YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 5:1-9

ယောရှု 5:1-9 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကူး​စေ​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို၊ ယော်​ဒန်​မြစ် အ​နောက်​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း၊ ပင်​လယ်​နား​မှာ​နေ​သော ခါ​န​နိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကြား​သိ​သော​အ​ခါ၊ ရဲ​ရင့်​ခြင်း​သ​တ္တိ​အ​လျှင်း​မ​ကြွင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့် စိတ်​ပျက်​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​ကို​ခေါ်၍၊ သင်​သည် ကျောက်​ဓား​များ​ကို​လုပ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို တစ်​ဖန်​ပေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် ကျောက်​ဓား​များ​ကို​လုပ်၍ ဂိ​ဘာ​ရာ​လုတ်​အ​ရပ်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​လေ၏။ ထို​သို့ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော စစ်​သူ​ရဲ​ယောက်ျား​အ​ပေါင်း​တို့​သည် တော၌​သေ​ကြ၏။ ထို​ပြည်​မှ​ထွက်​လာ​သော သူ​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​နှင့်​ကြ​ပြီ။ တော၌ ခ​ရီး​သွား​ရာ​တွင် ဖွား​မြင်​သော​သူ​အ​ပေါင်း​တို့​မူ​ကား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို မ​ခံ​ရ​ကြ​သေး။ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ၍၊ မ​သေ​မ​ပျောက်​မီ​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌ လှည့်​လည်​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​ကို ထို​သူ​တို့​သည် မ​မြင်​ရ​ကြ​ဟု ကျိန်​ဆို​တော်​မူ၏။ သူ​တို့​ကိုယ်​စား​ဖြစ်​စေ​တော်​မူ​သော သူ​တို့၏​သား​များ​တို့​သည်၊ လမ်း၌ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို မ​ခံ​ရ​သေး​သော​ကြောင့် ယော​ရှု​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ပေး​လေ၏။ လူ​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ပြီး​မှ၊ အ​နာ​မ​ပျောက်​မီ​တိုင်​အောင် တပ်​ထဲ၌ နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ကို သင်​တို့​မှ ယ​နေ့ ငါ​ပယ်​ရှင်း​ပြီ​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။ သို့​ဖြစ်၍ ထို​အ​ရပ်​ကို ဂိ​လ​ဂါ​လ​ဟု ယ​နေ့​တိုင်​အောင် ခေါ်​ဝေါ်​သ​တည်း။