YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 23

23
ယော​ရှု​ခွန်​အား​ပေး​စ​ကား
1ထာ​ဝ​ရ​ဘု​ရား​သည် ပတ်​ဝန်း​ကျင်​နေ​သော ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​လွှတ်၍၊ ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ကြာ​မြင့်​စွာ​သော ကာ​လ​ပတ်​လုံး​ပေး​တော်​မူ​ပြီး​မှ၊ ယော​ရှု​သည် အ​သက်​ကြီး၍ အို​မင်း​သော​အ​ခါ၊ 2ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော​သူ​များ​နှင့်​တ​ကွ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ခေါ်​ပြီး​လျှင်၊ ငါ​သည် အ​သက်​ကြီး​ရင့်၍ အို​မင်း​ပြီ။ 3သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက် ဤ​လူ​မျိုး​အ​ပေါင်း​တို့၌ ပြု​တော်​မူ​သ​မျှ​ကို သင်​တို့​သည် သိ​မြင်​ကြ​ပြီ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘက်၌ စစ်​တိုက်​တော်​မူ​ပြီ။ 4ယော်​ဒန်​မြစ်​မှ​စ၍ အ​နောက်​ပင်​လယ်​ကြီး​တိုင်​အောင်၊ ငါ​ပယ်​ရှင်း​သ​မျှ​သော လူ​မျိုး​တို့​နှင့်​တ​ကွ ကြွင်း​သေး​သော ဤ​လူ​မျိုး​နေ​သော​ပြည်​ကို သင်​တို့​အ​မျိုး​များ အ​မွေ​ခံ​စ​ရာ​ဖို့ စာ​ရေး​တံ​ချ၍ ငါ​ဝေ​ဖန်​ပြီ။ 5သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ဤ​လူ​မျိုး​တို့​ကို နှင်​ထုတ်၍ သင်​တို့​မ​မြင်​ရ​အောင် သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့၏​မြေ​ကို သင်​တို့​သည် အ​ပိုင်​ရ​ကြ​လိမ့်​မည်။ 6သို့​ဖြစ်၍ သင်​တို့​သည် မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​လမ်း​မှ လက်​ယာ​ဘက် ဘက်​ဝဲ​ဘက်​သို့​မ​လွှဲ​ဘဲ၊ ပါ​သ​မျှ​အ​တိုင်း ကျင့်​စောင့်​ခြင်း​ငှာ​လည်း​ကောင်း၊ 7သင်​တို့​တွင် ကြွင်း​သေး​သော ဤ​လူ​မျိုး​နှင့် မ​ပေါင်း​ဖော်၊ သူ​တို့​ဘု​ရား၏​နာ​မ​ကို မြွက်၍ မ​ကျိန်​ဆို၊ ဝတ်​မ​ပြု​ဦး​မ​ညွှတ်​ဘဲ၊ 8ယ​နေ့​တိုင်​အောင်​ကျင့်​သ​ကဲ့​သို့၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၌ ဆည်း​ကပ်​မှီ​ဝဲ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လွန်​ရဲ​ရင့်​သော​စိတ်​ရှိ​ကြ​လော့။ 9အ​ကြောင်း​မူ​ကား၊ ကြီး​မား၍​ခွန်​အား​နှင့်​ပြည့်​စုံ​သော လူ​မျိုး​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သ​ဖြင့်၊ ယ​နေ့​တိုင်​အောင် သင်​တို့​ရှေ့၌ အ​ဘယ်​သူ​မျှ​မ​ရပ်​နိုင်။ 10သင်​တို့​တစ်​ယောက်​သော်​လည်း အ​ခြား​သော​သူ​တစ်​ထောင်​ကို ပြေး​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့​ဘက်၌ စစ်​တိုက်​တော်​မူ၏။#တ​ရား၊ ၃၂:၃၀၊ ၃:၂၂။ 11သို့​ဖြစ်၍ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​ခြင်း​ငှာ ကိုယ်​စိတ်​နှ​လုံး​ကို သ​တိ​ပြု​ကြ​လော့။
12သို့​မ​ဟုတ် သင်​တို့​သည်​ရွေ့​လျော့၍၊ သင်​တို့​တွင် ကျန်​ကြွင်း​သေး​သော ဤ​လူ​မျိုး​တို့၌ မှီ​ဝဲ​လျက်၊ ထိမ်း​မြား​ပေး​စား၍ ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​ရှိ​လျှင်၊ 13သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နောက်​တစ်​ဖန် ဤ​လူ​မျိုး​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မ​မူ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ကောင်း​မွန်​သော​ဤ​ပြည်၌ သင်​တို့​သည် မ​ပျောက်​မ​ပျက်​မီ​တိုင်​အောင် သူ​တို့​သည် သင်​တို့၌​ကျော့​ကွင်း၊ ထောင်​ချောက်၊ သင်​တို့​နံ​စောင်၌ နှင်​တံ၊ သင်​တို့​မျက်​စိ၌ ဆူး​ဖြစ်​ကြ​လိမ့်​မည်​အ​ကြောင်း​ကို ဧ​ကန်​အ​မှန် သိ​မှတ်​ကြ​လော့။ 14ငါ​သော်​ကား၊ မြေ​သား​အ​ပေါင်း​တို့​သွား​ရာ​လမ်း​သို့ ယ​နေ့​သွား​လု​ပြီ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဖို့ မိန့်​တော်​မူ​သော ကောင်း​ကျိုး​တစ်​စုံ​တစ်​ပါး​မျှ မ​ယုတ်​မ​လျော့၊ အ​ကုန်​အ​စင်​ပြည့်​စုံ​ကြောင်း​ကို သင်​တို့​သည် စိတ်​နှ​လုံး​ထဲ​မှာ သိ​ကြ၏။ 15သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ကောင်း​ကျိုး​အ​ပေါင်း​တို့​သည် သင်​တို့​အ​ပေါ်၌ ရောက်​သ​ကဲ့​သို့၊ ထို​အ​တူ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဤ​ကောင်း​မွန်​သော​ပြည်​မှ သင်​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မ​မူ​မီ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ပေါ်၌ ဘေး​ဥ​ပဒ်​အ​ပေါင်း​တို့​ကို ရောက်​စေ​တော်​မူ​မည်။ 16သင်​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ပြစ်​မှား​လျက်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ထံ​သို့​သွား၍ ဦး​ညွှတ်​ဝတ်​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်၍၊ အ​ရင်​ပေး​တော်​မူ​သော ဤ​ကောင်း​မွန်​သော​ပြည်၌ သင်​တို့​သည် အ​လျင်​အ​မြန်​ပျောက်​ပျက်​ကြ​လိမ့်​မည်​ဟု ဟော​ပြော၏။

လက်ရှိရွေးချယ်ထားမှု

ယောရှု 23: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ