​၍ သူ့​ကို​ဖက်​လျက် နမ်း​လေ​၏။ သား​က​လည်း ‘အဖေ၊ အကျွန်ုပ်​သည် ကောင်းကင်​ကို​လည်းကောင်း၊ အဖေ့​ကို​လည်းကောင်း ပြစ်မှား​ခဲ့​ပါ​ပြီ။ အကျွန်ုပ်​သည် အဖေ​၏​သား​ဟူ၍​အခေါ်​ခံ​ရန် မ​ထိုက်တန်​တော့​ပါ’​ဟု ဆို​၏။ သို့သော် ဖခင်​သည် မိမိ​အစေအပါး​တို့​အား ‘အကောင်းဆုံး​သော​ဝတ်လုံ​ကို အမြန်​ယူခဲ့​၍ သူ့​ကို​ဝတ်​ပေး​ကြ​လော့။ လက်​၌ လက်စွပ်​ကို​စွပ်​ပေး​၍ ခြေ​၌ ဖိနပ်​ကို​စီး​စေ​ကြ​လော့။ ဆူဖြိုး​သော​နွားသငယ်​ကို​လည်း​ဆွဲ​လာ​၍ သတ်​ကြ​လော့။ ငါ​တို့​သည် ပျော်ရွှင်​စွာ​စား​ကြ​စို့။ အကြောင်းမူကား ငါ​၏​ဤ​သား​သည် သေဆုံး​ခဲ့​သော်လည်း ပြန်​ရှင်လာ​ပြီး ပျောက်ဆုံး​ခဲ့​သော်လည်း ပြန်​တွေ့​ရ​ပြီ’​ဟု ဆို​လေ​၏​။ ထို့နောက် သူ​တို့​သည် ပျော်ပွဲရွှင်ပွဲ​ကို​အစပြု​ကြ​လေ​၏။