YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 10:1-24

ရှင်လုကာ 10:1-24 JBMLE

ထို​နောက်​မှ သ​ခင်​ဘု​ရား​သည် အ​ခြား​သော​တ​ပည့်​တော် ခု​နစ်​ကျိပ်​တို့​ကို ခန့်​ထား​တော်​မူ၍၊ ကိုယ်​တိုင်​ကြွ​လေ​အံ့​သော မြို့​ရွာ​အ​ရပ်​ရပ်​တို့​သို့ ရှေ့​တော်၌ နှစ်​ယောက်​စီ နှစ်​ယောက်​စီ စေ​လွှတ်​တော်​မူ၏။- သူ​တို့​အား မိန့်​တော်​မူ​သည်​ကား၊ စ​ပါး​ရိတ်​စ​ရာ များ​စွာ​ရှိ၏။ ရိတ်​သော​သူ​တို့​သည် နည်း​ကြ၏။ ထို​ကြောင့် လုပ်​ဆောင်​သော​သူ​တို့​ကို စ​ပါး​ရိတ်​စေ​ခြင်း​ငှာ စ​ပါး​ရှင် စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။- သင်​တို့​သွား​လေ​သည်​အ​ရာ​မှာ၊ တော​ခွေး​စု​ထဲ​သို့ သိုး​သ​ငယ်​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။- ငွေ​အိတ်၊ လွယ်​အိတ်၊ ခြေ​နင်း​တို့​ကို မ​ဆောင်​ကြ​နှင့်။ လမ်း၌​သွား​စဉ်​တွင် အ​ဘယ်​သူ​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။- မည်​သည့်​အိမ်​သို့ ဝင်​သော​အ​ခါ၊ ဤ​အိမ်၌ မင်္ဂ​လာ​ဖြစ်​ပါ​စေ​သော​ဟု ရှေ့​ဦး​စွာ​ပြော​ကြ​လော့။ ထို​အိမ်၌ မင်္ဂ​လာ​သား​ရှိ​လျှင်၊ သင်​တို့​မြွက်​သော မင်္ဂ​လာ​သည် တည်​လိမ့်​မည်။- သို့​မ​ဟုတ် သင်​တို့​ထံ​သို့ ပြန်​လာ​လိမ့်​မည်။ ထို​အိမ်၌​နေ၍ အ​စား​အ​သောက်​စီ​ရင်​ရာ​ကို စား​သောက်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ လုပ်​ဆောင်​သော​သူ​သည် အ​ခ​ကို​ခံ​ထိုက်​ပေ၏။ တစ်​အိမ်​မှ​တစ်​အိမ်​သို့ လှည့်​လည်၍ မ​သွား​ကြ​နှင့်။- အ​ကြင်​မြို့​သို့​သင်​တို့​ဝင်၍ မြို့​သား​တို့​သည်​လက်​ခံ၏။ ထို​မြို့၌ သင်​တို့​ရှေ့​မှာ​ထည့်​သ​မျှ​ကို စား​ကြ​လော့။- လူ​နာ​များ​ကို ချမ်း​သာ​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၌ တည်​ထောင်​သော အ​ချိန်​နီး​ပြီ​ဟု သူ​တို့​အား ဟော​ပြော​ကြ​လော့။- အ​ကြင်​မြို့​သို့​ဝင်၍ မြို့​သား​တို့​သည် လက်​မ​ခံ​အံ့၊ ထို​မြို့၏​လမ်း​သို့ ထွက်​ပြီး​လျှင်၊ ငါ​တို့၌​ကပ်​သော သင်​တို့​မြို့၏ မြေ​မှုန့်​ကို ငါ​တို့​ခါ​လိုက်၏။- သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၏​အ​နီး​သို့​ရောက်​ကြောင်း​ကို သိ​မှတ်​ကြ​ဟု သူ​တို့​အား​ပြော​ကြ​လော့။- ငါ​ဆို​သည်​ကား၊ နောက်​ဆုံး​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​ထက် သာ၍​ခံ​ရ​လ​တ္တံ့။ အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင် ပြ​သော​တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင် ပြ​ဖူး​လျှင်၊ ထိုမြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​ထဲ​မှ​ထိုင်​လျက် နောင်​တ​ရ​ကြ​လိမ့်​မည်။- တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ သင်​တို့​သည် တု​ရု​မြို့​နှင့်​ဇိ​ဒုန်​မြို့​ထက် သာ၍​ခံ​ရ​ကြ​လ​တ္တံ့။- အို​က​ပေ​ရ​နောင်​မြို့၊ သင်​သည် မိုး​ကောင်း​ကင်​တိုင်​အောင် မြှောက်​စား​ခြင်း​ကို ခံ​ရ​သော်​လည်း၊ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လ​တ္တံ့။- သင်​တို့၏​စ​ကား​ကို နား​ထောင်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်၏။ သင်​တို့​ကို ပယ်​သော​သူ​သည် ငါ့​ကို​ပယ်၏။ ငါ့​ကို​ပယ်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ပယ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​ခု​နစ်​ကျိပ်​သော တ​ပည့်​တော်​တို့​သည် ဝမ်း​မြောက်​သော​စိတ်​နှင့် ပြန်​လာ၍၊ သ​ခင်၊ ကိုယ်​တော်၏ နာ​မ​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် နတ်​ဆိုး​ကို​ပင် နိုင်​ပါ​သည်​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ စာ​တန်​သည် လျှပ်​စစ်​ကဲ့​သို့ ကောင်း​ကင်​မှ​ကျ​သည်​ကို ငါ​မြင်​ပြီ။- သင်​တို့​သည် မြွေ၊ ကင်း​မြီး​ကောက်​တို့​ကို နိုင်​ရ​သော​အ​ခွင့်​နှင့် ရန်​သူ​များ​ကို​နိုင်​ရ​သော အ​ခွင့်​တန်​ခိုး​ကို ငါ​ပေး၏။ သင်​တို့​ကို အ​ဘယ်​ဘေး​မျှ မ​ညှဉ်း​ဆဲ​ရ။- သို့​သော်​လည်း နတ်​ဆိုး​ကို နိုင်​ရ​သော​ကြောင့်​သာ ဝမ်း​မြောက်​ခြင်း​မ​ရှိ​ကြ​နှင့်၊ သင်​တို့၏ နာ​မည်​များ​သည် ကောင်း​ကင်​စာ​ရင်း၌ ဝင်​သည်​ကို ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ​ယေ​ရှု​သည် ဝမ်း​မြောက်​တော်​မူ​ခြင်း စိတ်​ရှိ​သ​ဖြင့်၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ သော​အ​ဘ၊ ကိုယ်​တော်​သည် ပ​ညာ​အ​လိ​မ္မာ​နှင့် ပြည့်​စုံ​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို ထိမ်​ဝှက်​ကွယ်​ထား​လျက် သူ​ငယ်​တို့​အား ဖော်​ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ၏။ ထို​သို့​အ​လို​တော်​ရှိ​သော​ကြောင့် မှန်​ပါ၏။ အ​ဘ။- ငါ့​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ၌​အပ်​တော်​မူ​ပြီ။ သား​တော်​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​သိ။ ခ​မည်း​တော်​ကား အ​ဘယ်​သူ​ဖြစ်​တော်​မူ​သည်​ကို၊ သား​တော်​နှင့် သား​တော်​သည် လင်း​စေ​လို​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​သိ​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ တ​ပည့်​တော်​တို့​ကို လှည့်​ကြည့်၍၊ ယ​ခု​မြင်​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​မြင်​သော​ကြောင့် သင်​တို့​မျက်​စိ​သည် မင်္ဂ​လာ​ရှိ၏။- ငါ​ဆို​သည်​ကား၊ သင်​တို့​မြင်​ရ​သော​အ​ရာ​တို့​ကို ပ​ရော​ဖက်​များ​နှင့် ရှင်​ဘု​ရင်​များ​တို့​သည် မြင်​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း မ​မြင်​ရ​ကြ။ သင်​တို့ ကြား​ရ​သော​အ​ရာ​တို့​ကို ကြား​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း မ​ကြား​ရ​ကြ​ဟု တ​ပည့်​တော်​တို့​အား​သာ မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။