YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 23

23
ပွဲ​တော်​များ
1တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 2သင်​တို့​သည် စီ​ရင်​ရ​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တည်း​ဟူ​သော ငါ​ထာ​ဝ​ရ​ဘု​ရား၏ ပွဲ​တော်​များ​ဟူ​မူ​ကား၊ 3ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​ဥ​ပုသ်​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​သော​နေ့ ဖြစ်၏။ ထို​နေ့၌ သင်​တို့​သည် အ​လုပ်​မ​လုပ်​ရ​ကြ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။
ပ​သ​ခါ​ပွဲ​နှ​င့်​တ​ဆေး​မဲ့​မု​န့်​ပွဲ​တော်
4အ​ချိန်​တန်​မှ သင်​တို့​ကြော်​ငြာ​ရ​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ​ဟူ​မူ​ကား၊ 5ပ​ထ​မ​လ​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ ထာ​ဝ​ရ​ဘု​ရား၏​ပ​သ​ခါ​ပွဲ​ဖြစ်၏။ 6၎င်း​လ​ဆယ်​ငါး​ရက်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​ဇု​မ​ပွဲ​ကို​ခံ​ရ​ကြ​မည်။ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို စား​ရ​ကြ​မည်။ 7ပ​ထ​မ​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ 8ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​မည်။ သ​တ္တ​မ​နေ့၌​လည်း ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို​မ​လုပ်​ရ​ဟု မိန့်​တော်​မူ၏။
9တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 10သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်၍ စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ အ​ဦး​ရိတ်​သော ကောက်​လှိုင်း​တစ်​စည်း​ကို ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့​ရ​မည်။ 11သင်​တို့​သည် စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​သည် ဥ​ပုသ်​နေ့​လွန်​မှ၊ နက်​ဖြန်​နေ့​တွင် ထို​ကောက်​လှိုင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရ​မည်။ 12ကောက်​လှိုင်း​ကို​ချီ​လွှဲ​သော​နေ့၌ အ​ခါ​မ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​အ​ထီး​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။ 13ထို​ယဇ်​နှင့်​ဆိုင်​သော​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကား၊ ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​ရာ​ဖို့ မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော ဆီ​နှင့်​ရော​သော မုန့်​ညက်​နှစ်​ဩ​မဲ​ဖြစ်​ရ​မည်။ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကား၊ စ​ပျစ်​ရည်​သုံး​လော​ဃ ဖြစ်​ရ​မည်။ 14သင်​တို့၏​ဘု​ရား​သ​ခင်​ထံ​တော်​သို့ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ခဲ့​သော​နေ့ မ​ရောက်​မီ၌ မုန့်၊ ဆန်​လှော်၊ စိမ်း​သော​အ​သီး​အ​နှံ​ကို မ​စား​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။
ကောက်​သိမ်း​ပွဲ​တော်
(တော၊ ၂၈:၂၆-၃၁)
15ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ကောက်​လှိုင်း​ကို ဆောင်​ခဲ့​သော​နေ့၊ ဥ​ပုသ်​နေ့​အ​လွန် နက်​ဖြန်​နေ့​က​စ၍ သီ​တင်း​ခု​နစ်​သီ​တင်း​စေ့​အောင် ရေ​တွက်​ရ​မည်။ 16သ​တ္တ​မ​ဥ​ပုသ်​နေ့​အ​လွန်​နက်​ဖြန်​နေ့​အ​ထိ အ​ရက်​ငါး​ဆယ်​တိုင်​တိုင် ရေ​တွက်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​သစ်​ကို ဆက်​ရ​ကြ​မည်။ 17ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​ဦး​သီး​သော​အ​သီး၊ တ​ဆေး​ဖြင့်​ဖောင်း​ကြွ​သော မုန့်​ညက်​နှစ်​ဩ​မဲ​နှင့်​လုပ်​သော ချီ​လွှဲ​ရာ​မုန့်​နှစ်​လုံး​ကို သင်​တို့​အိမ်​မှ​ထုတ်​ဆောင်​ခဲ့၍၊ 18ထို​မုန့်​နှင့်​တ​ကွ အ​ခါ​မ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်၊ နွား​သ​ငယ်​အ​ထီး​တစ်​ကောင်၊ ဆိတ်​နှစ်​ကောင်​ကို​ဆက်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​အား​မွှေး​ကြိုင်​ရာ​ဖို့ မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော မီး​ရှို့​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။ 19အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ အ​ခါ​လည်​သော​သိုး​သ​ငယ်​နှစ်​ကောင်​ကို​လည်း​ကောင်း ပူ​ဇော်၍၊ 20ယဇ်​ပု​ရော​ဟိတ်​သည် အ​ဦး​သီး​သော​အ​သီး​မုန့်​နှင့်​တ​ကွ ချီ​လွှဲ​သ​ဖြင့်၊ သိုး​သ​ငယ်​နှစ်​ကောင်​ပါ​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ ထို​အ​ရာ​တို့​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ သန့်​ရှင်း​သော အ​ရာ​ဖြစ်​သ​တည်း။ 21ထို​နေ့၌​လည်း ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို စီ​ရင်​ရ​ကြ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။
22ကိုယ်​မြေ၌​ဖြစ်​သော​စ​ပါး​ကို ရိတ်​သော​အ​ခါ၊ လယ်​ထောင့်​တို့​ကို အ​ကုန်​အ​စင် မ​ရိတ်​ရ။ သိမ်း​ရာ​တွင်​ကျန်​ကြွင်း​သော​အ​ရာ​ကို ပြန်၍​မ​ကောက်​မ​သိမ်း​ရ။ ထို​အ​ရာ​ကို ဆင်း​ရဲ​သော​သူ၊ ဧည့်​သည်​အာ​ဂ​န္တု​အ​ဖို့ ချန်​ခြွင်း​ရ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။
တံ​ပိုး​မှုတ်​ပွဲ
(တော၊ ၂၉:၁-၆)
23တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 24သင်​တို့​သည်​သ​တ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌​တံ​ပိုး​မှုတ်​ပွဲ၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​သော​ဥ​ပုသ်​နေ့​ကို စောင့်​ရ​ကြ​မည်။ 25လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ကို ဆက်​ရ​မည်​ဟု မိန့်​တော်​မူ၏။
အ​ပြစ်​ဖြေ​ရာ​နေ့
26တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 27သ​တ္တ​မ​လ၊ ဒ​သ​မ​နေ့​သည်​လည်း အ​ပြစ်​ဖြေ​ရာ​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​သော​နေ့​ဖြစ်၏။ ခြိုး​ခြံ​စွာ​ကျင့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ကို​ဆက်​ကပ်​ရ​မည်။ 28ထို​နေ့၌ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ရ။ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​သော​နေ့​ဖြစ်၏။ 29ထို​နေ့၌ ခြိုး​ခြံ​စွာ​မ​ကျင့်​သော​သူ​မည်​သည်​ကား မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​မည်။ 30ထို​နေ့၌ အ​လုပ်​တစ်​စုံ​တစ်​ခု​ကို​လုပ်​သော​သူ မည်​သည်​ကို၊ သူ၏​အ​မျိုး​မှ ငါ​ပယ်​ရှား​ဖျက်​ဆီး​မည်။ 31အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။ 32ထို​နေ့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နေ့၊ ခြိုး​ခြံ​စွာ​ကျင့်​ရ​သော​နေ့​ဖြစ်၏။ န​ဝ​မ​နေ့ ညဉ့်​ဦး​မှ​စ၍ နက်​ဖြန်​ညဉ့်​ဦး​တိုင်​အောင် ဥ​ပုသ်​စောင့်​ရ​မည်​ဟု​မိန့်​တော်​မူ၏။
သ​ကေ​နေ​ပွဲ
(တော၊ ၂၉:၁၂-၄၀)
33တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 34သင်​တို့​သည်​သ​တ္တ​မ​လ၊ ဆယ်​ငါး​ရက်​နေ့​မှ​စ၍ ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သ​ကေ​နေ​ပွဲ​ကို​ခံ​ရ​ကြ​မည်။ 35ပ​ထ​မ​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ အ​လုပ်​ကို​မ​လုပ်​ရ။ 36ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​မည်။ အ​ဋ္ဌ​မ​နေ့၌​လည်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​မည်။ ထူး​ဆန်း​သော​စည်း​ဝေး​ခြင်း​ဖြစ်၍ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ 37-38ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ပုသ်​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​သော အ​လှူ​ဒါ​န၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ နေ့​ရက်​အ​သီး​အ​သီး​တို့၌ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ယဇ်​ပူ​ဇော်​ခြင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​စေ​ခြင်း​ငှာ စီ​ရင်​ရ​သော​ဓ​မ္မ​စည်း​ဝေး​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ ဖြစ်​သ​တည်း။ 39ထို​မှ​တစ်​ပါး၊ သင်​တို့​သည် မြေ​အ​သီး​အ​နှံ​ကို သိမ်း​ယူ​သော​နောက်၊ သ​တ္တ​မ​လ ဆယ်​ငါး​ရက်​နေ့​မှ​စ၍ ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ထ​မ​နေ့​နှင့် အ​ဋ္ဌ​မ​နေ့၌ ဥ​ပုသ်​စောင့်​ရ​ကြ​မည်။ 40ပ​ထ​မ​နေ့၌ ကောင်း​မွန်​သော​သစ်​သီး၊ စွန်​ပ​လွံ​ခက်၊ မိုး​မ​ခ​ပင် အ​စ​ရှိ​သော အ​ရွက်​များ​သော​အ​ပင်၏ အ​ကိုင်း​အ​ခက်​တို့​ကို​ယူ၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​ပတ်​လုံး ရွှင်​လန်း​ခြင်း​ကို​ပြု​ရ​ကြ​မည်။ 41ထို​ပွဲ​တော်​ကို တစ်​နှစ်​တစ်​နှစ်​လျှင်​ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခံ​ရ​ကြ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​တော်​ဖြစ်​သ​တည်း။ ထို​ပွဲ​တော်​ကို သ​တ္တ​မ​လ၌​ခံ​ရ​ကြ​မည်။ 42ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော​အ​ခါ၊ 43သစ်​ခက်​တဲ၌​နေ​စေ​ကြောင်း​ကို သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် သိ​မှတ်​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ၌ ခု​နစ်​ရက်​ပတ်​လုံး​နေ​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။ 44မော​ရှေ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြန်​ကြား​လေ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 23: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ