YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 19:2-18

ဝတ်ပြုရာ 19:1-18 Judson Bible (JBMLE)

တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​လည်း သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့။ လူ​တိုင်း ကိုယ်​မိ​ဘ​ကို​ရို​သေ​ရ​မည်။ ငါ့​ဥ​ပုသ်​နေ့​တို့​ကို​လည်း စောင့်​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ရုပ်​တု​ဆင်း​တု​ကို​လည်း မ​ချဉ်း​မ​ကပ်​ရ။ ကိုယ်​အ​ဖို့ သွန်း​သော​ဘု​ရား​တို့​ကို မ​လုပ်​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ မိတ်​သ​ဟာ​ယ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျှင်၊ စိတ်​တော်​နှင့်​တွေ့​အောင် ပူ​ဇော်​ရ​မည်။ ပူ​ဇော်​သော​နေ့​နှင့် နက်​ဖြန်​နေ့၌ စား​ရ​မည်။ သန်​ဘက်​နေ့​တိုင်​အောင် ကျန်​ကြွင်း​လျှင် မီး​ရှို့​ရ​မည်။ သန်​ဘက်​နေ့၌ အ​နည်း​ငယ်​ကို​မျှ​စား​လျှင် ရွံ​ရှာ​ဖွယ်​ဖြစ်၏။ စိတ်​တော်​နှင့်​မ​တွေ့။ စား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သော​အ​ရာ​ကို ရှုတ်​ချ​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ ကိုယ်​မြေ၌​ဖြစ်​သော စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ လယ်​ထောင့်​တို့​ကို အ​ကုန်​အ​စင်​မ​ရိတ်​ရ။ သိမ်း​ရာ​တွင် ကျန်​ကြွင်း​သော​အ​ရာ​ကို ပြန်၍​မ​ကောက်​မ​သိမ်း​ရ။ ကိုယ်​စ​ပျစ်​သီး​ကို​လည်း အ​ကုန်​အ​စင်​မ​သိမ်း​ရ။ ကျန်​ကြွင်း​သော​အ​သီး​ကို ပြန်၍​မ​ဆွတ်​ရ။ ထို​အ​သီး​ကို​ဆင်း​ရဲ​သော​သူ ဧည့်​သည်​အာ​ဂ​န္တု​အ​ဖို့ ချန်​ခြွင်း​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သူ့​ဥ​စ္စာ​ကို မ​ခိုး​ရ။ သူ​တစ်​ပါး​ကို မ​လှည့်​စား​ရ။ တစ်​ယောက်​ကို​တစ်​ယောက် မု​သား​စ​ကား​မ​ပြော​ရ။ ငါ့​နာ​မ​ကို​တိုင်​တည်၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​ခြင်း​ကို​မ​ပြု​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့်​မ​သိမ်း​ရ။ အ​နိုင်​အ​ထက်​ပြု၍ မ​ယူ​ရ။ သူ​ငှား​ခံ​ထိုက်​သော​အ​ခ​ကို တစ်​ည​လုံး​နံ​နက်​တိုင်​အောင် မ​ထား​ရ။ နား​ပင်း​သော​သူ​ကို မ​ကျိန်​ဆဲ​ရ။ မျက်​စိ​မ​မြင်​သော​သူ​ရှေ့​မှာ ထိ​မိ၍​လဲ​စ​ရာ​ကို မ​ထား​ရ။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ တ​ရား​တွေ့​သည်​အ​မှု​မှာ မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ ဆင်း​ရဲ​သော​သူ​ဘက်၌ မ​ငဲ့​ကွက်၊ ကြီး​သော​သူ၏ မျက်​နှာ​ကို​မ​ထောက်​ဘဲ၊ ကိုယ်​အ​မျိုး​သား​ချင်း​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရ​မည်။ သူ့​အ​သ​ရေ​ပျက်​သော သ​တင်း​ကို​ကြား​ပြော​ခြင်း​ငှာ၊ ကိုယ်​အ​မျိုး​သား​ချင်း​တို့​တွင် မ​လှည့်​လည်​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို သေ​စေ​ခြင်း​ငှာ မ​ကြံ​စည်​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်၏​ညီ​အစ်​ကို​ကို စိတ်​အ​ခု​အ​ခံ​မ​ရှိ​ရ။ ကိုယ်​နှင့် စပ်​ဆိုင်​သော​သူ၌​ရှိ​သော​အ​ပြစ်​ကို တတ်​တိုင်း​မ​ရှိ​စေ​ဘဲ၊ သူ့​ကို​အ​မှန်​ဆုံး​မ​ရ​မည်။ သင့်​အ​မျိုး​သား​ချင်း​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ ကိုယ်​တိုင်​အ​ပြစ်​ပြန်၍ မ​တုံ့​ရ။ အ​ငြိုး​မ​ထား​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ဝတ်ပြုရာ 19:1-18 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောက် ပါ​အ​တိုင်း​မိန့်​တော်​မူ​၏။ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော ကြောင့်​သင်​တို့​သည်​လည်း​သန့်​ရှင်း​ရ​မည်။- လူ​တိုင်း​မိ​ဘ​ကို​ရို​သေ​လေး​စား​ရ​မည်။ ငါ ပ​ညတ်​သည့်​အ​တိုင်း​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း ရ​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ``ငါ့​ကို​ပစ်​ပယ်​၍​ရုပ်​တု​များ​ကို​မ​ကိုး​ကွယ် နှင့်။ သတ္တု​ဖြင့်​သွန်း​လုပ်​သော​ရုပ်​တု​များ​ကို မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ``သင်​တို့​သည်​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် သည့်​အ​ခါ ငါ​၏​ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ ပူ​ဇော်​လျှင် ငါ​သည်​ထို​ပူ​ဇော်​သ​ကာ​ကို လက်​ခံ​မည်။- ယဇ်​ပူ​ဇော်​သော​နေ့​သို့​မ​ဟုတ်​နောက်​တစ်​နေ့ ၌​ယဇ်​ကောင်​၏​အ​သား​ကို​စား​ရ​မည်။ တ​တိ ယ​နေ့​သို့​တိုင်​အောင်​ကြွင်း​ကျန်​သော​အ​သား သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း သ​ဖြင့်​မီး​ရှို့​ပစ်​ရ​မည်။ အ​ကယ်​၍​တ​တိ​ယ နေ့​၌​ယဇ်​ကောင်​၏​အ​သား​ကို တစ်​ဦး​တစ် ယောက်​က​စား​ခဲ့​သည်​ရှိ​သော် ထို​ပူ​ဇော် သ​ကာ​ကို​ငါ​လက်​ခံ​မည်​မ​ဟုတ်။- ထို​အ​သား​ကို​စား​သော​သူ​သည် ငါ့​အ​တွက် ဆက်​ကပ်​ထား​သော​ပူ​ဇော်​သ​ကာ​ကို​မ​ရို မ​သေ​ပြု​သော​ကြောင့် သူ့​အား​ငါ​၏​လူ​မျိုး တော်​မှ​ထုတ်​ပယ်​မည်။ ``ကောက်​ရိတ်​သော​အ​ခါ လယ်​ကွက်​အ​နား တစ်​လျှောက်​ရှိ​ကောက်​ပင်​များ​ကို​မ​ရိတ်​ရ။ ကျန်​ကြွင်း​သော​ကောက်​နှံ​များ​ကို​လည်း ပြန်​ကျော့​၍​မ​ရိတ်​ရ။- စ​ပျစ်​ခြံ​မှ​မ​ဆွတ်​ဘဲ​ကျန်​ခဲ့​သော​စ​ပျစ် သီး​များ​ကို​လည်း​ကောင်း၊ ကျ​ကျန်​ရစ်​သော စ​ပျစ်​သီး​များ​ကို​လည်း​ကောင်း​ပြန်​၍​မ​စု သိမ်း​ရ။ ထို​အ​သီး​များ​ကို​ဆင်း​ရဲ​သား​နှင့် လူ​မျိုး​ခြား​တို့​အ​တွက်​ချန်​ထား​ရ​မည်။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ ``သူ​တစ်​ပါး​၏​ပစ္စည်း​ကို​မ​ခိုး​ရ။ သူ​တစ်​ပါး ကို​မ​လှည့်​စား​ရ။ မု​သား​စ​ကား​မ​ပြော ရ။- က​တိ​တည်​ရန်​မ​ရည်​ရွယ်​ဘဲ​နှင့် ငါ​၏​နာ​မ တော်​ကို​တိုင်​တည်​၍​က​တိ​မ​ပေး​ရ။ ထို​သို့​ပြု ခြင်း​ဖြင့်​ငါ​၏​နာ​မ​တော်​ကို​မ​ရှုတ်​ချ​ရ။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ ``မိ​မိ​ထက်​အား​နည်း​သူ​ကို​အ​နိုင်​မ​ကျင့်​ရ။ သူ့​ဥစ္စာ​ကို​လည်း​မ​လု​ယူ​ရ။ သူ​ငှား​အ​တွက် ပေး​စ​ရာ​အ​ခ​ကြေး​ငွေ​ကို​နေ့​ချင်း​ပေး​ရ မည်။ နောက်​တစ်​နေ့​တိုင်​အောင်​မ​ဆိုင်း​ထား ရ။- နား​ပင်း​သူ​ကို​မ​ကျိန်​ဆဲ​ရ။ မျက်​မ​မြင်​၏​ရှေ့ တွင်​တိုက်​မိ​၍​လဲ​စ​ရာ​ကို​မ​ချ​ထား​ရ။ ငါ့ ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ ငါ​သည်​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။ ``အ​မှု​အ​ခင်း​များ​ကို​တ​ရား​မျှ​တ​စွာ​စီ​ရင် ရ​မည်။ ဆင်း​ရဲ​သူ​ဘက်​သို့​မျက်​နှာ​သာ​ပေး​ခြင်း၊ ပစ္စည်း​ချမ်း​သာ​သူ​ဘက်​သို့​မျက်​နှာ​လိုက်​ခြင်း မ​ရှိ​စေ​ရ။- သူ​တစ်​ပါး​အ​သ​ရေ​ပျက်​စေ​သော​စ​ကား ကို​လှည့်​လည်​၍​မ​ပြော​ရ။ သေ​ဒဏ်​ခံ​ထိုက်​သော ပြစ်​မှု​ကို​ကူး​လွန်​သူ​အား​တ​ရား​စီ​ရင်​နေ စဉ် သူ့​ဘက်​က​သက်​သေ​ပြ​နိုင်​လျှင်​ဖော်​ထုတ် ပြော​ဆို​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။ ``သူ​တစ်​ပါး​အား​ရန်​ငြိုး​မ​ထား​နှင့်။ သူ့ ကြောင့်​သင်​သည်​အ​ပြစ်​မ​ကူး​လွန်​မိ​စေ ရန် သူ​နှင့်​သ​ဘော​ကွဲ​လွဲ​ချက်​များ​ကို​တွေ့ ဆုံ​ဖြေ​ရှင်း​လော့။- သူ​တစ်​ပါး​အား​လက်​စား​မ​ချေ​ရ။ ရန်​ငြိုး မ​ထား​ရ။ အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် ရ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။

ဝတ်ပြုရာ 19:2-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​သောကြောင့် သင်​တို့​သည်​လည်း သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ လူ​တိုင်း ကိုယ့်​မိဘ​ကို ရိုသေ​ရ​မည်​။ ငါ​၏​ဥပုသ်နေ့​ကို စောင့်ထိန်း​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​တို့​သည် ရုပ်တု​များ​ဘက်​သို့ မ​လှည့်​ရ​။ ဘုရား​အများ​တို့​၏​ရုပ်တု​ကို သင်​တို့​အဖို့ မ​သွန်းလုပ်​ရ​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​တို့​သည် ထာဝရဘုရား​အား မိတ်သဟာယယဇ်​ပူဇော်​သောအခါ ထာဝရဘုရား​လက်ခံ​အောင် ပူဇော်​ရ​မည်​။ ထို​ယဇ်​ကို ပူဇော်​သော​နေ့​နှင့်​နောက်တစ်နေ့​၌​စား​ရ​မည်​။ သုံး​ရက်​မြောက်​သော​နေ့​အထိ ကျန်​နေ​သေး​လျှင် မီး​ရှို့​ပစ်​ရ​မည်​။ သုံး​ရက်​မြောက်​သော​နေ့​၌ အနည်းငယ်​မျှ​စား​မိ​လျှင်ပင် ရွံရှာဖွယ်​ရာ​ဖြစ်၍ လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ စား​မိ​သော​သူ​သည် ထာဝရဘုရား​၏​သန့်ရှင်းသောယဇ်​ကို ညစ်ညူး​စေ​သည်​ဖြစ်၍ ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။ ထို​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သင်​တို့​ပြည်​တွင် ရိတ်သိမ်း​ချိန်​၌ သီးနှံ​ရိတ်သိမ်း​သောအခါ သင့်​လယ်​၏​အစွန်အဖျား​ကို အကုန်အစင်​မ​ရိတ်​ရ​။ ရိတ်သိမ်း​ပြီး​သောအခါ​တွင်​လည်း ကောက်သင်း​မ​ကောက်​ရ​။ သင်​၏​စပျစ်ခြံ​တွင် ကောက်သင်း​မ​ကောက်​ရ​။ သင့်​စပျစ်ခြံ​မှ ကြွေကျ​သော​စပျစ်သီး​ကို​လည်း မ​ကောက်​ရ​။ ဆင်းရဲသား​နှင့်​တိုင်းတစ်ပါးသား​တို့​အတွက် ချန်ထား​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ မ​ခိုး​ရ​။ မ​လိမ်ညာ​ရ​။ သူတစ်ပါး​ကို မ​လှည့်စား​ရ​။ ငါ့​နာမ​တော်​ကို​တိုင်တည်​၍ မဟုတ်မမှန်​ကျိန်ဆို​ခြင်း​မ​ပြု​ရ​။ သင့်​ဘုရားသခင်​၏​နာမ​တော်​ကို မ​ရှုတ်ချ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ မိမိ​အိမ်နီးချင်း​ကို အနိုင်အထက်​မ​ပြု​ရ​။ သူ့​ဥစ္စာ​ကို မ​လုယူ​ရ​။ သူရင်းငှား​၏​လုပ်အားခ​ကို တစ်ညလုံး​နံနက်​တိုင်အောင် မ​ဆိုင်းထား​ရ​။ နားမကြား​သော​သူ​ကို မ​ကျိန်ဆဲ​ရ​။ မျက်စိမမြင်​သော​သူ​၏​ရှေ့​၌ ခလုတ်တံသင်း​ကို​မ​ထား​ရ​။ သင်​၏​ဘုရားသခင်​ကို သင်​ကြောက်ရွံ့​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ တရားစီရင်​ရာ​တွင် မတရားသဖြင့် မ​စီရင်​ရ​။ ဆင်းရဲ​သော​သူ​ကို ဘက်​မ​လိုက်​ရ​။ ချမ်းသာ​သော​သူ​ကို​လည်း မ​လိုက်လျော​ရ​။ သင်​၏​အိမ်နီးချင်း​ကို ဖြောင့်မတ်​စွာ​တရားစီရင်​ရ​မည်​။ သင်​၏​လူမျိုး​တို့​တွင် လှည့်လည်​၍ သူတစ်ပါး​အသရေပျက်​အောင် မ​ပြော​ရ​။ သင်​၏​အိမ်နီးချင်း​ကို အသက်အန္တရာယ်​ဖြစ်​အောင် မ​ပြု​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ သင်​၏​ညီအစ်ကို​ကို စိတ်​ထဲ၌ အမုန်း​မ​ထား​ရ​။ သင့်​အိမ်နီးချင်း​ကြောင့် သင်​အပြစ်​မ​သင့်​မည့်​အကြောင်း သူ့​ကို မ​ဆုံးမ​ဘဲ​မ​နေ​နှင့်​။ သင်​၏​အမျိုးသားချင်း​ကို လက်တုံ့​မ​ပြန်​ရ​။ အငြိုး​မ​ထား​ရ​။ ကိုယ့်​အိမ်နီးချင်း​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။