YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 27

27
ဘ​ဏ္ဍာ​တော်​ဆိုင်​ရာ​ပ​ညတ်
1တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 2လူ​သည်​သ​စ္စာ​က​တိ​ပြု၍​ပူ​ဇော်​လျှင်၊ ပူ​ဇော်​အပ်​သော​သူ​သည်၊ သင်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား၏​ဘ​ဏ္ဍာ​တော် ဖြစ်​ရ​မည်။ 3သင်​သည် အ​ဘယ်​မျှ အ​ဖိုး​ဖြတ်​ရ​မည်​နည်း​ဟူ​မူ​ကား၊ ယောက်ျား​ကို အ​သက်​နှစ်​ဆယ်​မှ​သည် ခြောက်​ဆယ်​တိုင်​အောင်၊ အ​ကျပ်​တော်​အ​လိုက် ငွေ​အ​ကျပ်​ငါး​ဆယ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။ 4မိန်း​မ​ဖြစ်​လျှင်၊ ငွေ​အ​ကျပ်​သုံး​ဆယ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။ 5အ​သက်​ငါး​နှစ်​မှ​သည် ဆယ်​နှစ်​တိုင်​အောင်၊ ယောက်ျား​ကို အ​ကျပ်​နှစ်​ဆယ်၊ မိန်း​မ​ကို​အ​ကျပ်​တစ်​ဆယ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။ 6အ​သက်​တစ်​လ​မှ​သည် ငါး​နှစ်​တိုင်​အောင်၊ ယောက်ျား​ကို ငွေ​ငါး​ကျပ်၊ မိန်း​မ​ကို သုံး​ကျပ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။ 7အ​သက်​ခြောက်​ဆယ်​လွန်​လျှင်၊ ယောက်ျား​ကို​ဆယ်​ငါး​ကျပ်၊ မိန်း​မ​ကို​တစ်​ဆယ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။ 8သင်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း၊ မ​တတ်​နိုင်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ချဉ်း​ကပ်၍၊ ယဇ်​ပု​ရော​ဟိတ်​သည် သ​စ္စာ​က​တိ​ပြု​သော​သူ တတ်​နိုင်​သ​မျှ​အ​တိုင်း အ​ဖိုး​ဖြတ်​ရ​မည်။
9လူ​သည်​တိ​ရ​စ္ဆာန်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျှင်၊ ပူ​ဇော်​သ​မျှ​သည် သန့်​ရှင်း​ရ​မည်။ 10ကောင်း​သည်​ဖြစ်​စေ၊ ညံ့​သည်​ဖြစ်​စေ၊ တစ်​ကောင်​အ​တွက် တစ်​ကောင်​ကို​မ​လဲ​ရ။ လဲ​လို​လျှင်၊ နှစ်​ကောင်​စ​လုံး​သန့်​ရှင်း​ရ​မည်။ 11ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော်​အပ်၊ မ​စင်​ကြယ်​သော​တိ​ရ​စ္ဆာန်​ဖြစ်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အား​ပြ၍၊ 12ကောင်း​မ​ကောင်း​ရှိ​သည်​အ​လျောက်၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖိုး​ဖြတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​ဖြတ်​သည်​အ​တိုင်း အ​ဖိုး​ရှိ​ရ​မည်။ 13ပူ​ဇော်​သော​သူ​သည်​ရွေး​လို​လျှင်၊ အ​ဖိုး​ရင်း​နှင့် ငါး​စု​တစ်​စု​ကို ထပ်၍​ပေး​ရ​မည်။
14လူ​သည်​မိ​မိ​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​စေ​လျှင်၊ ကောင်း​မ​ကောင်း​ရှိ​သည်​အ​လျောက်၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖိုး​ဖြတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​ဖြတ်​သည်​အ​တိုင်း အ​ဖိုး​ရှိ​ရ​မည်။ 15ထို​အိမ်​ကို သန့်​ရှင်း​စေ​သော​သူ​ရွေး​လို​လျှင်၊ ဖြတ်​သော​အ​ဖိုး​ရင်း​နှင့် ငါး​စု​တစ်​စု​ကို​ပေး၍ အိမ်​ကို​ယူ​ရ​မည်။
16လူ​သည် ကိုယ်​ပိုင်​သော​လယ်​ယာ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​စေ​လျှင်၊ မု​ယော​မျိုး​စေ့​ကြဲ​ရ​သည်​အ​တိုင်း အ​ဖိုး​ဖြတ်​ရ​မည်။ မျိုး​စေ့ တစ်​ဩ​မဲ​ကြဲ​ရ​သော လယ်​ကို၊ ငွေ​အ​ကျပ်​ငါး​ဆယ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။ 17ယု​ဘိ​လ​နှစ်​မှ​စ၍ မိ​မိ​လယ်​ကို​သန့်​ရှင်း​စေ​လျှင်၊ ဖြတ်​သည်​အ​တိုင်း အ​ဖိုး​ရှိ​ရ​မည်။ 18ယု​ဘိ​လ​နှစ်​လွန်​မှ မိ​မိ​လယ်​ကို​သန့်​ရှင်း​စေ​လျှင်၊ နောင်​ယု​ဘိ​လ​နှစ်​မှီ​အောင် လို​သေး​သော​နှစ်​ပေါင်း​ကို၊ ယဇ်​ပု​ရော​ဟိတ်​ရေ​တွက်၍ ဖြတ်​သော​အ​ဖိုး​ရင်း​ငွေ​ကို လျှော့​ရ​မည်။ 19မိ​မိ​လယ်​ကို သန့်​ရှင်း​စေ​သော​သူ​သည် ရွေး​လို​လျှင်၊ ဖြတ်​သော​အ​ဖိုး​ရင်း​နှင့် ငါး​စု​တစ်​စု​ကို​ပေး၍ လယ်​ကို​အ​ပိုင်​ယူ​ရ​မည်။ 20သို့​မ​ဟုတ် လယ်​ကို​မ​ရွေး​လို၊ အ​ခြား​သော​သူ​အား​ရောင်း​မိ​လျှင်၊ နောက်​တစ်​ဖန် မ​ရွေး​ရ။ 21ယု​ဘိ​လ​နှစ်​တွင် ထို​လယ်​သည်​အ​မှု​လွတ်​သော​အ​ခါ၊ ကျိန်​ဆို​သော​လယ်​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အား​သန့်​ရှင်း၍ ယဇ်​ပု​ရော​ဟိတ်၏​ဥ​စ္စာ ဖြစ်​ရ​မည်။ 22လူ​သည်​ကိုယ်​ပိုင်​ရင်း​မ​ဟုတ်၊ ဝယ်​သော​လယ်​ယာ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​လျှင်၊ 23ယု​ဘိ​လ​နှစ်​တိုင်​အောင်​ဖြတ်​သော​အ​ဖိုး​ကို၊ ယဇ်​ပု​ရော​ဟိတ်​ရေ​တွက်၍၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​သော​နေ့၌ အ​ဖိုး​ဖြတ်​သော​ငွေ​ကို ပေး​ရ​မည်။ 24ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ၊ ထို​လယ်​ကို​အ​ရင်​ပိုင်၍ ရောင်း​သော​သူ​လက်​သို့ ပြန်​စေ​ရ​မည်။ 25အ​ဖိုး​ဖြတ်​လေ​ရာ​ရာ၌ အ​ကျပ်​တော်​အ​လိုက်​ဖြတ်​ရ​မည်။ အ​ကျပ်​ကား၊ ဂေ​ရ​နှစ်​ဆယ်​ဖြစ်​သ​တည်း။
26ထာ​ဝ​ရ​ဘု​ရား​ပိုင်​ထိုက်​သော တိ​ရ​စ္ဆာန်​သား​ဦး​ကို၊ အ​ဘယ်​သူ​မျှ မ​သန့်​ရှင်း​စေ​ရ။ နွား​ဖြစ်​စေ၊ သိုး​ဆိတ်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​ဥ​စ္စာ​ဖြစ်၏။ 27မ​စင်​ကြယ်​သော​တိ​ရ​စ္ဆာန်​ဖြစ်​လျှင်၊ အ​ဖိုး​ဖြတ်​သည်​အ​တိုင်း​ရွေး၍၊ ငါး​စု​တစ်​စု​ကို ထပ်၍​ပေး​ရ​မည်။ မ​ရွေး​လို​လျှင်၊ အ​ဖိုး​ဖြတ်​သည်​အ​တိုင်း​ရောင်း​ရ​မည်။
28သို့​ရာ​တွင်​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ ကိုယ်​ပိုင်​ရင်း​လယ်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အား​ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​ကို မ​ရောင်း​မ​ရွေး​ရ။ ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား အ​လွန်​သန့်​ရှင်း​ရ​မည်။ 29လူ​ကို​ပင် ကျိန်​ဆို၍​ပူ​ဇော်​လျှင်၊ နောက်​တစ်​ဖန်​မ​ရွေး​ရ၊ သတ်​ရ​မည်။
30စ​ပါး​ဖြစ်​စေ၊ သစ်​သီး​ဖြစ်​စေ၊ မြေ​က​ဖြစ်​သ​မျှ​သော​အ​သီး​အ​နှံ ဆယ်​စု​တစ်​စု​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘ​ဏ္ဍာ​တော်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​မည်။ 31ဆယ်​စု​တစ်​စု​ကို​ရွေး​လို​လျှင်၊ အ​ဖိုး​ရင်း​နှင့်​ငါး​စု​တစ်​စု​ကို ထပ်၍​ပေး​ရ​မည်။ 32နွား​ဖြစ်​စေ၊ သိုး​ဆိတ်​ဖြစ်​စေ၊ ကြိမ်​လုံး​အောက်၌​သွား​သ​မျှ​သော​အ​ကောင် ဆယ်​စု​တစ်​စု​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ရ​မည်။ 33ကောင်း​သ​လော၊ ညံ့​သ​လော​ဟု မ​မေး​မ​စစ်​ရ။ တစ်​ကောင်​အ​တွက် တစ်​ကောင်​ကို မ​လဲ​ရ။ လဲ​လို​လျှင် နှစ်​ကောင်​စ​လုံး​သန့်​ရှင်း​ရ​မည်။ အ​လျှင်း​မ​ရွေး​ရ​ဟု မိန့်​တော်​မူ၏။ 34ဤ​ရွေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ မော​ရှေ၌​ထား​တော်​မူ​သော ပ​ညတ်​တော်​များ ဖြစ်​သ​တည်း။
ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော ဝတ်​ပြု​ရာ​ကျမ်း​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 27: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ