သင်တို့သည် ကိုယ်အဖို့ထုလုပ်သော ရုပ်တုဆင်းတုကို မရှိစေရ။ သင်တို့ပြည်၌ကိုးကွယ်စရာ မှတ်တိုင်ကိုမစိုက်ရ။ ထုသောကျောက်ကို ထောင်၍မထားရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါ့ဥပုသ်နေ့တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ သင်တို့သည်၊ ငါ့ထုံးဖွဲ့ရာလမ်းသို့လိုက်၍၊ ငါ့ပညတ်တို့ကိုကျင့်စောင့်လျှင်၊ အချိန်တန်မှ ငါသည်သင်တို့အဖို့ မိုးရွာစေသဖြင့်၊ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင်တို့သည် အသီးသီးကြလိမ့်မည်။ စပါးနင်းနယ်သောအမှုသည်၊ စပျစ်သီးညှစ်ရာကာလတိုင်အောင်လည်းကောင်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင်လည်းကောင်း မီသဖြင့်၊ သင်တို့သည်ဝစွာစား၍၊ ကိုယ်ပြည်၌ဘေးလွတ်လျက် နေရကြလိမ့်မည်။ သင်တို့ပြည်၌ စစ်မှုကိုငါငြိမ်းစေ၍၊ ခြိမ်းခြောက်သောသူမရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ ဆိုးသောသားရဲတို့ကိုလည်း ငါပယ်ရှားမည်။ တစ်ပြည်လုံးသည် ဓားဘေးနှင့် ကင်းလွတ်လိမ့်မည်။ သင်တို့သည် ရန်သူများကိုလိုက်၍ ဓားလက်နက်ဖြင့် အောင်ကြလိမ့်မည်။ သင်တို့တွင် လူငါးယောက်သည် ရန်သူတစ်ရာကို လိုက်လိမ့်မည်။ လူတစ်ရာသည် ရန်သူတစ်သောင်းကိုပြေးစေ၍ ဓားလက်နက်ဖြင့် အောင်ကြလိမ့်မည်။ သင်တို့ကိုငါစောင့်မသဖြင့် တိုးပွားများပြားစေ၍၊ သင်တို့နှင့်ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည်။ သိုထားသော စပါးဟောင်းကိုစား၍မကုန်မီ၊ စပါးသစ်ပေါ်သောကြောင့်၊ အဟောင်းကိုထုတ်ရကြမည်။ ငါသည်စက်ဆုပ်ရွံရှာခြင်းမရှိဘဲ သင်တို့တွင် တဲတော်ကိုတည်မည်။ သင်တို့တွင်လည်းလှည့်လည်၍ သင်တို့၏ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ အဲဂုတ္တုပြည်၌ အစေကျွန်ခံရသော သင်တို့ကိုငါလွှတ်၍ နုတ်ဆောင်သော သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့၏ထမ်းပိုးကြိုးကို ငါဖြတ်၍ သင်တို့ကိုတည့်မတ်စေပြီ။
ဝတ်ပြုရာ 26 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဝတ်ပြုရာ 26:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ