YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 19:1-18

ဝတ်ပြုရာ 19:1-18 JBMLE

တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​လည်း သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့။ လူ​တိုင်း ကိုယ်​မိ​ဘ​ကို​ရို​သေ​ရ​မည်။ ငါ့​ဥ​ပုသ်​နေ့​တို့​ကို​လည်း စောင့်​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ရုပ်​တု​ဆင်း​တု​ကို​လည်း မ​ချဉ်း​မ​ကပ်​ရ။ ကိုယ်​အ​ဖို့ သွန်း​သော​ဘု​ရား​တို့​ကို မ​လုပ်​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ မိတ်​သ​ဟာ​ယ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျှင်၊ စိတ်​တော်​နှင့်​တွေ့​အောင် ပူ​ဇော်​ရ​မည်။ ပူ​ဇော်​သော​နေ့​နှင့် နက်​ဖြန်​နေ့၌ စား​ရ​မည်။ သန်​ဘက်​နေ့​တိုင်​အောင် ကျန်​ကြွင်း​လျှင် မီး​ရှို့​ရ​မည်။ သန်​ဘက်​နေ့၌ အ​နည်း​ငယ်​ကို​မျှ​စား​လျှင် ရွံ​ရှာ​ဖွယ်​ဖြစ်၏။ စိတ်​တော်​နှင့်​မ​တွေ့။ စား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သော​အ​ရာ​ကို ရှုတ်​ချ​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ ကိုယ်​မြေ၌​ဖြစ်​သော စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ လယ်​ထောင့်​တို့​ကို အ​ကုန်​အ​စင်​မ​ရိတ်​ရ။ သိမ်း​ရာ​တွင် ကျန်​ကြွင်း​သော​အ​ရာ​ကို ပြန်၍​မ​ကောက်​မ​သိမ်း​ရ။ ကိုယ်​စ​ပျစ်​သီး​ကို​လည်း အ​ကုန်​အ​စင်​မ​သိမ်း​ရ။ ကျန်​ကြွင်း​သော​အ​သီး​ကို ပြန်၍​မ​ဆွတ်​ရ။ ထို​အ​သီး​ကို​ဆင်း​ရဲ​သော​သူ ဧည့်​သည်​အာ​ဂ​န္တု​အ​ဖို့ ချန်​ခြွင်း​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သူ့​ဥ​စ္စာ​ကို မ​ခိုး​ရ။ သူ​တစ်​ပါး​ကို မ​လှည့်​စား​ရ။ တစ်​ယောက်​ကို​တစ်​ယောက် မု​သား​စ​ကား​မ​ပြော​ရ။ ငါ့​နာ​မ​ကို​တိုင်​တည်၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​ခြင်း​ကို​မ​ပြု​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့်​မ​သိမ်း​ရ။ အ​နိုင်​အ​ထက်​ပြု၍ မ​ယူ​ရ။ သူ​ငှား​ခံ​ထိုက်​သော​အ​ခ​ကို တစ်​ည​လုံး​နံ​နက်​တိုင်​အောင် မ​ထား​ရ။ နား​ပင်း​သော​သူ​ကို မ​ကျိန်​ဆဲ​ရ။ မျက်​စိ​မ​မြင်​သော​သူ​ရှေ့​မှာ ထိ​မိ၍​လဲ​စ​ရာ​ကို မ​ထား​ရ။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ တ​ရား​တွေ့​သည်​အ​မှု​မှာ မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ ဆင်း​ရဲ​သော​သူ​ဘက်၌ မ​ငဲ့​ကွက်၊ ကြီး​သော​သူ၏ မျက်​နှာ​ကို​မ​ထောက်​ဘဲ၊ ကိုယ်​အ​မျိုး​သား​ချင်း​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရ​မည်။ သူ့​အ​သ​ရေ​ပျက်​သော သ​တင်း​ကို​ကြား​ပြော​ခြင်း​ငှာ၊ ကိုယ်​အ​မျိုး​သား​ချင်း​တို့​တွင် မ​လှည့်​လည်​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို သေ​စေ​ခြင်း​ငှာ မ​ကြံ​စည်​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်၏​ညီ​အစ်​ကို​ကို စိတ်​အ​ခု​အ​ခံ​မ​ရှိ​ရ။ ကိုယ်​နှင့် စပ်​ဆိုင်​သော​သူ၌​ရှိ​သော​အ​ပြစ်​ကို တတ်​တိုင်း​မ​ရှိ​စေ​ဘဲ၊ သူ့​ကို​အ​မှန်​ဆုံး​မ​ရ​မည်။ သင့်​အ​မျိုး​သား​ချင်း​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ ကိုယ်​တိုင်​အ​ပြစ်​ပြန်၍ မ​တုံ့​ရ။ အ​ငြိုး​မ​ထား​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။