YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 12:35-59

ရှင်လုကာ 12:35-59 JBMLE

သင်​တို့​သည် ခါး​ပန်း​စည်း​လျက်၊ ဆီ​မီး​ထွန်း​လျက်​နေ​သ​ဖြင့်၊- သ​ခင်​သည် မင်္ဂ​လာ​ဆောင်​ပွဲ​မှ ပြန်​လာ၍ တံ​ခါး​ကို​ခေါက်​သော​အ​ခါ ချက်​ချင်း​ဖွင့်​ခြင်း​ငှာ သ​ခင်​လာ​မည်​ကို​မျှော်​လ​င့်၍​နေ​သော ကျွန်​ကဲ့​သို့ ရှိ​နေ​ကြ​လော့။- အ​ကြင်​ကျွန်​တို့​သည် စောင့်​လျက်​နေ​သည်​ကို သ​ခင်​သည်​ပြန်​လာ၍ တွေ့၏။ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ သ​ခင်​သည် ခါး​ပန်း​စည်း​လျက် ကျွန်​တို့​ကို စား​ပွဲ၌​လျောင်း​စေ​ပြီး​မှ၊ ကိုယ်​တိုင်​လာ၍ သူ​တို့​အား လုပ်​ကျွေး​လိမ့်​မည်။- နှစ်​ချက်​တီး​အ​ချိန်​ဖြစ်​စေ၊ သုံး​ချက်​တီး​အ​ချိန်​ဖြစ်​စေ၊ သ​ခင်​သည်​လာ၍ ထို​သို့​တွေ့​လျှင်၊ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- အိမ်​ရှင်​သည် သူ​ခိုး​လာ​မည်​အ​ချိန်​နာ​ရီ​ကို သိ​ရ​လျှင်၊ မိ​မိ​အိမ်​ကို မ​ထွင်း​မ​ဖောက်​စေ​ခြင်း​ငှာ စောင့်​နေ​လိမ့်​မည်ကို သင်တို့သိကြ၏။ ထို​ကြောင့် သင်​တို့​သည် ပြင်​ဆင်​လျက်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​မ​ထင်​မှတ်​သော​အ​ချိန်၌ လူ​သား​သည် ကြွ​လာ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ပေ​တ​ရု​က​လည်း၊ သ​ခင်၊ ဤ​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား​သာ မိန့်​တော်​မူ​သ​လော။ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သ​လော​ဟု မေး​လျှောက်​လျှင်၊- သ​ခင်​ဘု​ရား​က၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​သား​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။- အ​ကြင်​ကျွန်​သည် ဤ​သို့​ပြု​လျက်​နေ​သည်​ကို အ​ရှင်​သည် ပြန်​လာ၍​တွေ့၏။ ထို​ကျွန်​သည် မင်္ဂ​လာ​ရှိ၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ရှင်​သည် မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ထို​ကျွန်၌ အပ်​လိမ့်​မည်။- သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​က၊ ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့် ကျွန်​ချင်း ယောက်ျား​မိန်း​မ​တို့​ကို ရိုက်​ပုတ်​လျက်၊ စား​သောက်​ယစ်​မူး​လျက် နေ၏။- ထို​ကျွန် မ​ကြည့်​မ​မျှော်​သော​နေ့​ရက်၊ မ​ကြား​မ​သိ​သော​အ​ချိန်​နာ​ရီ၌ သ​ခင်​သည် ရောက်​လာ​လျှင်၊ ထို​ကျွန်​ကို ပြင်း​စွာ ဆုံး​မ​ကွပ်​မျက်၍ သ​စ္စာ​မ​ရှိ​သော​သူ​တို့​နှင့်​တ​ကွ နေ​ရာ​ချ​လ​တ္တံ့။- အ​ကြင်​ကျွန်​သည် မိ​မိ​သ​ခင်၏ အ​လို​ကို​သိ​လျက်​နှင့် အ​သင့်​မ​နေ၊ သ​ခင်၏​အ​လို​ကို မ​ဆောင်၊ ထို​ကျွန်​သည် များ​စွာ​သော​ဒဏ်​ကို ခံ​ရ၏။- သ​ခင်၏​အ​လို​ကို မ​သိ​ဘဲ​လျက်၊ ဒဏ်​ခံ​ထိုက်​သော​အ​မှု​ကို ပြု​မိ​သော​သူ​မူ​ကား၊ အ​နည်း​ငယ်​သော ဒဏ်​ကို​သာ ခံ​ရ၏။ အ​ကြင်​သူ သည် များ​စွာ​သော​ကျေး​ဇူး​ကို​ခံ​ရ၏။ ထို​သူ​သည် အ​များ​ကို​ဆပ်​ရ၏။ အ​ကြင်​သူ၌ များ​စွာ​သော​ဥ​စ္စာ​ကို အပ်​နှင်း၏။ ထို​သူ​ကို များ​စွာ​တောင်း​လိမ့်​မည်။ မြေ​ပေါ်၌ မီး​လောင်​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။ ထို​မီး​မ​ညှိ​မီ​တိုင်​အောင် ငါ၏​အ​လို​မ​ပြည့်​စုံ။ ဗ​တ္တိ​ဇံ​တစ်​ခု​ကို​လည်း ငါ​ခံ​စ​ရာ​ရှိ၏။- ထို​ဗ​တ္တိ​ဇံ​ကို မ​ခံ​မီ​တိုင်​အောင် ငါ​သည် အ​လွန်​ငြီး​ငွေ့​သော​စိတ်​ရှိ၏။- မြေ​ပေါ်၌ ငြိမ်​သက်​ခြင်း​ကို ပေး​အံ့​သော​ငှာ ငါ​လာ​သည်​ဟု ထင်​ကြ​သ​လော။ ထို​သို့​သော​အ​လို​ငှာ ငါ​လာ​သည်​မ​ဟုတ်။ အ​ချင်း​ချင်း​ကွဲ​ပြား​စေ​ခြင်း​ငှာ ငါ​လာ​သည်​ဟု ငါ​ဆို၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယ​ခု​မှ​စ၍ အိမ်​တစ်​အိမ်၌​နေ​သော လူ​ငါး​ယောက်​တို့​သည် နှစ်​ယောက်​တစ်​စု သုံး​ယောက်​တစ်​စု အ​ချင်း​ချင်း ကွဲ​ပြား​လိမ့်​မည်။- အ​ဘ​နှင့် သား၊ အ​မိ​နှင့် သ​မီး၊ ယော​က္ခ​မ​နှင့် ချွေး​မ အ​ချင်း​ချင်း ကွဲ​ပြား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် လူ​အ​စု​အ​ဝေး​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​နောက်​မျက်​နှာ၌ မိုး​ရိပ်​တက်​သည်​ကို မြင်​သော​အ​ခါ မိုး​ရွာ​မည်​ဟု ချက်​ချင်း​ဆို​တတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။- တောင်​လေ​လာ​သည်​ကို မြင်​သော​အ​ခါ နေ​ပူ​မည်​ဟု ဆို​တတ်၏။ ဆို​သည်​အ​တိုင်း​လည်း ဖြစ်​တတ်၏။- လျှို့​ဝှက်​သော​သူ​တို့၊ သင်​တို့​သည် မြေ​ကြီး၏​မျက်​နှာ​နှင့် မိုး​ကောင်း​ကင်၏​မျက်​နှာ​ကို ပိုင်း​ခြား၍ သိ​နိုင်​ကြ၏။ ယ​ခု​ကပ်​ကာ​လ​ကို အ​ဘယ်​ကြောင့်​ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ​သ​နည်း။ ထို​မှ​တစ်​ပါး ဖြောင့်​မတ်​ခြင်း​တ​ရား​ကို အ​ဘယ်​ကြောင့် အ​လို​အ​လျောက်​ပိုင်း​ခြား၍ မ​သိ​ကြ​သ​နည်း။- သင်​သည် တ​ရား​တွေ့​ဖက်​နှင့်​အ​တူ မင်း​ထံ​သို့​သွား​သော​အ​ခါ အ​မှု​ပြေ​စေ​ခြင်း​ငှာ လမ်း၌​ကြိုး​စား​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး​ရှေ့​သို့ ဆွဲ​မည်။ တ​ရား​သူ​ကြီး​သည် လု​လင်​ခေါင်း​၌​အပ်၍၊ လု​လင်​ခေါင်း​သည် ထောင်​ထဲ၌ လှောင်​ထား​မည်။- လျော်​ပြစ်​ငွေ​ရှိ​သ​မျှ​ကို မ​လျော်​မီ​တိုင်​အောင် ထောင်​ထဲ​က​မ​ထွက်​ရ၊ ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 12:35-59 အကြောင်း ဗီဒီယိုများ