YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 11:14-36

ရှင်လုကာ 11:14-36 JBMLE

တစ်​ရံ​ရော​အ​ခါ စ​ကား​အ​သော​နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ၍၊ နတ်​ဆိုး​ထွက်​သည်​နောက် အ​သော​သူ​သည် စ​ကား​ပြော၏။ အ​စု​အ​ဝေး​တို့​သည်​လည်း အံ့​ဩ​ကြ၏။- အ​ချို့​တို့​က ဤ​သူ​သည် နတ်​ဆိုး​မင်း ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။- အ​ချို့​တို့​သည်​လည်း၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​ကြ၏။- ထို​သူ​တို့၏​စိတ်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ တိုင်း​နိုင်​ငံ​မည်​သည်​ကား၊ မိ​မိ​နှင့်​မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် ပျက်​စီး​ခြင်း​သို့​ရောက်​လိမ့်​မည်၊ အိမ်​မည်​သည်​ကား၊ မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် လဲ​လိမ့်​မည်။- ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဟု သင်​တို့​ဆို​သည်​အ​တိုင်း၊ စာ​တန်​သည် မိ​မိ​နှင့် မ​သင်​မ​တင့်​ကွဲ​ပြား​လျှင် သူ၏​နိုင်​ငံ​သည် အ​ဘယ်​သို့​တည်​နိုင်​မည်​နည်း။- ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ သင်​တို့၏​သား​တို့​သည် အ​ဘယ်​သူ​ကို​အ​မှီ​ပြု၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို​ကြောင့် သူ​တို့​သည် သင်​တို့​အား တ​ရား​စီ​ရင်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။- ငါ​သည် ဘု​ရား​သ​ခင်၏ လက်​ညှိုး​တော်​အား​ဖြင့် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။- သူ​ရဲ​သည် လက်​နက်​စုံ​နှင့် မိ​မိ​အိမ်​ဦး၌ စောင့်​နေ​စဉ်​အ​ခါ သူ၏​ဥ​စ္စာ​သည် လုံ​ခြုံ​စွာ​ရှိ၏။- သူ့​ထက် တတ်​စွမ်း​နိုင်​သော​သူ​သည် လာ၍ သူ့​ကို​အောင်​ပြီး​မှ၊ သူ​ကိုး​စား​သော လက်​နက်​စုံ​ကို​သိမ်း​ယူ၍ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို ခွဲ​ဝေ​လိမ့်​မည်။- ငါ့​ဘက်၌ မ​နေ​သော​သူ​သည် ငါ့​ရန်​ဘက်​ဖြစ်၏။ ငါ​နှင့်​အ​တူ မ​စု​မ​သိမ်း​သော​သူ​သည် ကြဲ​ဖြန့်​သော​သူ​ဖြစ်၏။ ညစ်​ညူး​သော​နတ်​သည် လူ​ထဲ​က​ထွက်​လျှင်၊ ခြောက်​ကပ်​သော​အ​ရပ်​တို့၌ လည်၍ ငြိမ်​သက်​ခြင်း​ကို ရှာ​တတ်၏။ မ​တွေ့​လျှင်၊ ငါ​သည်​ထွက်​ခဲ့​သော နေ​မြဲ​အိမ်​သို့​ပြန်​ရ​ဦး​မည်​ဟု ဆို၍၊- ရောက်​သော​အ​ခါ၊ ထို​အိမ်​သည် သုတ်​သင်​ပြင်​ဆင်​လျက်​ရှိ​သည်​ကို တွေ့​သော်၊- မိ​မိ​ထက်​သာ၍ ညစ်​ညူး​သော​နတ်​ဆိုး​ခု​နစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ထို​လူ​ထဲ​သို့​ဝင်၍ နေ​ကြ၏၊ ထို​လူ၏​နောက်​ဖြစ်​ဟန်​သည် ရှေ့​ဖြစ်​ဟန်​ထက်​သာ၍ ဆိုး​သည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​မိန့်​တော်​မူ​စဉ်​တွင် မိန်း​မ​တစ်​ယောက်​သည် လူ​အ​စု​အ​ဝေး​ထဲ​က​ခေါ်၍ ကိုယ်​တော်​ကို လွယ်​သော​ဝမ်း​နှင့် စို့​တော်​မူ​သော​သား​မြတ်​သည် မင်္ဂ​လာ​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊- ကိုယ်​တော်​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ၍ ကျင့်​စောင့်​သော​သူ​သည် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု မိန့်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် ထူ​ထပ်​လျက်​ရှိ​ကြ​သော​အ​ခါ ကိုယ်​တော်​က၊ ဤ​လူ​မျိုး​သည် ဆိုး​ညစ်​သော​အ​မျိုး​ဖြစ်၏။ နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား​မ​ပြ​ရာ။- ယော​န​သည် နိ​နေ​ဝေ​မြို့​သား​တို့​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​သ​ကဲ့​သို့ လူ​သား​သည် ဤ​လူ​မျိုး​အား ဖြစ်​လိမ့်​မည်။- တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား။ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။- တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ယော​န​ဟော​ပြော​သော စ​ကား​ကြောင့် နောင်​တ​ရ​ကြ၏။ ဤ​အ​ရပ်၌​ကား ယော​န​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။ ဆီ​မီး​ထွန်း၍ ကွယ်​ရာ၌​ဖုံး​ထား​လေ့​မ​ရှိ။ တောင်း​ဇ​လား​အောက်၌​လည်း ထား​လေ့​မ​ရှိ။ ဝင်​လာ​သော​သူ​သည် အ​လင်း​ကို​ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​အ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။- ကိုယ်၏​ဆီ​မီး​ကား၊ မျက်​စိ​တည်း။ ထို​ကြောင့် မျက်​စိ​ကြည်​လင်​သော​အ​ခါ တစ်​ကိုယ်​လုံး​လင်း​လိမ့်​မည်။ မျက်​စိ​မြှေး​ယှက်​သော​အ​ခါ တစ်​ကိုယ်​လုံး​မိုက်​လိမ့်​မည်။- ကိုယ်၌​ရှိ​သော​အ​လင်း​ကို မှောင်​မိုက်​မ​ဖြစ်​စေ​ခြင်း​ငှာ သ​တိ​ပြု​လော့။- အင်္ဂါ​တစ်​ခု​မျှ​မ​မိုက်​ဘဲ တစ်​ကိုယ်​လုံး​လင်း​လျှင်၊ ဆီ​မီး၏​အ​ရောင်​နှင့် လင်း​စေ​သ​ကဲ့​သို့ လုံး​လုံး​လင်း​လျက်​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။