YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 10

10
နာ​ဒပ်​နှ​င့်​အ​ဘိ​ဟု
1အာ​ရုန်၏​သား​နာ​ဒပ်​နှင့် အ​ဘိ​ဟု​တို့​သည်၊ ကိုယ်​စီ​ဆိုင်​သော​လင်​ပန်း​တို့​ကို​ယူ​လျက်၊ မီး​ကို​ထည့်၍ လော​ဗန်​ကို​တင်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော မီး​မ​ဟုတ်၊ ထူး​ခြား​သော​မီး​ကို ရှေ့​တော်၌​ပူ​ဇော်၏။ 2ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ မီး​ထွက်၍၊ သူ​တို့​ကို​လောင်​သ​ဖြင့် ရှေ့​တော်၌​သေ​ကြ၏။ 3ထို​အ​ခါ၊ မော​ရှေ​သည် အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည် သန့်​ရှင်း​ခြင်း​ရှိ​သည်​ဟု ငါ့​ထံ​သို့​ချဉ်း​ကပ်​သူ​တို့​သည် မှတ်​ရ​မည်။ လူ​အ​ပေါင်း​တို့​သည် ငါ့​ဘုန်း​ကို​ချီး​မြှင့်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​ရာ၌၊ ထို​သို့​သော​အ​မှု​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ အာ​ရုန်​သည် တိတ်​ဆိတ်​စွာ​နေ​လေ၏။ 4မော​ရှေ​သည် အာ​ရုန်၏​ဘ​ထွေး ဩ​ဇေ​လ​သား​မိ​ရှေ​လ​နှင့် ဧ​လ​ဇာ​ဖန်​ကို​ခေါ်၍၊ လာ​ကြ။ သင်​တို့​ပေါက်​ဖော်​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န​တော်​က၊ တပ်​ပြင်​သို့ ယူ​သွား​ကြ​လော့​ဟု​ဆို​သည်​အ​တိုင်း၊ 5သူ​တို့​သည်​လာ၍ အင်္ကျီ​ဝတ်​လျက်​ရှိ​သော​အ​သေ​ကောင်​ကို တပ်​ပြင်​သို့​ယူ​သွား​ကြ၏။ 6မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​ကို​ခေါ်၍၊ သင်​တို့​လည်း​သေ​မည်။ လူ​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သင့်​ရောက်​မည်​ကို စိုး​ရိမ်​သည်​ဖြစ်၍၊ သင်​တို့​ဦး​ထုပ်​ကို မ​ချွတ်​နှင့်။ အ​ဝတ်​ကို​မ​ဆုတ်​နှင့်။ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော မီး​လောင်​ခြင်း​ကို​သာ ငို​ကြွေး​မြည်​တမ်း​ကြ​စေ။ 7သင်​တို့​သေ​မည်​ကို စိုး​ရိမ်​သည်​ဖြစ်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​ပြင်​သို့ မ​ထွက်​နှင့်။ ထာ​ဝ​ရ​ဘု​ရား၏​ဘိ​သိက်​ဆီ​သည် သင်​တို့​အ​ပေါ်၌​ရှိ​သည်​ဟု ဆို​သည်​အ​တိုင်း သူ​တို့​ပြု​ကြ၏။
ယဇ်​ပု​ရော​ဟိတ်​များ​လိုက်​နာ​ရန်
8တစ်​ဖန် အာ​ရုန်​အား​ထာ​ဝ​ရ​ဘု​ရား​က၊ 9-11သင်​နှင့် သင်၏​သား​တို့​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​တတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​သ​မျှ​သော​ပ​ညတ်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ သွန်​သင်​တတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ဝင်​သော​အ​ခါ၊ စ​ပျစ်​ရည်​အ​စ​ရှိ​သော ယစ်​မျိုး​ကို​မ​သောက်​နှင့်။ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။
12မော​ရှေ​သည်​လည်း၊ အာ​ရုန်​နှင့် ကြွင်း​သော​သား​ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ကြွင်း​ကို​ယူ၍ တ​ဆေး​မ​ပါ​ဘဲ ယဇ်​ပ​လ္လင်​နား​မှာ​စား​ကြ​လော့။ အ​လွန်​သန့်​ရှင်း​ပေ၏။ 13ထို​အ​ကြွင်း​သည် ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က သင်​နှင့်​သင်၏​သား​တို့ ခံ​ထိုက်​သော​အ​ဖို့​ဖြစ်၍ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ စား​ရ​ကြ​မည်။ ထို​ပ​ညတ်​တော်​ကို ငါ​ခံ​ရ​ပြီ။ 14ချီ​လွှဲ​သော​ရင်​ပတ်၊ ချီ​မြှောက်​သော​ပ​ခုံး​ကို​ကား၊ သင်​နှင့်​တ​ကွ သင်၏​သား​သ​မီး​တို့​သည် စင်​ကြယ်​သော​အ​ရပ်၌ စား​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပူ​ဇော်​သော​မိတ်​သ​ဟာ​ယ​ယဇ်​ထဲ​က၊ သင်​နှင့်​သင်၏​သား​တို့​သည် ခံ​ထိုက်​သော​အ​ဖို့​ဖြစ်​သ​တည်း။ 15မီး​ဖြင့်​ပူ​ဇော်​သော​ယဇ်​ကောင် ဆီ​ဥ​နှင့်​တ​ကွ၊ ချီ​မြှောက်​ရာ​ပ​ခုံး၊ ချီ​လွှဲ​ရာ​ရင်​ပတ်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ကို ပြု​ခြင်း​ငှာ​ဆောင်​ခဲ့​ရ​ကြ၍၊ ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ သင်​နှင့် သင်၏​သား​တို့​သည် ကိုယ်​အ​ဖို့​ယူ​ရ​ကြ​မည်။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​ပြီ​ဟု ဆို​လေ၏။ 16တစ်​ဖန် မော​ရှေ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော​ဆိတ်​ကို ကြိုး​စား၍ ရှာ​သော်​လည်း​မ​တွေ့။ မီး​ရှို့​နှင့်​ပြီ။ ထို​ကြောင့် ကြွင်း​သော​အာ​ရုန်​သား ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို အ​မျက်​ထွက်​လျက်​ဆို​သည်​ကား၊ 17အ​ပြစ်​ဖြေ​ရာ​ယဇ်​သား​သည် အ​လွန်​သန့်​ရှင်း၏။ သင်​တို့​သည် ပ​ရိ​သတ်​တို့​အ​ပြစ်​ကို​ခံ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စေ​ခြင်း​ငှာ ထို​ယဇ်​သား​ကို​ပေး​တော်​မူ​သည်​ဖြစ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ဘယ်​ကြောင့်​မ​စား​သ​နည်း။ 18ထို​ယဇ်​သား​အ​သွေး​ကို​လည်း သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ မ​သွင်း​ပါ​တ​ကား။ အ​ကယ်၍ ငါ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ ထို​ယဇ်​သား​ကို သန့်​ရှင်း​ရာ​ဌာ​န​တော်၌ စား​ရ​မည်​ဟု​ဆို​လျှင်၊ 19အာ​ရုန်​က၊ ယ​နေ့​သူ​တို့​သည် လူ​များ​တို့​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ပါ​ပြီ။ အ​ကျွန်ုပ်၌ ထို​သို့​သော​အ​မှု​ရောက်​သည်​တွင်၊ ယ​နေ့​အ​ပြစ်​ဖြေ​ရာ ယဇ်​သား​ကို​စား​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​ပါ​မည်​လော​ဟု မော​ရှေ​ကို ပြော​ဆို၏။ 20မော​ရှေ​သည် ထို​စ​ကား​ကို​ကြား​လျှင် ဝန်​ခံ​လေ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ