YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 8

8
အာ​ဣ​မြို့​ကို​အောင်​မြင်​ခြင်း
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သင်၌​ပါ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​ကို​ခေါ်၍ အာ​ဣ​မြို့​သို့ ထ​သွား​လော့။ အာ​ဣ​မင်း​ကြီး​နှင့် သူ့​လူ​များ၊ သူ့​မြို့၊ သူ့​မြေ​ကို သင့်​လက်၌​ငါ​အပ်​မည်။ 2ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​အား​ပြု​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့်​မင်း​ကြီး​အား ပြု​ရ​မည်။ သို့​ရာ​တွင် လု​ယူ​သော​ဥ​စ္စာ၊ တိ​ရ​စ္ဆာန်​များ​ကို ကိုယ်​အ​ဖို့​သိမ်း​ရ​မည်။ မြို့​နောက်​မှာ ကင်း​တပ်​ကို​ထား​ရ​မည်​ဟု ယော​ရှု​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ 3ယော​ရှု​နှင့် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် အာ​ဣ​မြို့​ကို တိုက်​ခြင်း​ငှာ​ထ​ကြ၏။ ယော​ရှု​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​သုံး​သောင်း​တို့​ကို ရွေး​ချယ်၍ ည​အ​ခါ​စေ​လွှတ်​လျက်၊ 4သင်​တို့​သည် ထို​မြို့​ကို​တိုက်​ခြင်း​ငှာ မြို့​နောက်​မှာ ကင်း​ထိုး​လျက်​နေ​ကြ​လော့။ မြို့​နှင့်​ဝေး​ဝေး​ခွာ၍ မ​သွား​ကြ​နှင့်။ တ​ညီ​တ​ညွတ်​တည်း အ​သင့်​နေ​ကြ​လော့။ 5ငါ​နှင့်​တ​ကွ ငါ၌​ပါ​သော​သူ​အ​ပေါင်း​တို့​သည် မြို့​အ​နီး​သို့ ချဉ်း​ကပ်​မည်။ သူ​တို့​သည် ယ​မန်​ကဲ့​သို့​တိုက်​ခြင်း​ငှာ ထွက်​လာ​ကြ​သော​အ​ခါ၊ ငါ​တို့​သည် သူ​တို့​ရှေ့​မှာ ပြေး​ရ​ကြ​မည်။ 6သူ​တို့​လည်း​လိုက်​ခြင်း​ငှာ မြို့​ထဲ​က​ထွက်၍၊ မြို့​နှင့် ကွာ​မှန်း​ကို​မ​သိ​ဘဲ ခွာ၍​လိုက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ရှေ့​မှာ ငါ​တို့​သည်​ပြေး​သော​အ​ခါ၊ ယ​မန်​ကဲ့​သို့ ငါ​တို့​ရှေ့​မှာ ပြေး​ကြ​ပြီ​ဟု သူ​တို့​ဆို​ကြ​လိမ့်​မည်။ 7ထို​အ​ခါ သင်​တို့​သည် ကင်း​ထိုး​လျက် နေ​ရာ​အ​ရပ်​မှ​ထ၍ မြို့​ကို​တိုက်​လျှင်၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​လက်၌ အပ်​တော်​မူ​မည်။ 8တိုက်၍​အောင်​သော​အ​ခါ မြို့​ကို​မီး​ရှို့​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ရ​ကြ​မည်။ ထို​သို့ ငါ​ဆင့်​ဆို​သည်​ဟု ထို​သူ​တို့​အား မှာ​ထား​လေ၏။ 9ယော​ရှု​စေ​လွှတ်​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ကင်း​ထိုး​ခြင်း​ငှာ​သွား၍၊ ဗေ​သ​လ​မြို့​နှင့် အာ​ဣ​မြို့​စပ်​ကြား​တွင် အာ​ဣ​မြို့ အ​နောက်​ဘက်​မှာ​နေ​ကြ၏။ ယော​ရှု​သည် ထို​ည​တွင်​လူ​များ​ထဲ​မှာ နေ​သေး၏။ 10နံ​နက်​စော​စော​ထ၍ လူ​များ​တို့​ကို ရေ​တွက်​ပြီး​မှ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​အ​တူ အာ​ဣ​မြို့​သို့ အ​ဦး​ချီ​သွား​လေ၏။ 11ယော​ရှု၌​ပါ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​လိုက်၍ မြို့​အ​နီး​သို့ ရောက်​ပြီး​လျှင်၊ မြို့​မြောက်​ဘက်၌ တပ်​ချ​ကြ၏။ သူ​တို့​နှင့် မြို့​စပ်​ကြား​မှာ ချိုင့်​တစ်​ခု​ရှိ၏။ 12တစ်​ဖန် အာ​ဣ​မြို့​အ​နောက်၊ ထို​မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား​မှာ ကင်း​ထိုး​စေ​ခြင်း​ငှာ လူ​ငါး​ထောင်​ခန့်​မျှ ထား​လေ၏။ 13ထို​သို့​လျှင်၊ မြို့​မြောက်​ဘက်​မှာ ဗိုလ်​ခြေ​အ​ပေါင်း​ခင်း​ကျင်း​လျက်၊ အ​နောက်​ဘက်​မှာ​လည်း ကင်း​ထိုး​လျက်၊ အ​သီး​အ​သီး နေ​ရာ​ကျ​ကြ​သော​အ​ခါ၊ ယော​ရှု​သည် ထို​ည​တွင် ချိုင့်​အ​လယ်​သို့ သွား​လေ၏။ 14ထို​အ​ခြင်း​အ​ရာ​တို့​ကို အာ​ဣ​မင်း​ကြီး​သည်​မြင်​လျှင်၊ မြို့​သား​ယောက်ျား​တို့​သည် စော​စော​ထ၍ အ​လျင်​အ​မြန်​ပြင်​ဆင်​ပြီး​မှ၊ မင်း​ကြီး​သည် လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ၊ ချိန်း​ချက်​သော အ​ချိန်၌ လွင်​ပြင်​သို့ ချီ​သွား​လေ၏။ သို့​ရာ​တွင် မြို့​နောက်​မှာ ကင်း​တပ်​ရှိ​မှန်း​ကို​မ​သိ။ 15ယော​ရှု​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှုံး​ဟန်​ပြု​လျက် တော​လမ်း​ဖြင့် ပြေး​ကြ၏။ 16သူ​တို့​ကို လိုက်​ခြင်း​ငှာ၊ အာ​ဣ​မင်း​ကြီး​သည် မြို့၌​ရှိ​သ​မျှ​သော ယောက်ျား​တို့​ကို နှိုး​ဆော်​ပြီး​လျှင်၊ မြို့​သား​တို့​သည် ယော​ရှု​ကို​လိုက်၍၊ မြို့​နှင့်​ကွာ​မှန်း​မ​သိ ခွာ​သွား​ကြ၏။ 17ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​လိုက်​ဘဲ၊ အာ​ဣ​မြို့​နှင့် ဗေ​သ​လ​မြို့၌ ယောက်ျား​တစ်​ယောက်​မျှ​မ​နေ၊ မြို့​ကို​လှပ်​ထား​လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို လိုက်​ကြ၏။ 18ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​ကိုင်​သော​လှံ​ကို အာ​ဣ​မြို့​သို့​ရွယ်​လော့။ ထို​မြို့​ကို သင့်​လက်​သို့​ငါ​အပ်​မည်​ဟု ယော​ရှု​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် မိ​မိ​ကိုင်​သော​လှံ​ကို ထို​မြို့​သို့​ရွယ်​လေ၏။ 19ရွယ်​သော​အ​ခါ၊ ကင်း​တပ်​သား​တို့​သည် ချက်​ချင်း​ထ၍ အ​လျင်​အ​မြန်​ပြေး​လျက် မြို့​ထဲ​သို့​ဝင်​မိ​လျှင်၊ ကြိုး​စား၍​သိမ်း​ယူ​ပြီး​မှ မီး​ရှို့​ကြ၏။ 20အာ​ဣ​မြို့​သား​တို့​သည် ပြန်​ကြည့်၍၊ မြို့​ကို​လောင်​သော မီး၏​အ​ခိုး​သည် မိုး​ကောင်း​ကင်​သို့ တက်​လျက်​ရှိ​သည်​ကို မြင်​သော​အ​ခါ၊ အ​ဘယ်​အ​ရပ်​ကို​မျှ ပြေး​ခြင်း​ငှာ မ​တတ်​စွမ်း​နိုင်​ကြ။ တော​သို့​ပြေး​သော​သူ​တို့​သည်​လည်း လိုက်​သော​သူ​တို့​ကို ပြန်​လှန်၍ တိုက်​ကြ၏။ 21ကင်း​တပ်​သား​တို့​သည် မြို့​ကို​ရ၍ မြို့၌​မီး​ခိုး​တက်​လျက်​ရှိ​သည်​ကို ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​မြင်​လျှင်၊ တစ်​ဖန်​ပြန်​လှည့်၍ အာ​ဣ​မြို့​သား​တို့​ကို တိုက်​သတ်​ကြ၏။ 22အ​ခြား​သော​သူ​တို့​သည်​လည်း မြို့​ထဲ​က​ထွက်၍ တိုက်​သော​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​ဣ​လူ​တို့​ကို ညှပ်၍​တိုက်​သ​ဖြင့် တစ်​ယောက်​ကို​မျှ​မ​လွှတ် မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ လုပ်​ကြံ​ကြ၏။ 23အာ​ဣ​မင်း​ကြီး​ကို အ​ရှင်​ဖမ်း၍ ယော​ရှု​ထံ​သို့ ဆောင်​ခဲ့​ကြ၏။ 24ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လွင်​ပြင်၌​လည်း​ကောင်း၊ လိုက်​ရှာ​ရာ​တော၌​လည်း​ကောင်း၊ အာ​ဣ​မြို့​သား​အ​ပေါင်း​တို့​ကို​လုပ်​ကြံ၍ ဓား​ဖြင့် အ​ကုန်​အ​စင်​သုတ်​သင်​ပြီး​မှ၊ တစ်​ဖန် မြို့​သို့​ပြန်​လာ၍ ဓား​ဖြင့်​လုပ်​ကြံ​ကြ၏။ 25ထို​နေ့၌ တစ်​သောင်း​နှစ်​ထောင်​ခန့်​မျှ​ရှိ​သော အာ​ဣ​မြို့​သား ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​သည် သေ​ကြ၏။ 26အာ​ဣ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို အ​ကုန်​အ​စင် မ​ဖျက်​ဆီး​မီ​တိုင်​အောင် ယော​ရှု​သည် လှံ​ကိုင်​သော​လက်​ကို မ​သိမ်း​မ​ရုပ်။ 27သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​အား မှာ​ထား​တော်​မူ​သော​စ​ကား​အ​တိုင်း၊ တိ​ရ​စ္ဆာန်​များ​နှင့် လက်​ရ​ဥ​စ္စာ​များ​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​အ​ဖို့ သိမ်း​ယူ​ကြ၏။ 28ယော​ရှု​သည်​လည်း အာ​ဣ​မြို့​ကို​မီး​ရှို့၍၊ ယ​နေ့​တိုင်​အောင် ထာ​ဝ​ရ​ဖျက်​ဆီး​ရာ အ​မှိုက်​ပုံ​ဖြစ်​စေ၏။ 29အာ​ဣ​မင်း​ကြီး​ကို ညဉ့်​ဦး​တိုင်​အောင် သစ်​ပင်​တွင်​ဆွဲ​ထား၍၊ မိုး​ချုပ်​သော​အ​ခါ၊ ယော​ရှု​စီ​ရင်​သည်​အ​တိုင်း၊ အ​သေ​ကောင်​ကို သစ်​ပင်​က​ချ​ပြီး​လျှင် မြို့​တံ​ခါး​ဝ၌​ပစ်​ထား၍၊ အ​သေ​ကောင်​အ​ပေါ်၌ များ​စွာ​သော ကျောက်​တို့​ကို စု​ပုံ​ကြ၏။ ထို​ကျောက်​ပုံ​သည် ယ​နေ့​တိုင်​အောင်​ရှိ၏။
ဧ​ဗ​လ​တောင်​ပေါ်
30ထို​အ​ခါ ယော​ရှု​သည်၊ ဧ​ဗ​လ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။#တ​ရား၊ ၂၇:၂-၈။ 31ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မှာ​ထား၍ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း၌ ရေး​မှတ်​လျက်​ရှိ​သည်​အ​တိုင်း၊ သံ​တန်​ဆာ​မ​ပါ​မ​သုံး​ဘဲ မ​ကွဲ​မ​ပြတ်​သော​ကျောက်​တို့​ဖြင့် ယဇ်​ပ​လ္လင်​ကို​တည်၍၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။#ထွ၊ ၂၀:၂၅။ 32ယော​ရှု​သည်​လည်း၊ ထို​ကျောက်​ပေါ်၌ မော​ရှေ၏​ပ​ညတ်​တ​ရား​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ရေး​ကူး​လေ၏။ 33ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကောင်း​ချီး​ပေး​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး၊ ဗိုလ်​မင်း၊ တ​ရား​သူ​ကြီး​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​ထမ်း​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​နှစ်​ဖက်၌ ရပ်၍၊ အ​မျိုး​သား​စစ်​နှင့် တစ်​ကျွန်း​နိုင်​ငံ​သား​ပါ​လျက်၊ ဂေ​ရ​ဇိမ်​တောင်​ပေါ်​မှာ လူ​တစ်​ဝက်၊ ဧ​ဗ​လ​တောင်​ပေါ်​မှာ တစ်​ဝက်​တို့​သည် နေ​ကြ​လျှင်၊ 34ပ​ည​တ္တိ​ကျမ်း၌ ရေး​ထား​သ​မျှ​သော​ကောင်း​ချီး​မင်္ဂ​လာ​စ​ကား​နှင့် ကျိန်​ခြင်း​အ​မင်္ဂ​လာ​စ​ကား​တည်း​ဟူ​သော တ​ရား​စ​ကား​အ​လုံး​စုံ​တို့​ကို ဖတ်​ရွတ်​လေ၏။ 35ယော​ရှု​သည် မော​ရှေ​မှာ​ထား​သော စ​ကား​တစ်​ခွန်း​ကို​မျှ မ​ချန်​မ​ထား၊ မိန်း​မ၊ သူ​ငယ်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ပါ​သော ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိသတ်​အ​ပေါင်း​တို့​ရှေ့​မှာ အ​ကုန်​အ​စင်​ဖတ်​ရွတ်​လေ၏။#တ​ရား၊ ၁၁:၂၉။ ၂၇:၁၁-၂၄။

လက်ရှိရွေးချယ်ထားမှု

ယောရှု 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ