YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 14:16-24

ရှင်လုကာ 14:16-24 JBMLE

ကိုယ်​တော်​က၊ လူ​တစ်​ဦး​သည် ကြီး​စွာ​သော​ပွဲ​ကို စီ​ရင်၍၊ လူ​များ​တို့​ကို ခေါ်​ဖိတ်​လေ၏။- ပွဲ​ခံ​ချိန်​ရောက်​သော​အ​ခါ၊ ခေါ်​ဖိတ်​သော​သူ​တို့​ကို၊ လာ​ကြ​ပါ။ အ​လုံး​စုံ​တို့​သည် အ​သင့်​ရှိ​ပြီ​ဟု မှာ၍ အ​စေ​အ​ပါ​ကို စေ​လွှတ်၏။- ခေါ်​အပ်​သော သူ​အ​ပေါင်း​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပ​ရိ​ယာယ်​ပြု​ကြ၏။ တစ်​ယောက်​က၊ အ​ကျွန်ုပ်​သည် မြေ​ရာ​ကို ဝယ်​ပါ​ပြီ။ သွား၍ ကြည့်​ရ​ပါ​မည်။ အ​ကျွန်ုပ်​ကို လွှတ်​ပါ​ဦး​လော့​ဟု တောင်း​ပန်​လေ၏။- တစ်​ယောက်​က အ​ကျွန်ုပ်​သည် နွား​ငါး​ရှဉ်း​ကို ဝယ်​ပါ​ပြီ။ သွား၍ စမ်း​ရ​ပါ​မည်။ အ​ကျွန်ုပ်​ကို လွှတ်​ပါ​ဦး​လော့​ဟု တောင်း​ပန်​လေ၏။- တစ်​ယောက်​က၊ အ​ကျွန်ုပ်​သည် မ​ယား​နှင့် လက်​ထပ်​ပါ​ပြီ။ ထို​ကြောင့် အ​ကျွန်ုပ်​မ​လာ​နိုင်​ပါ​ဟု ဆို၏။- အ​စေ​အ​ပါ​သည် သ​ခင့်​ထံ​သို့​ပြန်​လာ၍ ထို​အ​ကြောင်း​များ​ကို လျှောက်​လေ၏။ ထို​အ​ခါ အိမ်​ရှင်​သည် အ​မျက်​ထွက်၍၊ မြို့​လမ်း​မ​လမ်း​ကြား​သို့ အ​သော့​သွား​ချေ။ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​သွင်း​ချေ​ဟု အ​စေ​အ​ပါ​ကို ဆို၏။- အ​စေ​အ​ပါ​က​လည်း၊ သ​ခင်​စီ​ရင်​တော်​မူ​သည်​အ​တိုင်း ပြု​ပါ​ပြီ။ သို့​သော်​လည်း၊ လပ်​သော​နေ​ရာ​ထိုင်​ရာ ရှိ​ပါ​သေး​သည်​ဟု လျှောက်​လေ​သော်၊- သ​ခင်​က၊ မြို့​ပြင်၊ လမ်း​မ၊ ခြံ​နား​သို့ သွား​ဦး​လော့။ ငါ့​အိမ်​ကို ပြည့်​စေ​ခြင်း​ငှာ အ​နိုင်​အ​ထက် ခေါ်​သွင်း​လော့။- အ​ထက်​က ခေါ်​ဖိတ်​သော​သူ​တစ်​ယောက်​မျှ ငါ့​ပွဲ​သို့ မ​ဝင်​ရ၊ ငါ​အ​မိန့်​ရှိ​ပြီ​ဟု အ​စေ​အ​ပါ​ကို ဆို​သည်​ဟု မိန့်​တော်​မူ၏။