YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 23:15-22

ဝတ်ပြုရာ 23:15-22 JBMLE

ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ကောက်​လှိုင်း​ကို ဆောင်​ခဲ့​သော​နေ့၊ ဥ​ပုသ်​နေ့​အ​လွန် နက်​ဖြန်​နေ့​က​စ၍ သီ​တင်း​ခု​နစ်​သီ​တင်း​စေ့​အောင် ရေ​တွက်​ရ​မည်။ သ​တ္တ​မ​ဥ​ပုသ်​နေ့​အ​လွန်​နက်​ဖြန်​နေ့​အ​ထိ အ​ရက်​ငါး​ဆယ်​တိုင်​တိုင် ရေ​တွက်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​သစ်​ကို ဆက်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​ဦး​သီး​သော​အ​သီး၊ တ​ဆေး​ဖြင့်​ဖောင်း​ကြွ​သော မုန့်​ညက်​နှစ်​ဩ​မဲ​နှင့်​လုပ်​သော ချီ​လွှဲ​ရာ​မုန့်​နှစ်​လုံး​ကို သင်​တို့​အိမ်​မှ​ထုတ်​ဆောင်​ခဲ့၍၊ ထို​မုန့်​နှင့်​တ​ကွ အ​ခါ​မ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်၊ နွား​သ​ငယ်​အ​ထီး​တစ်​ကောင်၊ ဆိတ်​နှစ်​ကောင်​ကို​ဆက်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​အား​မွှေး​ကြိုင်​ရာ​ဖို့ မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော မီး​ရှို့​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ အ​ခါ​လည်​သော​သိုး​သ​ငယ်​နှစ်​ကောင်​ကို​လည်း​ကောင်း ပူ​ဇော်၍၊ ယဇ်​ပု​ရော​ဟိတ်​သည် အ​ဦး​သီး​သော​အ​သီး​မုန့်​နှင့်​တ​ကွ ချီ​လွှဲ​သ​ဖြင့်၊ သိုး​သ​ငယ်​နှစ်​ကောင်​ပါ​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ ထို​အ​ရာ​တို့​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ သန့်​ရှင်း​သော အ​ရာ​ဖြစ်​သ​တည်း။ ထို​နေ့၌​လည်း ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို စီ​ရင်​ရ​ကြ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။ ကိုယ်​မြေ၌​ဖြစ်​သော​စ​ပါး​ကို ရိတ်​သော​အ​ခါ၊ လယ်​ထောင့်​တို့​ကို အ​ကုန်​အ​စင် မ​ရိတ်​ရ။ သိမ်း​ရာ​တွင်​ကျန်​ကြွင်း​သော​အ​ရာ​ကို ပြန်၍​မ​ကောက်​မ​သိမ်း​ရ။ ထို​အ​ရာ​ကို ဆင်း​ရဲ​သော​သူ၊ ဧည့်​သည်​အာ​ဂ​န္တု​အ​ဖို့ ချန်​ခြွင်း​ရ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။