YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 25

25
သ​တ္တ​မ​နှစ်
(တ​ရား၊ ၁၅:၁-၁၁)
1တစ်​ဖန် သိ​နာ​တောင်​ပေါ်​မှာ၊ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 2သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်​သော​အ​ခါ၊ ထို​ပြည်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဥ​ပုသ်​စောင့်​ရ​မည်။ 3ခြောက်​နှစ်​ပတ်​လုံး​လယ်​လုပ်​လျက် စ​ပျစ်​ဥ​ယျာဉ်​ကို​သုတ်​သင်၍ အ​သီး​ကို​သိမ်း​လျက်​နေ​ရ​မည်။ 4သ​တ္တ​မ​နှစ်​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ဥ​ပုသ်​နှစ်၊ တစ်​ပြည်​လုံး​ငြိမ်​ဝပ်​စွာ​နေ၍ ဥ​ပုသ်​စောင့်​ရ​သော​နှစ်​ဖြစ်၏။ လယ်​မ​လုပ်​ရ၊ စ​ပျစ်​ဥ​ယျာဉ်​ကို မ​သုတ်​သင်​ရ၊ 5လယ်၌ အ​လို​လို​ပေါက်​သော​အ​သီး​အ​နှံ​ကို​မျှ မ​ရိတ်​ရ။ မ​သုတ်​သင်​သော စ​ပျစ်​ဥ​ယျာဉ်​အ​သီး​ကို​မျှ မ​ဆွတ်​ရ။ တစ်​ပြည်​လုံး ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နှစ်​ဖြစ်၏။ 6ပြည်​ဥ​ပုသ်​တည်း​ဟူ​သော အ​လို​လို​ဖြစ်​ပွား​သော​အ​ရာ​ရှိ​သ​မျှ​သည်၊ သင်​ကိုယ်​မှ​စ၍ သင်၏​ကျွန်၊ ကျွန်​မ၊ သူ​ငှား၊ ဧည့်​သည်​စား​စ​ရာ၊ 7သင်၏​ပြည်၌​ရှိ​သော သား​ယဉ်​သား​ရဲ စား​စ​ရာ​ဖြစ်​ရ​သည်။
ငါး​ဆယ်​မြောက်​သော​နှစ်
8ဥ​ပုသ်​နှစ် ခု​နစ်​နှစ်​ကို​ရေ​တွက်၍၊ ခု​နစ်​နှစ် ခု​နစ်​လီ​တည်း​ဟူ​သော လေး​ဆယ်​ကိုး​နှစ်​စေ့​ပြီး​မှ၊ 9သ​တ္တ​မ​လ​ဆယ်​ရက်​နေ့၊ အ​ပြစ်​ဖြေ​ခြင်း​ပြု​ရာ​နေ့၌၊ ယု​ဘိ​လ​တံ​ပိုး​ကို တစ်​ပြည်​လုံး မှုတ်​စေ​ရ​မည်။ 10ငါး​ဆယ်​မြောက်​သော​နှစ်​ကို သန့်​ရှင်း​စေ​သ​ဖြင့်၊ တစ်​ပြည်​လုံး၌ ပြည်​သား​အ​ပေါင်း​တို့​အား၊ လွတ်​ရာ​အ​ခွင့်​ကို​ကြွေး​ကြော်​ရ​မည်။ ယု​ဘိ​လ​နှစ်​ဖြစ်၍၊ လူ​တိုင်း​မိ​မိ​ပိုင်​သော​မြေ၊ မိ​မိ​အ​ဆွေ​အ​မျိုး​ထံ​သို့ ပြန်​ရ​မည်။ 11ငါး​ဆယ်​မြောက်​သော​နှစ်​သည် ယု​ဘိ​လ​နှစ်​ဖြစ်​သော​ကြောင့် လယ်​မ​လုပ်​ရ။ အ​လို​လို​ပေါက်​သော အ​ပင်​ကို​မျှ​မ​ရိတ်​ရ။ မ​သုတ်​သင်​သော စ​ပျစ်​ဥ​ယျာဉ်​အ​သီး​ကို​မျှ မ​ဆွတ်​ရ။ 12ယု​ဘိ​လ​နှစ်​သည် သန့်​ရှင်း​သော​နှစ်​ဖြစ်​သော​ကြောင့်၊ လယ်၌​ရ​သော အ​သီး​အ​နှံ​ကို​သာ​စား​ရ​မည်။ 13ယု​ဘိ​လ​နှစ်​တွင် လူ​တိုင်း မိ​မိ​ပိုင်​သော​မြေ​သို့ ပြန်​ရ​မည်။ 14သင်​တို့​သည် အ​ချင်း​ချင်း​ရောင်း​ဝယ်​မှု​ကို​ပြု​လျှင်၊ တစ်​ယောက်​ကို​တစ်​ယောက် မ​ညှဉ်း​ဆဲ​ရ။ 15ယု​ဘိ​လ​နှစ်​လွန်၍ လို​သေး​သော​နှစ်​ပေါင်း၊ အ​သီး​အ​နှံ​သီး​လ​တ္တံ့​သော နှစ်​ပေါင်း​ကို​ရေ​တွက်၍ ရောင်း​ဝယ်​မှု​ကို​ပြု​ရ​မည်။ 16ထို​သို့ အ​သီး​သီး​ရ​သော နှစ်​များ​ကို​လိုက်၍​ရောင်း​သော​ကြောင့်၊ နှစ်​ပေါင်း အ​နည်း​အ​များ​အ​လိုက် အ​ဖိုး​လျော့​လျက်၊ တိုး​လျက်​ရောင်း​ဝယ်​ရ​မည်။ 17သင်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် မ​ညှဉ်း​ဆဲ​ရ။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်၏။
သ​တ္တ​မ​နှစ်​နှ​င့်​ဆိုင်​သော​ပြ​ဿ​နာ
18သင်​တို့​သည် ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို ကျင့်​စောင့်​လျှင်၊ ထို​ပြည်၌ ဘေး​လွတ်​လျက်​နေ​ရ​ကြ​လိမ့်​မည်။ 19မြေ​သည်​လည်း မိ​မိ​အ​သီး​အ​နှံ​ကို​ပေး​သ​ဖြင့်၊ သင်​တို့​သည် ဝ​စွာ​စား၍ ဘေး​လွတ်​လျက် နေ​ရ​ကြ​လိမ့်​မည်။ 20သင်​တို့​က​လည်း၊ သ​တ္တ​မ​နှစ်​တွင် ငါ​တို့​သည် အ​ဘယ်​သို့​စား​ရ​မည်​နည်း။ လယ်​မ​လုပ်​ရ။ အ​သီး​အ​နှံ​ကို​မ​သိမ်း​ရ​ပါ​တ​ကား​ဟု ဆို​လျှင်၊ 21အ​ဋ္ဌ​မတွင် သင်​တို့​ကို​ငါ​ကောင်း​ကြီး​ပေး၍၊ ထို​နှစ်​တွင် သုံး​နှစ်​အ​ဖို့ အ​သီး​အ​နှံ​ကို​ဖြစ်​စေ​မည်။ 22သင်​တို့​သည် အ​ဋ္ဌ​မ​နှစ်​တွင်​လယ်​လုပ်၍ န​ဝ​မ​နှစ်​တွင် အ​သီး​အ​နှံ​ကို​သိမ်း​ရာ ကာ​လ​တိုင်​အောင် ဟောင်း​သော​အ​သီး​အ​နှံ​ကို စား​ရ​ကြ​မည်။
ဥ​စ္စာ​ကို​ပြန်​လည်​ပေး​အပ်​ခြင်း
23မြေ​ကို သူ​တစ်​ပါး​အ​စဉ်​ပိုင်​စေ​ခြင်း​ငှာ မ​ရောင်း​ရ။ မြေ​သည် ငါ့​ဥ​စ္စာ​ဖြစ်၏။ သင်​တို့​သည် ငါ၌​တည်း​သော ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ကြ၏။ 24သင်​တို့​သည် မြေ​ကို​ပိုင်​လေ​ရာ​ရာ၌ ရွေး​နုတ်​ရ​သော​အ​ခွင့်​ကို ပေး​ရ​ကြ​မည်။ 25သင်၏​အ​မျိုး​သား​ချင်း​သည်​ဆင်း​ရဲ၍၊ မိ​မိ​ပိုင်​သော​မြေ​ကို​ရောင်း​လျှင်​လည်း​ကောင်း၊ သူ၏​ပေါက်​ဖော်​တစ်​စုံ​တစ်​ယောက်​သည် ဝယ်​ခြင်း​ငှာ​လာ​လျှင်​လည်း​ကောင်း၊ မိ​မိ​ပေါက်​ဖော် ရောင်း​သော​ဥ​စ္စာ​ကို ရွေး​နုတ်​ရ​သော​အ​ခွင့်​ရှိ​ရ​မည်။ 26ထို​မြေ​ကို ရွေး​နုတ်​သော​သူ​တစ်​ယောက်​မျှ မ​ပေါ်​မ​ရှိ၍၊ မြေ​ရှင်​ဟောင်း​သည် ကိုယ်​တိုင်​ရွေး​နုတ်​နိုင်​လျှင်၊ 27မိ​မိ​မြေ​သို့ ပြန်​အံ့​သော​ငှာ၊ ရောင်း၍​လွန်​သော နှစ်​ပေါင်း​ကို​ရေ​တွက်​ပြီး​မှ၊ လို​သေး​သော​အ​ဖိုး​ကို အ​ထက်​က​ရောင်း​ခဲ့​သော​သူ​အား ပြန်​ပေး​ရ​မည်။ 28ပြန်၍​မ​ပေး​နိုင်​လျှင် ရောင်း​ခဲ့​သော​ဥ​စ္စာ​ကို ယု​ဘိ​လ​နှစ်​တိုင်​အောင် ဝယ်​သော​သူ​လက်၌ ရှိ​စေ​ရ​မည်။ ယု​ဘိ​လ​နှစ်​တွင် လက်​လွှတ်၍ အ​ရှင်​ဟောင်း​လက်​သို့ ရောက်​စေ​ရ​မည်။
29မြို့​ထဲ၌​ရှိ​သော​အိမ်​ကို အိမ်​ရှင်​ရောင်း​လျှင်၊ တစ်​နှစ်​အ​တွင်း​တွင် ရွေး​နုတ်​သော​အ​ခွင့်​ရှိ​စေ​ရ​မည်။ 30တစ်​နှစ်​အ​တွင်း​တွင် မ​ရွေး​နုတ်​လျှင်၊ ထို​အိမ်​ကို​ဝယ်​သော​သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် အ​မြဲ​ပိုင်​ရ​ကြ​မည်။ ယု​ဘိ​လ​နှစ်​ရောက်​သော်​လည်း လက်​မ​လွှတ်​ရ။ 31မြို့​ရိုး​မ​ရှိ၊ ရွာ၌​ရှိ​သော​အိမ်​ကို လယ်​ယာ​ကဲ့​သို့​မှတ်၍ ရွေး​နုတ်​ရ​သော အ​ခွင့်​ရှိ၏။ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ လက်​လွှတ်​ရ​မည်။ 32သို့​ရာ​တွင် လေ​ဝိ​သား​ပိုင်​သော​မြို့​နှင့် မြို့​အိမ်​တို့​ကို၊ အ​ဘယ်​ကာ​လ​အ​ချိန်​မ​ဆို​ဘဲ ရွေး​နုတ်​ရ​သော​အ​ခွင့်​ရှိ၏။ 33လေ​ဝိ​သား​ပိုင်​သော​မြို့​ကို​လည်း​ကောင်း၊ အိမ်​ကို​လည်း​ကောင်း၊ သူ​တစ်​ပါး​ဝယ်​လျှင်၊ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ လက်​လွှတ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ လူ​အ​မျိုး​သား​တို့​တွင် လေ​ဝိ​သား​တို့​သည်၊ ကိုယ်​နေ​ရာ​မြို့​အိမ်​မှ တစ်​ပါး​အ​ခြား​သော ဥ​စ္စာ​မ​ရှိ။ 34သို့​ဆို​သော်​လည်း၊ လေ​ဝိ​သား​မြို့​နယ်၌​ရှိ​သော လယ်​ယာ​တို့​ကို​မ​ရောင်း​ရ။ အ​စဉ်​အ​မြဲ​ပိုင်​ရ​မည်။
ဆင်း​ရဲ​သား​တို့​ကို​ချေး​ငှား​ခြင်း
35သင်၏​အ​မျိုး​သား​ချင်း​သည် ဆင်း​ရဲ၍​လက်​အား​လျော့​သ​ဖြင့် တစ်​ပါး​အ​မျိုး​သား ဧည့်​သည်​အာ​ဂ​န္တု​ကဲ့​သို့​ဖြစ်​လျှင်၊ သင့်​ထံ​မှာ​နေ​စေ​ခြင်း​ငှာ သူ့​ကို​မ​စ​ရ​မည်။ 36သူ၌ အ​တိုး​အ​ပွား​ကို​မ​ယူ​ရ။ သင်၏​အ​မျိုး​သား​ချင်း​သည် သင့်​ထံ​မှာ​နေ​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​လော့။ 37အ​တိုး​အ​ပွား​ကို​မျှော်​လင့်၍ ငွေ​ကို​လည်း​ကောင်း၊ စား​စ​ရာ​ကို​လည်း​ကောင်း သူ၌​မ​ချေး​မ​ငှား​ရ။ 38ငါ​သည် ခါ​နာန်​ပြည်​ကို​သင်​တို့​အား​ပေး၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​အံ့​သော​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။
39သင်၏​အ​မျိုး​သား​ချင်း​သည်​ဆင်း​ရဲ၍ သင်၌​အ​ရောင်း​ခံ​လျှင်၊ အ​စေ​ခံ​ကျွန်​ကို​ပြု​သ​ကဲ့​သို့ သူ့​ကို​အ​နိုင်​မ​ပြု​ရ။ 40သူ​သည်​သူ​ငှား​ကဲ့​သို့​လည်း​ကောင်း၊ ဧည့်​သည်​ကဲ့​သို့​လည်း​ကောင်း၊ သင့်​ထံ​မှာ​နေ၍ ယု​ဘိ​လ​နှစ်​တိုင်​အောင် အ​စေ​ခံ​ရ​မည်။ 41ထို​အ​ခါ သူ​သည် သား​သ​မီး​နှင့်​တ​ကွ​ထွက်၍၊ မိ​မိ​အ​ဆွေ​အ​မျိုး၊ မိ​မိ ဘိုး​ဘ​ပိုင်​သော​မြေ​သို့ ပြန်​ရ​မည်။ 42အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ငါ​နုတ်​ဆောင်​သော ငါ၏​အ​မှု​ထမ်း​ဖြစ်၍၊ အ​စေ​ခံ​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ၊ မ​ရောင်း​ရ။ 43သူ့​ကို ကြမ်း​တမ်း​စွာ​မ​စီ​ရင်​ရ။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ 44သင်​သည်​စေ​ခိုင်း​သော​ကျွန်၊ ကျွန်​မ​တို့​ကို၊ သင့်​ပတ်​လည်​ဝန်း​ကျင်​တို့၌ နေ​သော​သာ​သ​နာ​ပ​လူ​တို့​တွင် ဝယ်​ရ​မည်။ 45ထို​မှ​တစ်​ပါး၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​ကို​လည်း​ကောင်း၊ သင်​တို့​ပြည်၌ သူ​တို့​ရ​သော​သား​သ​မီး​များ​ကို​လည်း​ကောင်း ဝယ်၍​ပိုင်​ရ​မည်။ 46သူ​တို့​သည် ကျွန်​သား​ပေါက်​ဖြစ်၍၊ သင်​တို့​နှင့် သင်​တို့​သား​သ​မီး​တို့​သည် အ​မွေ​ခံ၍​ပိုင်​ရ​မည်။ ကိုယ်​အ​မျိုး​သား​ချင်း​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​လျှင်၊ တစ်​ယောက်​ကို​တစ်​ယောက် ကြမ်း​တမ်း​စွာ​မ​စီ​ရင်​ရ။
47သင့်​အ​နား​မှာ​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​သည် ငွေ​ရ​တတ်၍ သူ၏​အ​နား​မှာ​နေ​သော သင်၏​အ​မျိုး​သား​ချင်း​ဆင်း​ရဲ​သ​ဖြင့်၊ သင့်​အ​နား​မှာ​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၌​လည်း​ကောင်း၊ သူ၏​သား​မြေး၌​လည်း​ကောင်း၊ ကိုယ်​ကို​ရောင်း​ချ​လျှင်၊ 48ရောင်း​ပြီး​မှ ရွေး​နုတ်​သော​အ​ခွင့် ရှိ​စေ​ရ​မည်။ မိ​မိ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​သည် ရွေး​နုတ်​ရ​မည်။ 49ဘ​ကြီး၊ ဘ​ထွေး၊ ညီ​အစ်​ကို​တော်​မှ​စ၍ အ​ဆွေ​အ​မျိုး​ပေါက်​ဖော်​ရင်း တစ်​စုံ​တစ်​ယောက်​သည် ရွေး​နုတ်​ရ​မည်။ ကိုယ်​တိုင်​တတ်​နိုင်​လျှင်​လည်း ကိုယ်​ကို​ရွေး​နုတ်​ရ​မည်။ 50သ​ခင်​နှင့် ကျွန်​တို့​သည်၊ ရောင်း​ဝယ်​သော​နှစ်​မှ​စ၍ ယု​ဘိ​လ​နှစ်​တိုင်​အောင် နှစ်​ပေါင်း​ကို​ရေ​တွက်​ပြီး​လျှင်၊ နှစ်​ပေါင်း​အ​နည်း​အ​များ​ကို ထောက်၍​လည်း​ကောင်း၊ သူ​ငှား​လုပ်​ရ​သည်​ကာ​လ​ကို ထောက်၍​လည်း​ကောင်း၊ ကိုယ်​အ​ဖိုး​ကို​စီ​ရင်​ရ​မည်။ 51ယု​ဘိ​လ​နှစ်​မ​ရောက်​မီ၊ အ​စေ​ခံ​ရ​သော နှစ်​ပေါင်း​အ​နည်း​အ​များ​ကို ရေ​တွက်၍၊ 52လို​သေး​သော နှစ်​ပေါင်း​အ​နည်း​အ​များ​အ​လိုက် ရွေး​ရန်​အ​ဖိုး​ကို၊ ဝယ်​ရင်း​ငွေ​ထဲ​က နုတ်၍​ပြန်​ပေး​ရ​မည်။ 53ထို​သူ​သည် တစ်​နှစ်​နောက်​တစ်​နှစ်၊ သူ​ငှား​ကဲ့​သို့​နေ​ရ​မည်။ သင့်​မျက်​မှောက်၌ ညှဉ်း​ဆဲ​ခြင်း​ကို​မ​ခံ​ရ။ 54ထို​သို့​သော​နည်း​ဖြင့် မ​ရွေး​မ​နုတ်​လျှင်၊ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ၊ သူ့​ကို​သား​မ​ယား​နှင့်​တ​ကွ သ​ခင်​လက်​မှ​လွှတ်​ရ​မည်။ 55အ​ကြောင်း​မူ​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ငါ၏​အ​မှု​ထမ်း​ဖြစ်​ကြ၏။ အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​ခဲ့​သော ငါ၏​အ​မှု​ထမ်း​ဖြစ်​ကြ၏။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 25: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ