YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယုဒ 1:1-25

ရှင်ယုဒ 1:1-25 JBMLE

ယေ​ရှု​ခ​ရစ်၏ ကျွန်​ဖြစ်​သော ယာ​ကုပ်​ညီ ငါ​ယု​ဒ​သည် ခ​မည်း​တော်​ဘု​ရား​သ​ခင် သန့်​ရှင်း​စေ​တော်​မူ၍၊ ယေ​ရှု​ခ​ရစ် ခေါ်​ထား​စောင့်​မ​တော်​မူ​သော သူ​တို့​ကို ကြား​လိုက်​ပါ၏။- သင်​တို့၌ က​ရု​ဏာ​ရှိ​ပါ​စေ​သော။ ငြိမ်​သက်​ခြင်း​နှင့် ချစ်​ခြင်း များ​ပြား​ပါ​စေ​သော။ ချစ်​သူ​တို့၊ အ​ညီ​အ​မျှ​ဆက်​ဆံ​သော ကယ်​တင်​ခြင်း​အ​ကြောင်း​အ​ရာ​ကို သင်​တို့​ထံ​သို့​ရေး၍ ပေး​လိုက်​ခြင်း​ငှာ ငါ​သည် အ​လွန်​ကြိုး​စား​သည်​တွင်၊ သန့်​ရှင်း​သူ​တို့၌ အ​ထက်​က​အပ်​ပေး​ခဲ့​ပြီး​သော ယုံ​ကြည်​ခြင်း တ​ရား​ဘက်​မှာ သင်​တို့​သည် ကြိုး​စား၍​တိုက်​လှန်​စေ​ခြင်း​ငှာ နှိုး​ဆော်​သွေး​ဆောင်၍ ရေး​လိုက်​ရ​သော​အ​ကြောင်း ရှိ၏။- အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ကိ​လေ​သာ၏ ညစ်​ညူး​ခြင်း​အ​လို​ငှာ မှောက်​လှန်​လျက်၊ တစ်​ပါး​တည်း အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​ကို ငြင်း​ပယ်​လျက်၊ အ​ပြစ်​ခံ​စေ​ခြင်း​ငှာ ရှေး​က စီ​ရင်​မှတ်​သား​နှင့်​သော အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် ပ​ရိ​ယာယ်​နှင့် အ​မှတ်​တ​မဲ့​ဝင်​ကြ​ပြီ။- ထို​ကြောင့် သင်​တို့​သည် သိ​နှင့်​သော်​လည်း ငါ​သည် သ​တိ​ပေး၍ ပြော​ချင်​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​လွှတ်​တော်​မူ​ပြီး​လျှင်၊ မ​ယုံ​ကြည်​သော သူ​တို့​ကို တစ်​ဖန် ဖျက်​ဆီး​တော်​မူ၏။- ထို​မှ​တစ်​ပါး၊ မိ​မိ​တို့​အ​ခွင့်​အ​ရာ​ကို မ​စောင့်၊ မိ​မိ​တို့ နေ​ရာ​အ​ရပ်​ကို စွန့်​ပစ်​သော ကောင်း​ကင်​တ​မန်​တို့​ကို၊ ကြီး​စွာ​သော​နေ့၌ စစ်​ကြော​စီ​ရင်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ချည်​နှောင်​ခြင်း​အား​ဖြင့် မှောင်​မိုက်​ထဲ​မှာ ချုပ်​ထား​တော်​မူ၏။- ထို​နည်း​တူ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ ပတ်​ဝန်း​ကျင်၌​ရှိ​သော မြို့​တို့​သည်၊ အ​ထက်​က ဆို​ခဲ့​ပြီး​သော လူ​ဆိုး​ကဲ့​သို့ မ​တ​ရား​သော မေ​ထုန်​ကို​အ​လွန်​ပြု၍ ကိုယ်​ခင်​ပွန်း​မ​ဟုတ်​သော သူ​တို့​နှင့် မှား​ယွင်း​ခြင်း​အ​မှု၌ ကျင်​လည်​သော​ကြောင့်၊ ထာ​ဝ​ရ​မီး​နှင့် ကျွမ်း​လောင်​ခြင်း​ဒဏ်​ကို ခံ​ရ၍ ပုံ​သက်​သေ​ထင်​ရှား​လျက် ရှိ​ကြ၏။ ယ​ခု ယောင်​ယမ်း​သော​အ​ဓ​မ္မ​လူ​တို့​သည်၊ ရှေး​နည်း​တူ မိ​မိ​တို့​ကိုယ်​ကို ညစ်​ညူး​စေ၍၊ အာ​ဏာ​စက်​ကို​ပယ်​လျက်၊ ဘုန်း​တန်​ခိုး​ကြီး​သော​သူ​တို့​ကို ကဲ့​ရဲ့​တတ်​ကြ၏။- ကောင်း​ကင်​တ​မန် မင်း​မိ​က္ခေ​လ​မူ​ကား၊ မော​ရှေ၏ ကိုယ်​ကို အ​ကြောင်း​ပြု၍ မာရ်​နတ်​နှင့် ငြင်း​ခုံ​သော​အ​ခါ၊ ကဲ့​ရဲ့​စွာ​သော ပြစ်​တင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​စေ​သ​တည်း​ဟူ၍ သာ​ပြော​ဆို၏။- ထို​သူ​တို့​မူ​ကား၊ မိ​မိ​တို့​နား​မ​လည်​သော အ​ရာ​များ​ကို ကဲ့​ရဲ့​တတ်​ကြ၏။ တိ​ရ​စ္ဆာန်​ကဲ့​သို့ ပ​က​တိ​အ​တိုင်း မိ​မိ​တို့​နား​လည်​သော အ​ရာ​များ​ဖြင့် မိ​မိ​တို့​ကို ပုပ်​ပျက်​စေ​တတ်​ကြ၏။- သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​နောက်​သို့ လိုက်​ကြ၏။ အ​ခ​ကို​ရ​ခြင်း​ငှာ ဗာ​လမ်​မှား​ယွင်း​သ​ကဲ့​သို့ အ​လွန်​မှား​ယွင်း​ခြင်း ရှိ​ကြ၏။ ကော​ရ၏​ငြင်း​ခုံ​ခြင်း​အ​ပြစ်​နှင့် ဖျက်​ဆီး​ခြင်း​သို့ ရောက်​ကြ၏။- မေ​တ္တာ​ပွဲ​လုပ်၍ သင်​တို့​နှင့်​အ​တူ စား​သောက်​သော​အ​ခါ အား​မ​နာ​ဘဲ၊ မိ​မိ​တို့​ကို​ဝ​စွာ​ကျွေး၍ ပွဲ၌ အ​စွန်း​အ​ကွက်​ဖြစ်​ကြ၏။ ရေ​မ​ရှိ၊ လေ​တိုက်၍​လွင့်​သော မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ ညှိုး​နွမ်း၍ အ​သီး​မ​တင်၊ နှစ်​ကြိမ်​သေ၍ နုတ်​ပစ်​သော သစ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊- မိ​မိ​ရှက်​ခြင်း​အ​ကြောင်း​ကို ပွက်​စေ​တတ်​သော လှိုင်း​တံ​ပိုး​ရိုင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြယ်​ပျံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ကြယ်​ပျံ​တို့​အ​ဖို့ တစ်​ခဲ​နက်​သော ထာ​ဝ​ရ​မှောင်​မိုက်​ကို သို​ထား​လျက်​ရှိ၏။ အာ​ဒံ​မှ​ဆင်း​သက်၍ ခု​နစ်​ဆက်​မြောက်​သော​သူ ဧ​နောက်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​သူ​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၍၊ မ​တ​ရား​သော​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​သော အ​ဓ​မ္မ​အ​မှု​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​လူ​ဆိုး​တို့​သည် ဘု​ရား​သ​ခင်​ကို ပြစ်​မှား၍​ပြော​သော ကြမ်း​တမ်း​သော စ​ကား​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို​လည်း​ကောင်း ဖော်​ပြ​ခြင်း​ငှာ၊ အ​တိုင်း​မ​သိ များ​စွာ​သော မိ​မိ​သန့်​ရှင်း​သူ​တို့​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​လိမ့်​မည်​ဟု ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လေ၏။- ထို​သူ​တို့​သည် မြည်​တမ်း၍ အ​ပြစ်​တင်​တတ်​သော​သူ၊ ကိုယ်​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​တတ်​သော​သူ၊ ထောင်​လွှား​သော စ​ကား​ကို ပြော​တတ်​သော​သူ၊ ကိုယ်​အ​ကျိုး​စီး​ပွား​ကြောင့် သူ့​မျက်​နှာ​ကို ထောက်​ထား ခန့်​ညား​တတ်​သော​သူ ဖြစ်​ကြ၏။ ချစ်​သူ​တို့၊ နောက်​ဆုံး​သော​ကာ​လ၌၊ မိ​မိ​တို့​မ​တ​ရား​သော တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​နေ၍၊ ပြက်​ရယ်​ပြု​တတ်​သော သူ​တို့​သည် ပေါ်​ကြ​လိမ့်​မည်​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​တို့​သည် ဟော​ပြော​နှင့်​သော စ​ကား​များ​ကို အောက်​မေ့​ကြ​လော့။- ထို​သူ​တို့​သည် သင်း​ခွဲ​သော​သူ၊ ဝိ​ညာဉ်​တော်​နှင့် ကင်း​သော ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ၏။ ချစ်​သူ​တို့၊ သင်​တို့​သည် မိ​မိ​တို့​အ​လွန်​သန့်​ရှင်း​သော ယုံ​ကြည်​ခြင်း​အ​ပေါ်​မှာ မိ​မိ​တို့​ကို တည်​ဆောက်​လျက်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ဆု​တောင်း ပ​တ္ထ​နာ​ပြု​လျက်၊- ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ၌ ကိုယ်​ကို​ကိုယ်​စောင့်​ရှောက်၍ ထာ​ဝ​ရ​အ​သက်​အ​လို​ငှာ၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ က​ရု​ဏာ​တော်​ကို မျှော်​လ​င့်၍ နေ​ကြ​လော့။- ပိုင်း​ခြား၍​သိ​တတ်​သော ဉာဏ်​ရှိ၍ အ​ချို့​တို့​ကို သ​နား​ကြ​လော့။- ကိုယ်​ကာ​ယ​နှင့် ညစ်​ညူး​စွန်း​ကွက်​သော အ​ဝတ်​ကို​ပင် စက်​ဆုပ်​ရွံ​ရှာ၍ ကြောက်​ရွံ့​ခြင်း​နှင့်​တ​ကွ၊ အ​ချို့​တို့​ကို မီး​ထဲ​မှ ဆယ်​နုတ်​ကယ်​တင်​ကြ​လော့။ ထိ​မိ၍​လဲ​ခြင်း​နှင့် ကင်း​လွတ်​စေ​မည်​အ​ကြောင်း သင်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ပြစ်​မ​ရှိ​ဘဲ ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စုံ​လျက်​ရှိ​သော သင်​တို့​ကို ဘုန်း​အ​သ​ရေ​တော်​ရှေ့၌ ဆက်​သ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​တော်​မူ​သော သူ​တည်း​ဟူ​သော၊- ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်၊ ယ​ခု​မှ​စ၍ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​နှင့် အ​စွမ်း​သ​တ္တိ​အာ​ဏာ​စက် ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ယု​ဒ​ဩ​ဝါ​ဒ​စာ​ပြီး၏။