YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 10:17-20

ရှင်လုကာ 10:17-20 Judson Bible (JBMLE)

ထို​ခု​နစ်​ကျိပ်​သော တ​ပည့်​တော်​တို့​သည် ဝမ်း​မြောက်​သော​စိတ်​နှင့် ပြန်​လာ၍၊ သ​ခင်၊ ကိုယ်​တော်၏ နာ​မ​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် နတ်​ဆိုး​ကို​ပင် နိုင်​ပါ​သည်​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ စာ​တန်​သည် လျှပ်​စစ်​ကဲ့​သို့ ကောင်း​ကင်​မှ​ကျ​သည်​ကို ငါ​မြင်​ပြီ။- သင်​တို့​သည် မြွေ၊ ကင်း​မြီး​ကောက်​တို့​ကို နိုင်​ရ​သော​အ​ခွင့်​နှင့် ရန်​သူ​များ​ကို​နိုင်​ရ​သော အ​ခွင့်​တန်​ခိုး​ကို ငါ​ပေး၏။ သင်​တို့​ကို အ​ဘယ်​ဘေး​မျှ မ​ညှဉ်း​ဆဲ​ရ။- သို့​သော်​လည်း နတ်​ဆိုး​ကို နိုင်​ရ​သော​ကြောင့်​သာ ဝမ်း​မြောက်​ခြင်း​မ​ရှိ​ကြ​နှင့်၊ သင်​တို့၏ နာ​မည်​များ​သည် ကောင်း​ကင်​စာ​ရင်း၌ ဝင်​သည်​ကို ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 10:17-20 Common Language Bible (BCL)

ခု​နစ်​ဆယ့်​နှစ်​ဦး​သော​တ​ပည့်​တော်​တို့​သည် အ​လွန် ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ကြ လျက် ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​နာ​မ တော်​အား​ဖြင့် နတ်​မိစ္ဆာ​များ​ပင်​နှိမ်​နင်း​ခဲ့​ပါ​သည်'' ဟု လျှောက်​ကြ​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​မှ​လျှပ်​စစ်​ကျ​သ​ကဲ့ သို့​စာ​တန်​ကျ​သည်​ကို​ငါ​မြင်​ရ​၏။- မြွေ​ဆိုး​များ၊ ကင်း​မြီး​ကောက်​များ​အ​ပေါ်​မှာ နင်း​သွား​၍ စာ​တန်​၌​ရှိ​သ​မျှ​သော​တန်​ခိုး​ကို နှိမ်​နင်း​နိုင်​သည့်​အာ​ဏာ​ကို​သင်​တို့​အား​ငါ​ပေး အပ်​ထား​ပြီ။ အ​ဘယ်​ဘေး​မျှ​သင်​တို့​၌​မ​ရောက်​ရ။- သို့​ရာ​တွင်​သင်​တို့​သည်​နတ်​မိစ္ဆာ​များ​ကို​နှိမ်​နင်း​နိုင် သည့်​အ​တွက်​ဝမ်း​မ​မြောက်​ကြ​နှင့်။ ကောင်း​ကင်​ဘုံ တွင်​သင်​တို့​၏​နာမည်​များ​စာ​ရင်း​ဝင်​ပြီး​ဖြစ်​သည့် အ​တွက်​သာ​လျှင်​ဝမ်း​မြောက်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။

ရှင်လုကာ 10:17-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ထို​အယောက်​ခုနစ်ဆယ်​တို့​သည် ဝမ်းမြောက်​စွာ​ပြန်လာ​၍ “သခင်၊ ကိုယ်တော်​၏​နာမ​တော်​၌ နတ်ဆိုး​တို့​ပင် အကျွန်ုပ်​တို့​ကို​နာခံ​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“စာတန်​သည် လျှပ်စီးလက်​သကဲ့သို့ မိုး​ကောင်းကင်​မှ​ကျ​သည်​ကို ငါ​မြင်​ရ​၏။ ငါ​သည် သင်​တို့​အား မြွေ​များ​နှင့်​ကင်းမြီးကောက်​များ​ကို​နင်းချေ​၍ ရန်သူ​၏​တန်ခိုး​အလုံးစုံ​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို ပေးအပ်​ထား​ပြီ​ဖြစ်၍ မည်သည့်​အရာ​က​မျှ သင်​တို့​ကို အနာတရ​ဖြစ်​စေ​မည်​မ​ဟုတ်။ သို့သော် နတ်​ဆိုး​တို့​သည် သင်​တို့​ကို​နာခံ​ကြ​သည့်​အတွက် ဝမ်းမြောက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​နာမည်​များ​ကို ကောင်းကင်​၌​ရေးမှတ်​ထား​သည့်​အတွက် ဝမ်းမြောက်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။