YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 10:17-20

ရှင်လုကာ 10:17-20 JBMLE

ထို​ခု​နစ်​ကျိပ်​သော တ​ပည့်​တော်​တို့​သည် ဝမ်း​မြောက်​သော​စိတ်​နှင့် ပြန်​လာ၍၊ သ​ခင်၊ ကိုယ်​တော်၏ နာ​မ​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် နတ်​ဆိုး​ကို​ပင် နိုင်​ပါ​သည်​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ စာ​တန်​သည် လျှပ်​စစ်​ကဲ့​သို့ ကောင်း​ကင်​မှ​ကျ​သည်​ကို ငါ​မြင်​ပြီ။- သင်​တို့​သည် မြွေ၊ ကင်း​မြီး​ကောက်​တို့​ကို နိုင်​ရ​သော​အ​ခွင့်​နှင့် ရန်​သူ​များ​ကို​နိုင်​ရ​သော အ​ခွင့်​တန်​ခိုး​ကို ငါ​ပေး၏။ သင်​တို့​ကို အ​ဘယ်​ဘေး​မျှ မ​ညှဉ်း​ဆဲ​ရ။- သို့​သော်​လည်း နတ်​ဆိုး​ကို နိုင်​ရ​သော​ကြောင့်​သာ ဝမ်း​မြောက်​ခြင်း​မ​ရှိ​ကြ​နှင့်၊ သင်​တို့၏ နာ​မည်​များ​သည် ကောင်း​ကင်​စာ​ရင်း၌ ဝင်​သည်​ကို ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။