YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 21

21
ယဇ်​ပု​ရော​ဟိတ်​များ​သန့်​ရှင်း​ရ​ခြင်း
1တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​မျိုး​သား​ချင်း​သေ​သော​သူ​အ​တွက် သင်​တို့​တွင်​အ​ဘယ်​သူ​မျှ ညစ်​ညူး​ခြင်း​မ​ရှိ​ရ။ 2သို့​ရာ​တွင် ပေါက်​ဖော်​ရင်း​တည်း​ဟူ​သော မိ​ဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊ 3လင်​မ​နေ​သော က​ညာ​နှ​မ​ရင်း​အ​တွက် ညစ်​ညူး​ခြင်း​ကို ခံ​ရ​သော​အ​ခွင့်​ရှိ၏။ 4အ​မျိုး​သား​ချင်း​သူ​ကြီး​အ​တွက်၊ ကိုယ်​ကို​ကိုယ်​ရှုတ်​ချ၍ ညစ်​ညူး​ခြင်း​မ​ရှိ​ရ။ 5ယဇ်​ပု​ရော​ဟိတ်​သည် ဆံ​ပင်​ကို​မ​ရိတ်​ရ။ ပါး​မုန်း​ကို​မ​ရိတ်​ရ။ အ​သား၌ ခုတ်​ရှ​ခြင်း​ကို​မ​ပြု​ရ။ 6သူ​သည် မိ​မိ​ဘု​ရား​သ​ခင်​အ​ဖို့ သန့်​ရှင်း​ရ​မည်။ မိ​မိ​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ မိ​မိ​ဘု​ရား​သ​ခင်၏ အ​စာ​အာ​ဟာ​ရ​ကို ပူ​ဇော်​သော​ကြောင့် သန့်​ရှင်း​ခြင်း​ရှိ​ရ​မည်။ 7သူ​သည်​ပြည့်​တန်​ဆာ​မိန်း​မ၊ သီ​လ​ပျက်​သော​မိန်း​မ၊ လင်​နှင့်​ကွာ​သော​မိန်း​မ​နှင့် မ​စုံ​ဖက်​ရ။ မိ​မိ​ဘု​ရား​သ​ခင်​အ​ဖို့ သန့်​ရှင်း၏။ 8သင်၏​ဘု​ရား​သ​ခင်​ပွဲ​တော်​ကို ဆက်​သော​ကြောင့်၊ သူ့​ကို​သန့်​ရှင်း​စေ၍၊ သူ​သည် သင့်​အ​ဖို့​သန့်​ရှင်း​ရ​မည်။ သင်​တို့​ကို​သန့်​ရှင်း​စေ​သော ငါ​ထာ​ဝ​ရ​ဘု​ရား သန့်​ရှင်း၏။ 9ယဇ်​ပု​ရော​ဟိတ်​သ​မီး​သည်၊ ပြည့်​တန်​ဆာ​လုပ်၍ ကိုယ်​ကို​ကိုယ် ရှုတ်​ချ​လျှင်၊ မိ​မိ​အ​ဘ​ကို ရှုတ်​ချ​ရာ​ရောက်၏။ ထို​သူ​ကို မီး​ရှို့​ရ​မည်။
10မိ​မိ​အ​မျိုး​သား​ချင်း​တို့​တွင်၊ အ​ဝတ်​တန်​ဆာ​ဆင်​လျက်၊ အ​ရာ၌​ခန့်​ထား၍ မိ​မိ​ခေါင်း​ပေါ်​မှာ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ခံ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည်၊ မိ​မိ​ခေါင်း၌ တန်​ဆာ​ကို​မ​ချွတ်​ရ။ မိ​မိ​အ​ဝတ်​ကို မ​ဆုတ်​ရ။ 11အ​သေ​ကောင်​ကို မ​ချဉ်း​ရ။ မိ​ဘ​အ​တွက် ညစ်​ညူး​ခြင်း​ကို​မ​ခံ​ရ။ 12သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​က မ​ထွက်​ရ။ မိ​မိ​ဘု​ရား​သ​ခင်၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို မ​ရှုတ်​မ​ချ​ရ။ အ​ကြောင်း​မူ​ကား၊ မိ​မိ​ဘု​ရား​သ​ခင်၏ ဘိ​သိက်​ဆီ​နှင့်​ဆိုင်​သော သင်း​ကျစ်​ကို ဆောင်း​ရ​သော​သူ​ဖြစ်၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 13ယဇ်​ပု​ရော​ဟိတ်​မင်း​သည်၊ အ​ပျို​က​ညာ​နှင့်​သာ စုံ​ဖက်​ရ​မည်။ 14မု​ဆိုး​မ၊ လင်​နှင့်​ကွာ​သော​မိန်း​မ၊ သီ​လ​ပျက်​သော​မိန်း​မ၊ ပြည့်​တန်​ဆာ​မိန်း​မ​နှင့် မ​စုံ​ဖက်​ရ။ မိ​မိ​အ​မျိုး​သား​ချင်း အ​ပျို​က​ညာ​နှင့်​သာ စုံ​ဖက်​ရ​မည်။ 15မိ​မိ​သား​ကို၊ အ​မျိုး​သား​ချင်း​တို့​တွင် မ​ရှုတ်​မ​ချ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ကို သန့်​ရှင်း​စေ​သည်​ဟု​မိန့်​တော်​မူ၏။
16တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်​အား​ဆင့်​ဆို​ရ​မည်​မှာ၊ 17သင်၏​အ​မျိုး​အ​စဉ်​အ​ဆက်​တွင် ကိုယ်၌​အ​ပြစ်​ရှိ​သော​သူ​သည်၊ မိ​မိ​ဘု​ရား​သ​ခင်၏​ပွဲ​တော်​ကို ဆက်​ကပ်​အံ့​သော​ငှာ မ​ချဉ်း​မ​ကပ်​ရ။ 18မျက်​စိ​ကန်း​သော​သူ၊ ခြေ​ဆွံ့​သော​သူ၊ နှာ​ခေါင်း​ပိ​သော​သူ၊ အင်္ဂါ​ပို​လွန်​သော​သူ၊ 19လက်​ကျိုး​သော​သူ၊ ခြေ​ကျိုး​သော​သူ၊ 20ကျော​ကုန်း​သော​သူ၊ ပု​သော​သူ၊ မျက်​စိ​နာ​သော​သူ၊ ဝဲ​စွဲ​သော​သူ၊ ယား​နာ​စွဲ​သော​သူ၊ ဝှေး​စေ့​ပျက်​သော​သူ​သည် မ​ချဉ်း​မ​ကပ်​ရ။ 21ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​အ​မျိုး​တွင်၊ ကိုယ်၌​အ​ပြစ်​ပါ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​အံ့​သော​ငှာ မ​ချဉ်း​မ​ကပ်​ရ။ ကိုယ်၌​အ​ပြစ်​ပါ​သော​ကြောင့်၊ မိ​မိ​ဘု​ရား​သ​ခင်၏​မုန့်​တော်​ကို ဆက်​ကပ်​အံ့​သော​ငှာ မ​ချဉ်း​မ​ကပ်​ရ။ 22သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ အ​လွန်​သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ မိ​မိ​ဘု​ရား​သ​ခင်၏ မုန့်​တော်​ကို​စား​ရ​မည်။ 23ကိုယ်၌​အ​ပြစ်​ပါ​သော​ကြောင့်၊ ငါ့​သန့်​ရှင်း​ရာ​ဌာ​န​အ​ရပ်​တို့​ကို ရှုတ်​ချ​မည်​ကို စိုး​ရိမ်၍၊ ကု​လား​ကာ​အ​တွင်း​သို့ မ​ဝင်​ရ။ ယဇ်​ပ​လ္လင်​သို့ မ​ချဉ်း​မ​ကပ်​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​အ​ရပ်​တို့​ကို သန့်​ရှင်း​စေ​သည်​ဟု မိန့်​တော်​မူ၏။ 24မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​လေ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ