YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 1

1
မီး​ရှို့​ရာ​ယဇ်
1ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​က အ​သံ​ကို​လွှင့်​လျက် မော​ရှေ​ကို​ခေါ်​တော်​မူ၍၊ 2သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို​ပြု​လို​လျှင်၊ ယဉ်​သော​တိ​ရ​စ္ဆာန်​တည်း​ဟူ​သော နွား၊ သိုး၊ ဆိတ်​ကို​ဆောင်​ခဲ့၍ ဆက်​ရ​မည်။
3နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။ 4ပူ​ဇော်​သော​နွား​၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်​ရ​သ​ဖြင့်၊ သူ၏​အ​ပြစ်​ကို ဖြေ​မည်​အ​ကြောင်း လက်​ခံ​တော်​မူ​မည်။ 5ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ ထို​နွား​ကို​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။ 6ပူ​ဇော်​သော​သူ​သည် ထို​အ​ကောင်၏​အ​ရေ​ကို​ချွတ်၍ အ​ပိုင်း​ပိုင်း​ဖြတ်​ရ​မည်။ 7အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ကို​ထည့်၍ မီး​ပေါ်​မှာ ထင်း​ကို​ခင်း​ပြီး​မှ၊ 8ထင်း​ပေါ်​မှာ ခေါင်း၊ ဆီ​ဥ၊ သား​တစ်​များ​ကို​တင်​ရ​မည်။ 9ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့် အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​ရာ​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။
10သိုး၊ ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ 11ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပ​လ္လင်​မြောက်​ဘက်​နား​မှာ သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။ 12ပူ​ဇော်​သော​သူ​သည် အ​ပိုင်း​ပိုင်း​ဖြတ်၍ ခေါင်း​နှင့် ဆီ​ဥ​ကို​စု​ထား​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​သည်၊ ယဇ်​ပ​လ္လင်​ပေါ်၌​ရှိ​သော ထင်း​မီး​အ​ပေါ်​မှာ​ခင်း​ရ​မည်။ 13ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့်​အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် တစ်​ကောင်​လုံး​ကို​ဆောင်​ခဲ့၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။
14ထာ​ဝ​ရ​ဘု​ရား​အား ငှက်​ကို​မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ ခို​ဖြစ်​စေ၊ ချိုး​က​လေး​ဖြစ်​စေ ဆောင်​ခဲ့၍​ဆက်​ရ​မည်။ 15ယဇ်​ပု​ရော​ဟိတ်​သည်၊ ယဇ်​ပ​လ္လင်​သို့​ဆောင်​ခဲ့၍၊ ခေါင်း​ကို လိမ်​ဖြတ်​ပြီး​လျှင် ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ အ​သွေး​ကို ယဇ်​ပ​လ္လင်​နား​မှာ ညှစ်​ရ​မည်။ 16စ​လုတ်​မှ​စ၍ စ​လုတ်၌​ရှိ​သော​အ​ရာ​ကို ချွတ်​ပြီး​လျှင်၊ ပြာ​စု​ထား​ရာ​အ​ရပ်၊ ယဇ်​ပ​လ္လင်​အ​ရှေ့​ဘက်​နား၌ ပစ်​ထား​ရ​မည်။ 17အ​တောင်​ပါ​လျက်​ငှက်​ကောင်​ကို​ခွဲ​ဖွင့်၍၊ ယဇ်​ပု​ရော​ဟိတ်​သည်၊ ယဇ်​ပ​လ္လင်​ပေါ်၌​ရှိ​သော ထင်း​မီး​အ​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ